KNDF

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အရပ်သားများကို စစ်ကောင်စီတပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုလုပ်

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အရပ်သားများကို စစ်ကောင်စီတပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုလုပ်

RNA_မတ်(၁၃)၊၂၀၂၃ခုနှစ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နမ်းနှိမ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ဘုန်းတော်ကြီး (၃) ပါးနှင့် အရပ်သား (၂၅) ဦးတို့ကိုစစ်ကောင်စီတပ်သားများကိုပစ်သတ်ခဲ့သည့်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်။ စစ်ကောင်စီတပ်သည် မတ်လ (၁၁) ရက်နေ့က နမ်းနှိမ်ကျေးရွာအနီးကို တိုက်လေယာဉ်ပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာကို ဝင်စီးပြီး ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသူများကို ဖမ်းဆီးကာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသူ (၃၀) ကျော်မှ သေဆုံးရုပ်အလောင်း (၂၈) လောင်းတွေ့ရှိခဲ့သည်ဟု KNDF ကထုတ်ပြန်ထားသည်။ (more…)
Read More
ဒေါသဲရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံး

ဒေါသဲရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံး

RNA_မတ်(၁၁)၊၂၀၂၃ ခုနှစ်။ ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်း ဒေသဲရွာအတွင်း စစ်ကောင်စီတပ်နှင့် KA၊ KNDF ပူးပေါင်းတပ်တို့ ရင်ဆိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံးကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဒေါသဲရွာအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲကို မတ်လ (၁၀) ရက်နေ့က ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။ ဘောလခဲမြို့နယ်၊ ဟွေ့မာကော်နှင့် ဟွေခွန်းမောင်းကျေးရွာအကြား လက်နက်ခဲယမ်းနှင့် ရိက္ခာများသယ်ပို့နေသည့် စစ်ကောင်စီတပ် ခလရ (၅၄) မှ အင်အား (၃၀) ခန့်ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ခွဲမှူး(၁)ဦးအပါအဝင် (၅) ဦးအရှင်ဖမ်းခံရပြီး (၆) ဦးသေဆုံးကြောင်း သိရသည်။ ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဦးစီး၍ ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ် (၅) တပ်ရင်းနှင့် KNDFတို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ အရှင်ဖမ်းမိသူများနှင့်အတူ MA လက်နက်မျိုးစုံ (၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

RNA_ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော စစ်ကောင်စီတပ်စခန်းကို KNDF၊PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ရာလက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။ မယ်စလောင်းတောင်ကုန်းပေါ်ရှိ စစ်ကောင်စီ တပ်စခန်းအား ဇန်နဝါရီလ (၂၀)ရက် ၊ နံနက် (၇း၅၀) မှ (၉) နာရီ (၃၀) မိနစ်ဝန်းကျင်အထိ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး၊ ကျန်တပ်သားနှင့် အရာရှိများ ထွက်ပြေးကြကြောင်း…
Read More
တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ၁ နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦး အရှင်ဖမ်းခံရ

တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ၁ နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦး အရှင်ဖမ်းခံရ

RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။   ကရင်နီ (ကယား) ပြည်နယ်နှင့် အနီးတဝိုက်တွင် KNDF၊ KA နှင့် အခြားမဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၂ ခုနှစ် (၁) နှစ်အတွင်း စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး (၁၁) ဦးအရှင်ဖမ်းခံရကာ (၉၃) ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။   “၂၀၂၂ ခုနှစ်အတွင်း KNDF မှ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖော်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့တန်းတပ်စခန်း အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၉၇) ဦး သေဆုံးခဲ့ပြီး ၊ (၉၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။…
Read More
၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား (၁၆၉၂)ဦး သေဆုံး 

၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား (၁၆၉၂)ဦး သေဆုံး 

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ( ၃၁ )ရက်နေ့အထိ စစ်ကောင်စီတပ်သား (၁၆၉၂) ဦး သေဆုံးခဲ့ကြောင်း PKPF Imformation Centre မှ ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
တိုက်ပွဲအတွင်း ခမရ ၁၀၈ မှ တပ်ခွဲမှူးအဆင့် ကျော်သူထိုက် သေဆုံး 

တိုက်ပွဲအတွင်း ခမရ ၁၀၈ မှ တပ်ခွဲမှူးအဆင့် ကျော်သူထိုက် သေဆုံး 

RNA_ဒီဇင်ဘာ(၅)၊၂၀၂၂ခုနှစ်။ ကယားပြည်( ကရင်နီ)နယ်၊ လွိုင်ကော်မြို့နယ်၊ ပါလောင်းရွာဝန်းကျင်ရှိ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်ကို ဒေသခံ KNDF၊KA၊PDF တို့ပါဝင်သည့် တပ်ပေါင်းစုက တိုက်ခိုက်ရာ စစ်ကောင်စီတပ် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ခမရ၁၀၈ မှ တပ်ခွဲမှူးအဆင့် ကျော်သူထိုက် အပါအဝင် အနည်းဆုံး (၅) ဦး သေဆုံးကြောင်း သိရသည်။ ပါလောင်းရွာဝန်းကျင်ရှိ စစ်ကောင်စီတပ်ကိုဒေသခံ မဟာမိတ်တပ်ဖွဲ့များက နိုဝင်ဘာလ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၉ ရက်တို့တွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြကြောင်း၊ စစ်ကောင်စီတပ်ဘက်က အနည်းဆုံး (၅) ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်က (၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
သေးဆူးလဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ရဲဘော်ဒို ဈာပန ပြုလုပ်

သေးဆူးလဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ရဲဘော်ဒို ဈာပန ပြုလုပ်

RNA_ဒီဇင်ဘာ ( ၃)၊၂၀၂၂ ခုနှစ် ကရင်နီပြည်(ကယား)၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၅) မှ ကျဆုံးခဲ့သည့် ရဲဘော်ဒို ဈာပနအခမ်းအနားကို ဒီဇင်ဘာ (၁) ရက်နေ့က ပြုလုပ်ခဲ့သည်။ ကရင်နီပြည် အမျိုးသားကာကွယ်ရေးတပ်နှင့် ဒေသခံမဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့များက သေးဆူးလဲရွာအနီးဝန်ကျင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် နိုဝင်ဘာလ (၂၉) ရက်နေ့ တိုက်ပွဲတွင် ရဲဘော်ဒို ကျဆုံးခဲ့ရသည်။ (more…)
Read More
စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေတချို့ကို တော်လှန်ရေး တပ်ပေါင်းစုမှ ပြန်လည်ထိန်းချုပ်

စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေတချို့ကို တော်လှန်ရေး တပ်ပေါင်းစုမှ ပြန်လည်ထိန်းချုပ်

RNA_ဒီဇင်ဘာ(၂)၊၂၀၂၂ခုနှစ်။ ကရင်နီ ( ကယား) ပြည်၊ ဒီမော့ဆိုမြို့၊ကုန်းသာကျေးရွာ အတွင်း စစ်ကောင်စီတပ် တပ်စွဲအထိုင်ချနေသည့် ထိန်းချုပ်နယ်မြေအား ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ " ဒီမော့ဆို့မြို့ ၊ကုန်းသာ ကျေးရွာ အတွင်း နယ်မြေ များပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီ တပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်း လင်းရေးများ ပြန်လည်ပြုလုပ်နေခဲ့ပြီ" ဟု ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ကရင်နီပြည်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သေဆုံးမှု ၁၆၁၈ ကျော်ရှိ

ကရင်နီပြည်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သေဆုံးမှု ၁၆၁၈ ကျော်ရှိ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။   မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ် အကြမ်းဖက်အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ) ပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးသူ ၁၆၁၈ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။   ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၆၁၈ ဦး သေဆုံးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု - PKPF ကထုတ်ပြန်ထားသည်။ (more…)
Read More