96 Soldiers-PDF အညာဒေသတပ်ခွဲ

မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

မြို့သိမ်းတိုက်ပွဲပြန် 96 Soldiers-PDF အညာဒေသတပ်ခွဲ ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်မဟာမိတ်များနှင့်အတူ မြို့သိမ်းတိုက်ပွဲဝင် 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်များ မိခင်တပ်ရင်းထံ ယနေ့ ပြန်ရောက်ရာတွင် ဒေသခံပြည်သူများက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်တစ်ဦး တပ်ခွဲမှူး ရဲဘော် ၁၀ ( ၁၀ ဆိုသည်မှာ ရဲဘော်၏အမည်) ကျဆုံးပြီး ရဲဘော် ၄ ဦးထိခိုက်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များထဲမှ (၂)ဦးသည် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည်ဟု 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ထုတ်ပြန်ထားသည်။ (more…)
Read More