မြို့သိမ်းတိုက်ပွဲ

၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် သေဆုံးသူများထဲတွင် တပ်မမှူးတဦးပါရှိပြီး ယနေ့အထိ စစ်ကောင်စီစခန်းများ ဆက်လက်သိမ်းပိုက်ခံနေရကြောင်း၊ နမ့်ခမ်းမြို့ကိုလည်း TNLA က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ MNDAA၊ AA နှင့် ပူးပေါင်းတပ်ဖွဲ့များ ကိုးကန့်၊ မုံးကိုး နှင့် မူပန်(သိန္နီ) ဒေသများအတွင်း စစ်ကောင်စီတပ်စခန်း ယမန်နေ့က သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး လက်နက်ကြီးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်း ကွမ်းလုံဒေသရှိ စစ်ကောင်စီ၏ လက်နက်ကြီးစခန်းနှင့် ဗျူဟာကုန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားသည်။ (more…)
Read More
ခမ်းပတ်မြို့ကို တော်လှန်ရေး အင်အားစုများက ယနေ့ အောင်မြင်စွာ သိမ်းပိုက်

ခမ်းပတ်မြို့ကို တော်လှန်ရေး အင်အားစုများက ယနေ့ အောင်မြင်စွာ သိမ်းပိုက်

RNA_နိုတင်ဘာ(၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် KIA၊ PDF၊ ပကဖ နှင့် တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အမှတ် (၁) စစ်ဒေသသည် C3C၏ အစီအစဉ်ဖြင့် KIAစစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ် လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ငါမသေ ငါ့စခန်းမကျစေရဆိုတာ ရှေ့တန်းရောက် စစ်သားတွေ အတွက်တော့

ငါမသေ ငါ့စခန်းမကျစေရဆိုတာ ရှေ့တန်းရောက် စစ်သားတွေ အတွက်တော့

"တပ်စွဲထားတဲ့ တပ်စခန်းတွေအားလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာပါ။ "အစွမ်းအစရှိရင် တမြို့လောက်သိမ်းပြပါလား” ဆိုပြီး လေကျယ်နေတဲ့ စစ်တပ်ထောက်ခံသူတွေကို လက်တွေ့ သိမ်းပြသွားခဲ့တာ" မောင်ဝိ စစ်တပ်အတွင်းမှာ ချမှတ်ထားတဲ့ မူဝါဒ အတော်များများက လိုက်နာနိုင်ရင် အတော်ကောင်းမယ်လို့ ဆိုရပါမယ်။ စစ်တပ်ဝန်းအတွင်း ဝင်လိုက်တာနဲ့ မူဝါဒ ဆိုင်းဘုတ် အသီးသီးကို တွေ့နိုင်ပါတယ်။ "တပ်နေပျော်၍ စစ်တိုက်တော်ရမည်"၊ "ငါမသေငါ့စခန်းမကျစေရ" စသဖြင့်ပေါ့။ ဒါတွေဟာ လူမြင်ကောင်းအောင်လုပ်ထားတဲ့ ဆိုင်းဘုတ် တခုပဲ အဖြစ်သာ မြင်တွေ့ရတော့မှာပါ။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဦးဆောင်ပြီး၊အောက်တိုဘာလ ၂၇ ရက်နေ့စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” အတွင်းမှာဆိုရင် လက်ရှိ စစ်တပ်တွင်းက စစ်သားတွေရဲ့ စစ်ရေးစွမ်းရည်ကို ပိုပြီး မြင်သာစေနိုင်ပါတယ်။…
Read More
ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ်(ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့ကြေညာ

ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ်(ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့ကြေညာ

RNA_နိုဝင်ဘာ(၂)၊၂၀၂၃ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာ ကာလအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ဖြစ်ကြောင်း ညီနောင် မဟာမိတ် (၃) ဖွဲ့က ယနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ထုတ်ပြန်လိုက်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ခဲ့သည့် ညီနောင်မဟာမိတ် (၃)ဖွဲ့ ဦးဆောင်သည့် “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၉၀ ကျော်နှင့် သံချပ်ကာ…
Read More
စစ်ကောင်စီ လက်အောက်ခံ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး နေလင်းအောင်ကို အရှင်ဖမ်းဆီးခံရမိ

စစ်ကောင်စီ လက်အောက်ခံ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး နေလင်းအောင်ကို အရှင်ဖမ်းဆီးခံရမိ

RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။ ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များနှင့် BPLA တို့ပူးတွဲ ထိန်းချုပ်နေရာတစ်ခုသို့ စစ်ကောင်စီ၏ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၃) မှ အင်အား(၇၀)ခန့်ဖြင့် ချဥ်းကပ်လာသဖြင့် တိုက်ပွဲဖြစ်ပြီး ခမရ (၁၃) မှ ၄၀ ကျော်​သေဆုံးကာ ဗိုလ်ကြီးနေလင်းအောင် အပါအဝင် (၃) ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းအခြေစိုက် ခမရ (၁၃) နှင့် ၁ နာရီကြာ တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်​ကောင်စီ လက်အောက်ခံ (၂၀) ကျော်သေဆုံကာ တချို့မှာနီးစပ်ရာ ကျေးရွာများအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ မဟာမိတ်တပ်ဖွဲ့မှ စစ်ကူတချို့ရောက်လာပြီး တပ်ပေါင်းစုကာ ရွာထဲအိမ်များတွင် ပြည်သူများကို…
Read More
သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်

သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်

RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberaion Army - PLA တပ်ရင်းများသည် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ဦးဆောင်မှုဖြင့် အခြားမဟာမိတ်တပ်များ၊ Drone တပ်ဖွဲ့များနှင့်အတူ သိန္နီမြို့ မြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ကာ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဆင်နွှဲလျက်ရှိကြောင်း သိရသည်။ "PLA ဟာ မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအောက်မှာ သိန္နီမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စီးမိထားတယ်။ တောင်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်နေဆဲဖြစ်ပါတယ်” ဟု PLA ကထုတ်ပြန်ထားသည်။ (more…)
Read More
“သိန္နီ” ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ဆက်လက်တိုက်ခိုက်သိမ်းပိုက်

“သိန္နီ” ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ဆက်လက်တိုက်ခိုက်သိမ်းပိုက်

RNA_အောက်တိုဘာ(၇)၊၂၀၂၃ ခုနှစ်။ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်းဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး "Operation 1027" တတိယနေ့ ယနေ့ နံနက် ၁၁ နာရီအထိ သိန္နီ ရဲစခန်းအပါအဝင် စစ်ကောင်စိတပ် စခန်းများကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။ စစ်ဆင်ရေး တတိယနေ့တွင် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်များအတွင်း၌ စစ်ကောင်စီတပ် စခန်းသိမ်း တိုက်ပွဲများကို ပြုလုပ်လျက်ရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ အလောင်းအမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ကန်ပက်လက်မြို့ထိန်းချုပ်နိုင်ရေး CDF-Kanpetlet ကြိုးပမ်းနေ

ကန်ပက်လက်မြို့ထိန်းချုပ်နိုင်ရေး CDF-Kanpetlet ကြိုးပမ်းနေ

RNA_စက်တင်ဘာ(၂၈)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ပြည်သူ ၈၀ ရာခိုင်နှုန်းခန့် စစ်ဘေးရှောင်နေရသည့်အတွက် မြို့ပေါ်ထိန်းချုပ်နိုင်ရေး CDF-Kanpetlet ရဲဘော်များ ကြိုးပမ်းနေကြောင်း သိရသည်။ ကန်ပက်လက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ပညာရေးမှူးရုံးတို့တွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်ကို CDF-Kanpetlet ရဲဘော်များက စက်တင်ဘာလ ၂၇ ရက်နေ့က ၂ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့အထိ ကန်ပက်လက်မြို့ပေါ်တွင် စစ်ရေးတင်းမာနေကြောင်း သိရသည်။ "ကန်ပက်လက်မြို့ပေါ် တိုက်ပွဲတွေစကတည်းက စစ်ဘေးရှောင်ခဲ့ကြတာ မြို့ပေါ်ရဲ့ ၈၀ ရာခိုင်နှုန်း စစ်ဘေးရှောင်နေကြရတယ်။ အခုကတော့ မြို့ပေါ်ကို ပြန်ထိမ်းချုပ်နိုင်ဖို့ ကျနော်တို့ ကြိုးစာချင်တာပါ။ စခန်းသိမ်း Mission နဲ့ ထွေအုပ်ရုံးတိုက်ခိုက်ကြပေမဲ့ လက်နက်ကြီးပစ်ကူလိုအပ်တာကြောင့် ဆုတ်ခွါပေးခဲ့ကြရတာဗျ" ဟု CDF-Kanpetlet မှ…
Read More
ကျေးလက်ကိုသိမ်း မြို့ပြကိုဝိုင်းတော့မလား

ကျေးလက်ကိုသိမ်း မြို့ပြကိုဝိုင်းတော့မလား

ကာကွယ်ရေးတပ်ဖွဲ့ အင်အားစုဖွဲ့မှုတွေ အမိန့်နာခံမှုတွေလည်း တိုးတက်လာပြီး စခန်းသိမ်း မစ်ရှင်များစွာ ဖော်ဆောင်ထားနိုင်တယ် ကျော်ရဲစံ စစ်ကောင်စီရဲ့ အထိနာမှုနဲ့အတူ နိုင်ငံတဝှမ်း ကာကွယ်ရေးအဖွဲ့တွေရဲ့ ထိုးစစ်တွေမြင့်မားလာလျက်ရှိပါတယ်။ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပါဘူး။ လူထုလှုပ်ရှားမှုတွေ အရှိန်ဟုန်မြင့်မားလာခြင်းနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးဟာလည်း အဆင့်တန်း တစ်ခုထက်ပိုပြီးရောက်လာခဲ့တာပါ။ တိုင်းပြည်တစ်ခုလုံးရဲ့ နယ်မြေ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားနိုင်တဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ မြို့ပြ စစ်ဆင်ရေးတွေဟာလည်း နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပါတယ်။ သြဂုတ်လ တစ်လတည်းမှာပင် မိုးကုတ် မြို့ပေါ်ကစခန်းတွေကို ကာကွယ်ရေးအဖွဲ့တွေက အေးဆေးတည်ငြိမ်စွာတိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ Red Wolves Of Mogok က တာဝန်ရှိသူတစ်ဦးက ဖြေကြားထားပြီးတော့ အချိန်မရွေးမြို့ကို သိမ်းနိုင်ပေမဲ့ ပြည်သူတွေစစ်ဘေးဒဏ်ခံရမှာကြောင့် မြို့သိမ်းတိုက်ပွဲ မဆင်နွှဲတာလို့…
Read More