Tag: အကျဉ်းထောင်

  • သာယာဝတီအကျဉ်းထောင်တွင် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရ

    သာယာဝတီအကျဉ်းထောင်တွင် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရ

    RNA_မေ(၂၉)၊၂၀၂၃ ခုနှစ်။
     
    ရန်ကုန်မြို့ အင်းစိန်ထောင်မှ ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရပြီးနောက် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်းသည် သာယာဝတီထောင်အတွင်း ညှင်းပမ်းနှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် မေလ ၂၁ ရက်နေ့က ကျဆုံးသွားခဲ့ကြောင်း သိရသည်။
     
    ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ မဲကြီး(ခေါ်) ကိုပြည့်ဖြိုးဝင်းသည် ကျန်းမာရေးကောင်းမွန်နေသည့်ကြားမှ ယခုလိုသေဆုံးခဲ့ခြင်းကို သာယာဝတီထောင်အဏာပိုင်များက အဆုတ်ပိုးဝင်ပြီး သေဆုံးသည်ဟု မိသားစုကို ပြောကြားထားကြောင်း၊ မိသားစုသည် သာယာဝတီထောင်သို့ မေလ ၂၂ ရက်နေ့က လိုက်သွားခဲ့ရာ ကိုပြည့်ဖြိုးဝင်း၏ ရုပ်အလောင်း မျက်နှာအား မြင်တွေ့ခွင့်ရခဲ့ကြောင်း၊ ထောင်အာဏာပိုင်များက ဆေးရုံတင်ပြီး ၄ ရက်မြောက်မှ သေဆုံးခဲ့သည်ဟု မိသားစုကို အသိပေးခဲ့ကြောင်း ထောင်အာဏာပိုင်နှင့်နီးစပ်သော အသိုင်းအဝန်းမှ သိရသည်။
     
    “ဒီညီလေးက ကျန်းမာရေးအရမ်းကောင်းတာဗျ ထောင်ထဲမှာ အားကစားလည်း လိုက်စားတယ်၊ ရောဂါကြောင့်သေတာမဟုတ်တာ သေချာတယ်၊ နောက်ပြီး ထောင်ဝန်ထမ်းအသိုင်းအဝန်းက ကြားရတာတော့ ဒဏ်ရာတွေနဲ့သေသွားတယ်လို့ ပြောတယ်။ ကျွန်တော်တို့က ထောင်ဝန်ထမ်းမိသားစုတွေနဲ့ ရင်းနှီးနေလို့ ပြန်ကြားရတာပါ၊ မဲကြီးနဲ့က အင်းစိန်မှာလည်း တစ်ခန်းတည်းနေခဲ့တာ သာယာဝတီပြောင်းတော့လည်း အတူတူဆိုတော့ကြားကြားချင်း အရုပ်ကြိုးပြတ်ပါပဲ” ဟု သာယာဝတီထောင်မှလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတဦးက ပြောသည်။

    (more…)

  • ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

    ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

    RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။

    ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ကို စစ်ကောင်စီလက်အောက်ခံ အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ်(၂၂)နှစ်စီ ယနေ့ ချမှတ်ခဲ့ကြောင်း သိရသည်။

     

    (more…)