ဒေါသဲရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံး

RNA_မတ်(၁၁)၊၂၀၂၃ ခုနှစ်။

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်း ဒေသဲရွာအတွင်း စစ်ကောင်စီတပ်နှင့် KA၊ KNDF ပူးပေါင်းတပ်တို့ ရင်ဆိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံးကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဒေါသဲရွာအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲကို မတ်လ (၁၀) ရက်နေ့က ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဘောလခဲစစ်ဗျူဟာမှ အင်အား(၇၀)ခန့်ရှိ စစ်ကြောင်းသည် မတ်လ (၇) ရကါနေ့က ဒေါတမကြီးအုပ်စုသို့ ဦးတည်လျက်ထိုးစစ်ဆင်လာပြီး လမ်းတွင်တွေ့ရှိသည့် တောင်ယာခင်းနှင့် တောင်ယာတဲအတွင်းတွေ့ရှိသည့် လူကြီး၊ လူငယ်အမျိုးသမီး အပါအဝင်(၁၄)ဦးကို လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့ရာ အမျိုးသမီးတဦးနှင့် ကလေးငယ်တဦးသာပြန်လွှတ်ပေးပြီး အမျိုးသား (၁၁) ဦးကို ယနေ့ထိ ဖမ်းဆီးထားကြောင်း သိရသည်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူ (၁၅၀၀၀) ကျော် စစ်ဘေးရှောင်နေကြရကြောင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းများကို ‌ဒေသခံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

#RedNewsAgency

By Editor