Tag: အညာဒေသ

  • နွေဦးသူရဲကောင်းများ ထွန်းကားရာ အညာလွင်ပြင်

    နွေဦးသူရဲကောင်းများ ထွန်းကားရာ အညာလွင်ပြင်

    အညာတော်လှန်ရေးစစ်သည်တွေဟာ နယ်မြေအနေအထားနဲ့ လက်နက်အင်အား စစ်ကောင်စီ လောက်အားမကောင်းပေမယ့် အလယ်ပိုင်းလွင်ပြင်မှာ အာဏာရူး မင်းအောင်လှိုင်တို့အုပ်စုကို တစ်ပြုတ်ပြုတ် အမှည့်ချွေနိုင်အောင် လှုပ်ရှားနိုင်သည့် ရဲရင့်သော စစ်သည်တော်တွေ ဖြစ်လာကြပါသည်။ ဒီတစ်ခေါက် အညာမြေ၏ တော်လှန်ရေးကတော့ သီပေါမင်းပါတော်မူချိန် အုံးကြွမူတွေလို မင်းလောင်းထမှုသက်သက် မဟုတ်ဘဲ စစ်အာဏာသိမ်းမှုဆန့်ကျင်တာကို ဖြိုခွင်းပုံကြမ်းတမ်းရာမှ အညာလူငယ်များခံပြင်းဒေါသစိတ် ကြောင့် ထကြွလာတာဖြစ်ပါတယ်။ သူတို့ဆုံးရှုံးပေးဆပ်လိုက်ရသည့် သွေးကြွေးတွေကို ပြန်လည်ရယူရန်၊ အဖိနှိပ်ခံ စစ်ကျွန်ဘဝမှလွတ်မြောက်ရန် ရုန်းထလာခြင်းဖြစ်ပါသည်။

    လင်းယုန်

    အညာမြေ၏ ရာသီဥတုသည် ပူလောင်အိုက်စက်လွန်းပါသည်။ မိုးရာသီတွင်း၌ပင် မိုးကား တော်ရုံနှင့်မရွာ။ အညာ၏အပူကိုမိုးက မအံတုနိုင်ရှာ။ အညာဒေသသည် သစ်ရိပ် ဝါးရိပ်ရှားပါးပြီး အများအားဖြင့် ထန်းပင်၊ ထနောင်းပင်များ၊ တမာပင်များသာ ပေါက် ရောက်တတ်သည့် ဒေသဖြစ်သည်။ ထိုအထဲမှ စစ်ဘီးလူးတို့၏ရှို့မီးများကား အညာမြေ တစ်ပြင်လုံးဟုန်းဟုန်းတောက်လျှက်ရှိသည်။ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးခြင်း ဟူသော သောကပရိဒေဝအပူများ၊ ကြိတ်မနိုင်ခဲမရ ခံပြင်းရသော အပူများကား အပူတကာအပူဆုံး ဖြစ်ပေလိမ့်မည်။

    ယခင်က စစ်အုပ်စုများ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးစုများကြားတွင် ကျင့်သုံး လေ့ရှိသည့် ရိက္ခာဖြတ်၊ ဘဏ္ဍာငွေဖြတ်၊ သတင်းအဆက်အသွယ်ဖြတ်၊ လူထုနှင့်အဆက်အသွယ်ဖြတ်၊ ဖြတ်လေး ဖြတ်ဟုခေါ်သည့် အကုန်သတ်၊ အကုန်ဖြတ်၊ အကုန်မီးရှို့ စသည့် ရက်စက်မှုပေါင်းစုံဖြင့် အညာဒေသအပေါ် ကျင့်သုံးလာပါသည်။ တိုက်လေယာဉ်များအသုံးပြုပြီး အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များအပေါ်ဗုံးကြဲမီးရှို့၊ အရွယ်မရောက် သေးသည့်ကလေးသူငယ်များကို သတ်ဖြတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်၊ ကျွဲနွား တိရိစ္ဆာန်များကိုပင် ရည်ရွယ်ချက်ရှိရှိ မီးရှို့သတ်ဖြတ်၊ နာတာရှည်ရောဂါ ခံစားနေရသည့်လူနာများ၏ ဆေးကုသရန်စုဆောင်းထားသော ငွေကြေးများကို အဓမ္မလုယူခြင်းစသည့် ရက်စက်မှုအပေါင်းသရဖူဆောင်း ပြုမူကျူးလွန်လာကြပါသည်။

    စစ်အာဏာမသိမ်းခင်နှစ်များတွင် ဒေသရာသီဥတုပူပြင်းသော်လည်း အညာသူ အညာသားတွေမှာ အပူနည်းသည်။ အရပ်သားအစိုးရ NLD ကိုမဲပေးရွေးချယ်ခဲ့သော အညာသူ အညာသားတို့သည် ၎င်းအစိုးရ လက်ထက်တွင် မျှော်လင့်ချက်တချို့ထင်ပေါ်လာသည်။ လမ်းတွေကောင်းလာသည်။ လျှပ်စစ်မီးတွေရလာသည်။ ပညာရေးအတွက်ပူစရာမရှိချေ။ ရောင့်ရဲတင်းတိမ်တတ်သော အညာသူအညာသားများအဖို့ အလုပ်လုပ်သ လောက် ဝင်ငွေရကြသည်။ တစ်ဆယ့်နှစ်လရာသီ အလှူမင်္ဂလာပွဲများနှင့် စည်ကားသည်။ Covid-19 ရောဂါကိုကမ္ဘာတစ်ဝှမ်းလုံးခံစားရပြီးနလံထရန်အားယူကြိုးစားနေချိန်စစ်အုပ်စုကအာဏာသိမ်းလိုက်သည်။သူတို့၏မျှော်လင့်ချက်များရိုက်ချိုးဖျက်စီးခံရသည်။

    (more…)

  • အညာမီးလောင်ပြင်မှ တော်လှန်သင်္ကြန်သံချပ်

    အညာမီးလောင်ပြင်မှ တော်လှန်သင်္ကြန်သံချပ်

    RNA_ဧပြီ(၁၃)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်းအညာတွင် စစ်ကောင်စီတပ်၏ ရွာလုံးကျွတ်မီးရှို့ခံရမှုများမှာ တနိုင်ငံလုံး တကမ္ဘာလုံး သိပြီးဖြစ်သည့်အတိုင်း စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေကြသည်မှာလည်း နေ့စဉ်ဖြစ်သည့်ကြားက ၂၀၂၃ အညာမီးလောင်ပြင်မှ ရဲရဲတောက်သံချပ်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က တင်ဆက်ထားခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=ocvOpQmnQDw[/embedyt]

    Red News Agency

  • စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း

    စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း

    RNA_မတ်(၉)၊၂၀၂၃ ခုနှစ်။

    “သာတူညီမျှမှုနဲ့အတူချီတက် အာဏာရှင်တို့ အဆုံးသတ်” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း မတ်လ (၈) ရက်နေ့က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ပြုလုပ်ခဲ့သည်။

    “အမျိုးသမီးတွေဟာဆိုရင် တော်လှန်ရေးရဲ့နိုင်ရာတာဝန်တွေကို ထမ်းဆောင်နေကြပါတယ်။ အမျိုးသားတွေနဲ့တန်းတူ တော်လှန်ရေးမှာပါဝင်တိုက်ပွဲ ဝင်နေကြတယ်။အမျိုးသမီးများနေ့မှာ တစ်နိုင်ငံလုံးက အမျိုးသမီးတွေ ကျရာနေရာမှာ ပါဝင်နေကြတယ်ဆိုတာကို ပြသသည့်သဘောပါ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်သူတဦးက ပြောသည်။

    (more…)

  • ယနေ့ ဆန္ဒပြပွဲတွင် 96 Soldiers -PDF အညာဒေသတပ်ခွဲ ရဲဘော်များ ပူးပေါင်း

    ယနေ့ ဆန္ဒပြပွဲတွင် 96 Soldiers -PDF အညာဒေသတပ်ခွဲ ရဲဘော်များ ပူးပေါင်း

    RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။

    “ခွင့်တူညီမျှသည့် ပြည်ထောင်စုဆီသို့” ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ယနေ့ ကျရောက်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြုလုပ်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပြည်သူများနှင့်အတူ 96 Soldiers -PDF (အညာဒေသတပ်ခွဲ) ရဲဘော်များ ပူးပေါင်းခဲ့ကြောင်း သိရသည်။

    #RedNewsAgency

  • ပြည်သူကို အားနာတယ်

    ပြည်သူကို အားနာတယ်

    “အညာသူမကြီးက နှစ်ပေါင်းများစွာ စာရင်းငှားလုပ်ပြီး ခြစ်ခြုတ် စုထားတဲ့ နားက နားကပ်လေးကို ချွတ်လှူပြီး နားပေါက်ဟောင်းလောင်းနဲ့လည်း လှကြောင်း သက်သေပြနေတယ်”

    ချစ်ဝင်းမောင်

    ကျနော့်ကို အကိုတစ်ဦးက ပြောဖူးတယ်။ “မောင်ချစ်‌ရေ…အားနာတတ်တာက မကောင်းဘူး။ ဒါပေမဲ့ ကောင်းတယ်တဲ့” ။ ကျနော်က ရှုပ်သွားတယ် အကို။ နည်းနည်း အလင်းပြပါဦးဆိုတော့ အကိုက ဒီလို ဆက်ရှင်းပြတယ်။
    “အားနာတတ်တော့ အခြားသူတွေနဲ့ ယှဉ်ရင် ကိုယ့်ရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေကို ပြောဖို့၊ တောင်းဖို့၊ ရယူဖို့ တွန့်ဆုတ်တတ်တာမို့ အဆင်မပြေဖြစ်တတ်တယ်။ ဒဲ့ပြောရရင် ငတ် တတ်တယ်ကွ။ ဒါပေသိ တစ်ဖက်က ကြည့်ပြန်တော့ အခွင့်အရေးကို မမျှော်ဘဲ အလုပ် လုပ်တတ်တဲ့၊ အကျိုးမျှော်လို့ ညောင်ရေသွန်းတဲ့ စရိုက်တော့ မရှိတော့ဘူးပေါ့ကွာ။
    နောက်တစ်ခုက ဆိုင်/မဆိုင်တော့ မသိဘူးကွာ။ အားနာတတ်တဲ့သူတွေက သူများကျေးဇူးကို မမေ့တတ်ကြဘူးကွ။ ဒါကတော့ ငါ့အတွေ့အကြုံအရ ပြောတာပေါ့။ ဆိုတော့ကွာ… ငါ့ဖို့ မကြည့်တတ်တဲ့သူနဲ့ ကျေးဇူးသိသူ ဖြစ်ဖို့တော့ အားနာတတ်အောင် စိတ်ကို နှလုံးသွင်းကွာ”တဲ့။
  • ညပိုင်းအရေးပေါ် စစ်ဘေးရှောင်နေရ 

    ညပိုင်းအရေးပေါ် စစ်ဘေးရှောင်နေရ 

    စကစ တပ်၏ သတ်ဖြတ်မှုကြောင့် ညပိုင်းအရေးပေါ် စစ်ဘေးရှောင်နေရ

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှ ဒေသခံပြည်သူများကို သတ်ဖြတ် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့်အတွက် ဒေသခံပြည်သူများ ညပိုင်း ‌စစ်ဘေးရှောင်နေကြရသည်။

    ” အညာဒေသက ပြည်သူတွေဟာ အကြမ်းဖက်စစ်ခွေးတွေရဲ့ ရွာတွေကိုမီးရှို့မှုတွေ လူတွေကိုဖမ်းဆီးသက်မှုတွေကြောင့် ညအချိန်ကြီး စစ်ရှောင်နေကြသောမြင်ကွင်းပါ” ဟု 96 Soldiers -PDF အညာဒေသတပ်ခွဲက ရုပ်သံနှင့်တကွ အသိပေးထားသည်။

    [embedyt] https://www.youtube.com/watch?v=J6Em2qqMkNY[/embedyt]

    ယခုရက်ပိုင်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ဝက်လပ်မြို့နယ်မှာ ထိုးစစ်ဆင်နေပြီး နေသခံ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာများကို ဝင်စီးကာ နေအိမ် အဆောက်အဦများကို မီးရှို့ပြီး တွေ့ရှိပြီး ဖမ်းဆီးရမိသည့် ပြည်သူများကို သတ်ဖြတ်နေကြောင်း သိရသည်။

    စစ်ကောင်စီတပ်သည် အောက်တိုဘာလအတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် နေအိမ် အဆောက် အဦ ၁၅၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ရာ စစ်ကိုင်း တိုင်းမှာ ၁၁၂၄ လုံးထက်မနည်း၊ မကွေးတိုင်းမှာ ၃၇၁ လုံးထက်မနည်း ရှိခဲ့ကြောင်း၊ စစ်တပ်အာဏာ သိမ်းပြီးနောက် အောက်တိုဘာလအထိ စစ်ကိုင်းတိုင်းတွင် စစ်ဘေးဒုက္ခသည် ၆ သိန်းကျော်ရှိကြောင်း ISP – Myanmar ၏ အချက်အလက်များအရ သိရသည်။

    Red News Agency

  • စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာကို မီးလောင်တိုက်သွင်း

    စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာကို မီးလောင်တိုက်သွင်း

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကိုဝင်စီးစဉ် ပြည်သူများကို သတ်ဖြတ်ပြီး လေဖြတ်နေသည့် ပြည်သူတဦးနှင့် ကျေးရွာကို မီးရှို့သွားကြောင်း သိရသည်။

    ဝက်လက်မြို့နယ် တောင်ဘက်ခြမ်း ကျေးရွာများအတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့နှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ နိုဝင်ဘာလ (၁၃) ရက်နေ့က ထန်းကြီးကျေးရွာဝင်စီးစဉ် ဒေသခံပြည်သူ အနည်းဆုံး (၅) ဦးကို သတ်ဖြတ်ပြီး ကျေးရွာကို မီးရှို့သွားခဲ့သည်။

    (more…)