လက်နက်ကိုင်တော်လှန်ရေး (၅) နှစ်အတွင်း ရောက်လာသည့်တိုင် လက်လုပ်များကို အားကိုးနေရသော တပ်ဖွဲ့များရှိနေ

RNA_မေ(၁၈)၊၂၀၂၅ခုနှစ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲလာခဲ့ရာ (၅) နှစ်အတွင်း ဝင်ရောက်နေပြီဖြစ်သော်လည်း တချို့သော တော်လှန်သောအဖွဲ့အစည်းများမှာ လက်လုပ်များကိုသာ အားကိုးနေကြသည်ကို မြင်တွေ့နေရသည်။

အညာဒေသအခြေစိုက် NUG/MOD လက်အောက်ခံ PDF များသည်ပင် လက်နက်မပြည့်စုံသည့်အတွက် လက်လုပ်များကို တိုက်ပွဲအတွင်း အသုံးပြုနေကြရသည်များရှိကြောင်း၊ MOD လက်အောက်ခံမဟုတ်သော တပ်ဖွဲ့တချို့မှာ ယနေ့အထိ လက်လုပ်သေနတ်၊ မိုင်းစသည်တို့ကို အသုံးပြုနေရသည်ဟု တော်လှန်ရေးတပ်ဖွဲ့တချို့က ပြောပြထားသည်။

ဇင်ယော်နီ ပြောက်ကျားတပ်ဖွဲ့သည် MOD လက်အောက်ခံမဟုတ်သော အညာဒေသအတွင်းမှ ရရာလက်နက်ဖြင့် စစ်ကောင်စီတပ်အား ဒေသတွင်း မဟာမိတ်များဖြင့် ပူးပေါင်းကာ တော်လှန်နေသော အဖွဲ့တစ်ခုဖြစ်ကြောင်း၊ ယခု ရုပ်သံသည် ဇင်ယော်နီ ပြောက်ကျားတပ်ဖွဲ့၏ မိုင်းသီးများထုတ်လုပ်နေမှုမြင်ကွင်းဖြစ်သည်။

#RedNewsAgency #RNA #RedNews

By RNA Editor