
Tag: KNDF
-

ကရင်နီပြည်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သေဆုံးမှု ၁၆၁၈ ကျော်ရှိ
RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ် အကြမ်းဖက်အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ) ပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးသူ ၁၆၁၈ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – KNDF_Bo 1- ရဲဘော်များလေ့ကျင့်နေမှု မြင်ကွင်း။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၆၁၈ ဦး သေဆုံးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု – PKPF ကထုတ်ပြန်ထားသည်။ -

စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်
RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ ခုနှစ်။စစ်ဘေးရှောင်များ ခိုလှုံနေမှန်းသိနေသည့် ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက် ၈ နာရီဝန်းကျင်က လက်နက်ကြီးပစ်ခတ်သည့်အတွက် စစ်ဘေးရှောင်အမျိုးသမီး ၂ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ကရင်နီပြည်တွင်း စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များခိုလှုံနေသည့် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၊ ဒုက္ခသည်စခန်းနှင့် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေသည်။၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ (၂၈၂) ဦးနှင့် စစ်ဘေးရှောင်သေဆုံးမှု (၉၇) ဦး သတ်ဖြတ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု (၁၇၃) ကြိမ်ရှိကြောင်း၊ ဘာသာရေးအဆောက် အဦ (၂၇) လုံးနှင့် နေအိမ်အဆောက် အဦ (၁၂၄၇) လုံး ပျက်စီးခဲ့ရပြီး ပြည်သူ (၂၈၀) ဝန်းကျင် ဖမ်းဆီးခံထားရသည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု – PKPF က ထုတ်ပြန်ထားသည်။#RedNewsAgency -

ရိက္ခာပို့သည့် စစ်ကောင်စီတပ် အဖွဲ့ဝင် ၅ ဦးကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်အဆင့်တဦးအပါအဝင် (၃) ဦးသေဆုံး
RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ ခုနှစ်။ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ် ၊ လောပိတမြို့ရှိ စစ်ကောင်စီခြေကုပ်စခန်းကို ရိက္ခာပို့သွားသည့် အရပ်ဝတ်များဖြင့် စစ်ကောင်စီတပ်က အဖွဲ့ဝင် (၅) ဦးကို KNDF B (10) ရဲဘော်များက ယမန်နေ့ ( နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်)က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်အဆင့် တဦးအပါအဝင် ၃ ဦးသေဆုံးသွားကြောင်း သိရသည်။
-

မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ်
RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။
ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသော စစ်ကောင်စီကို ဒေသခံ ပြည်ဟူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (၆) နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ : အလယ်ပိုင်း(၁၁၀၂)တပ်ရင်း ကာလဝါရီတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းနှင့်အတူ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF 1001 ၊ 1007 )၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ နေပြည်တော် PDF၊ KNDF၊ KGZ၊ URF စသည့် မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ ၅ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။
-

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ပြီး မြေမြှပ်ထားခဲ့
RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။
ကရင်နီ (ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလောင်းမြေမြှပ်ထားခဲ့ရာ KNDF -BO 6 ရဲဘော်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
” စခတွေကို ဖထွေးတော်ချင်တဲ့သူတွေက စခကကောင်းပါတယ် ပြန်နေရင်ဘာမှ မဖြစ်ဘူး ငါတို့ကိုတောင် ကော်ဖီတိုက်သေးတယ် ပြောဆိုစည်းရုံးတော့ ရွာသားအနည်းစုက အဟုတ်ထင်ပြီးပြန်နေကြတယ်။ စက်တင်ဘာ ၁၄ ရက်က စခတွေ စစ်ကြောင်းထိုးတော့ KNDF တပ်ရင်းအမှတ်၆ နဲ့ တိုက်ပွဲ ၁နာရီ မိနစ် ၃၀ ကြာ ဖြစ်ပွားခဲ့တယ်။ စခဘက် အထိနာရှိတော့ ရွာအတွင်း မြေလှန်နင်းရှာဖွေရင်း ရွာတွင်းရှိ ပြည်သူနှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ပြန်လည်တူးဖော်တွေ့ရှိချက်အတိုင်း ပြောရရင် လူမဆန်စွာ နှိပ်စက်ပြီး သတ်ဖြတ်ကြောင်း တွေ့ရတယ်။ စခတွေကောင်းကြောင်းပြောပြီး စခနှင့်အတူပြန်နေဖို့ ပြောတဲ့သူတွေ ဘယ်လိုတာဝန်ယူမလဲ” ဟု ဒေသခံ ရဲဘော်တဦးက ပြောကြားထားသည်။

-

မြို့ပြတော်လှန်ရေး တပ်ဦးမှ ရဲဘော်အောင်စာ (ခ) ဘီစိန်ရှို့ မိုးဗြဲတိုက်ပွဲမှာ ကျဆုံး
RNA_စက်တင်ဘာ (၁၂)၊၂၀၂၂ ခုနှစ်။
မိုးဗြဲမြို့တိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေသည့် မြို့ပြတော်လှန်ရေးတပ်ဦး – URF မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့သည် စက်တင်ဘာလ (၁၁) ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့အနီး ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အကျအဆုံးများနေသည့်အတွက် လက်နက်ကြီးပစ်ကူများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တချို့ ဒဏ်ရာရရှိမှုများရှိပြီး ကျဆုံးသူတချို့ရှိကြောင်း သိရသည်။

မြို့ပြတော်လှန်ရေးတပ်ဦး – URF မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့ ကျဆုံးခဲ့ရသည့်အတွက် ယနေ့ ဈာပန အခမ်းအနားပြုလုပ်ခဲ့ကြောင်း၊ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့၏ ရဲရင့်မှုနှင့် တော်လှန်ရေးသစ္စာကို မြဲမြံစွဲဖင့် ရွပ်ရွပ် ချွံချွံတိုက်ပွဲဝင်မှုအား လေးမြတ်စွာ အလေးနီပြုကြောင်း၊ ရဲဘော်၏ တာဝန်များကို ဆက်လက်ထမ်းဆောင်၍ ရဲဘော်ကိုယ်စား တော်လှန်ရေးပန်းတိုင်ကို မမှိတ်မသုံချီတက်အောင်ပွဲဝင်ပါမည်ဟု မြို့ပြတော်လှန်ရေးတပ်ဦး – URF က ကတိသစ္စာပြုထားသည်။
-

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၀) ကျော် သေဆုံး
RNA_စက်တင်ဘာ (၁၁)၊ ၂၀၂၂ခုနှစ်။
မိုးဗြဲမြို့ ၊ ပွဲကုန်း (၃)ရပ်ကွက် ဘုရားကျောင်းဝန်းအနီး (၄)ရက်တိုင်တိုင် တပ်စွဲရန်ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား ယနေ့ နံနက် (၇) နာရီမှစတင်ကာ KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၀) ကျော်သေဆုံးကြောင်း KNDF က ထုတ်ပြန်ထားသည်။

“တိုက်ပွဲအတွင်း သေဆုံးစစ်ကောင်စီတပ်သားများ၏ လက်နက်များအား ကောက်ယူရန် ခက်ခဲခဲ့သောကြောင့် ၎င်းသေဆုံးတပ်အချို့ ကိုင်ဆောင်ခဲ့သော လက်နက်များထဲမှ MA-1 သေနတ် (၁)လတ် ၊ MA-3 သေနတ် (၂)လက် ၊ RPG သီးများ ၊ (၆၀)မမအသီများ ၊ ဆက်သွယ်ရေး အထိုင်စက် (၁)လုံး ၊ ကျည်ဆံများနှင့် အသုံးအဆောင်များကိုသာ သိမ်းဆည်းရခဲ့ပါသည်” ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-

၃ ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံး
RNA_စက်တင်ဘာ ၁၁၊၂၀၂၂ ခုနှစ်။
ရှမ်းပြည်နယ် ( တောင်ပိုင်း) နှင့် ကယား ( ကရင်နီ) ပြည်နယ်အစပ် မိုးဗြဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၃) ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံးကြောင်း မိုးဗြဲ PDF၏ ထုတ်ပြန်ချက်များအရ သိရသည်။

စက်တင်ဘာလ (၈) ရက်နေ့မှစတင်ကာ ဝှါရီဆူးပလိုင်ရွာမှ မိုးဗြဲသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီစစ်သားများကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ တို့မှ ကြားဖြတ်စတင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။
-

ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်စနေ
RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။
အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဘက်ပေါင်းစုံမှ ကရင်နီ ( ကယား) ပြည်မှာ ထိုးစစ်ဆင်နေသည့်အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်။
[embedyt] https://www.youtube.com/watch?v=KBkWT5gziD8[/embedyt]
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ြအတွက် ကျည်လိုအပ်ချက်များရှိကြောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်တွင် အသေအဆုံးများခဲ့ကြောင်း သိရသည်။
Red News Agency
-

ကရင်နီပြည် KNDF BO -1 ရဲဘော်များ ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့
RNA_ဇူလိုင်၁၃၊၂၀၂၂ခုနှစ်။

Photo : Khun John Paul ကရင်နီပြည်တွင် စစ်ကောင်စီတပ်က ဘုရားဝတ်ပြုကျောင်းများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့သည့်အတွက် ပျက်စီးခဲ့ရသော်လည်း KNDF BO-1 ရဲဘော်များ ဇူလိုင် ၁၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ် တောတွင်းစခန်းတနေရာတွင် ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
” အဓမ္မတိုက်ပွဲမှာ ကျွန်တော်တို့ ဓမ္မဘက်တော်သားများက စစ်မိစ္ဆာတွေကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ရန် ဘုရားသခင်သည် ကျွန်တော့်တို့နဲ့အတူအစဉ်အမြဲရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ ထာ၀ရအသက်ချမ်းသာပေးတော်မူသော ကိုယ်တော်ရှင်အဖဘုရားသခင်ထံ လိုရာကျေဇူးတောင်းလျှောက်ရင်း အမှန်တရားအတွက်၊ လှပသောအနာဂတ် အေးချမ်းသောနိုင်ငံ ဖြစ်ဖို့ရန်အတွက် ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ဒီတိုက်ပွဲအောင်မြင်သည့်တိုင် အတူတကွ ဆက်လက်တွန်းလှန်သွားကြရအောင်” ဟု KNDF BO-1 မှ ရဲဘော် Khun John Paul က ပြောကြားထားသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်တို့ရှိ ဘာသာရေးအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြောင်း၊ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ် စသည်တို့တွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့အထိ ဘာသာရေး အဆောက်အအုံ ၂၁ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
Red News Agency








