Tag: မကွေးထောင်

  • အပြောင်းအလဲအတွက် တိုက်ယူမှရလိမ့်မည်

    အပြောင်းအလဲအတွက် တိုက်ယူမှရလိမ့်မည်

    RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။
     
    မကွေးထောင်ကိုသာ ဖောက်နိုင်ခဲ့ပါက တော်လှန်ရေးအပြောင်းအလဲ အဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ရဲဘော်ထူးလေးကပြော Red News Agency နှင့်အင်တာဗျူးတွင် ပြောပြထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
     
    “ကျွန်တော်တို့နိုင်မှလွတ်တာထက် ကျွန်တော်တို့လွတ်အောင်လုပ်နိုင်လို့ရှိရင် သူတို့မြန်မြန်ပိုပြီး လွတ်မြောက်လိမ့်မယ်လို့ကျွန်တော်ကခံယူတယ်။ တစ်ချို့ကပြောကြတယ် ငါတို့နိုင်မှအတွင်းထဲကလူတွေကလွတ်မှာ အဲဒီဟာကလည်း ကျွန်တော်တို့ တိုက်ယူမှရလိမ့်မယ် ကျွန်တော်တို့ လုပ်မှရလိမ့်မယ်။ ကျွန်တော်တို့လုပ်ယူမှလည်း ကျွန်တော်တို့တိုက်ယူမှလည်း လွတ်မှာဖြစ်တယ်” ဟု ရဲဘော်ထူးလေးက ပြောသည်။

    (more…)

  • မကွေးထောင် တိုက်ခိုက်ခံရပြီးနောက် ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ မတရားနှိပ်စက်ခံနေရ

    မကွေးထောင် တိုက်ခိုက်ခံရပြီးနောက် ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ မတရားနှိပ်စက်ခံနေရ

    RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။

    မကွေးဗဟိုအကျဉ်းထောင် (ဒေါင်းနေထောင်) တိုက်ခိုက်ခံရပြီးနောက် အကျဉ်းထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ နှိပ်စက်ခံရမှုများရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

    မကွေးမြို့နှင့် ရေနံချောင်းသွားသည့်လမ်းမဘေးရှိ မကွေးထောင် (ဒေါင်းနေထောင်) နှင့် မျက်နှာချင်းဆိုင် (လမ်းသာခြား)ရှိ စစ်ကောင်စီ၏ အမှတ် (၂၅) ရဲတပ်ရင်းကို ဧပြီလ ၁၃ ရက်နေ့ ညဦးပိုင်းတွင် တိုက်ခိုက်ခံရပြီးနောက် အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ဧပြီလ ၁၄ ရက်နေ့ကတည်းက ပြင်ပအဖွဲ့အစည်းနှင့်အဆက်အသွယ်ရှိသည်ဟု ထောင်အာဏာပိုင်များက ယူဆကာ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ရိုက်နှက်စစ်ဆေးနေခြင်းဖြစ်သည်။

    (more…)