Tag: မြို့သိမ်းတိုက်ပွဲ

  • နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ

    နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ

    RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။

    တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရရှိခဲ့ကြောင်း၊ ရန်သူအလောင်း (၆၀)ကျော်နှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း (၆၄) ဦး ဖမ်းဆီးရမိခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    “လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် (၄) ဖြတ် လုပ်ခြင်းကို ခံနေရ”

    မောင်ဝိ 

    ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ပြည့်ကာနီး ကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ မြို့ကြီးတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေး သိသိသာသာ တိုးတက်လာချိန်ကို အဓိကပြောပါဆိုရင် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်ပဲ မြောက်ပိုင်းမဟာမိတ် () ဖွဲ့က ဦးဆောင်ခဲ့တဲ့ ရှမ်းမြောက်က စစ်ဆင်ရေးကို စစ်ခေါင်းဆောင်ကိုယ်တိုင် ထိတ်လန့်လာတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။ 

    ၁၀၂၇ မစတင်ခင် ၂ ပတ်လောက်အလိုကတည်းကစစ်တပ်အနေနဲ့ စာထုတ်ပြီး သူ့တပ်ရင်းတွေကို အကြောင်းကြားထားခဲ့တာဖြစ်တယ်လို့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာ ပါခဲ့တဲ့ အရာရှိဖြစ်သူထံမှ သိရပါတယ်။ ၁၀၂၇ မစတင်ခင် အောက်တိုဘာ ၇ ရက်နေ့လောက်ကတည်းက လုံထန်ဘက်မှာ တိုက်ပွဲအသေးစားလေးတွေ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မနက် ၂ နာရီလောက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်ကို အရင်ဝင်သိမ်းခဲ့ပါတယ်။ ဒီနောက် ဟိုပန်နဲ့ ချင်းရွှေဟော်က ကားနဲ့ ၂၅ မိနစ်လောက်သွားရတဲ့ ဟိုပန် ဖောင်ဆိပ်စခန်းမှာကလည်း စစ်တပ်က တပ်စွဲထားတဲ့ အင်အား ၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    ၁၀၂၇ စတင်ခဲ့တဲ့ မနက်ပိုင်း ၄ နာရီလောက်မှာ MNDAA နဲ့မဟာမိတ် ပူးပေါင်း အင်အား ၂၀၀၀ ခန့်ဟာ ဟိုပန်တံတားကို ဝင်စီးခဲ့ပါတယ်။ ဒီနောက် ဖောင်ဆိပ် စစ်ကောင်စီ စခန်းကျခဲ့တယ်။ အဲ့အချိန် ဟိုပန်ထဲက တပ်တွေက လက်နက်ကြီး တွေနဲ့ ဖောင်ဆိပ်တံတားဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့်၊ စစ်တပ်ကအင်အားနဲ့ ပြန်တိုက်နိုင်တာမျိုး မရှိခဲ့ပါဘူး။ ဟိုပန်ဖောင်ဆိပ်ကို သိမ်းပြီး မဟာမိတ်ပူးပေါင်းအဖွဲ့က တံတားကိုဖျက်ခဲ့ပါတယ်။ ဖောင်ဆိပ်ဘက်ကနေ ကွမ်လုံဘက်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆက်တက်တယ်။ ကွမ်းလုံမရောက်ခင် ကောင်းကျဲဘက်မှာ မြောက်ပိုင်း ၃ ဖွဲမှ အဖွဲ့ ၄ နေရာလောက်ခွဲပြီး၊ ကွမ်လုံမှာရှိတဲ့တပ်တွေကို ဒရော့ဗုံးချတာ၊ ရနိုင်မယ်ထင်တဲ့နေရာတွေကိုဝင်ပစ်တယ်။

    (more…)

  • စိန်ခေါ်မှုများအတွင်း အခြေအနေမဟန်ရင် ထွက်ပြေးကြမယ့်ဗိုလ်ချုပ်များ

    စိန်ခေါ်မှုများအတွင်း အခြေအနေမဟန်ရင် ထွက်ပြေးကြမယ့်ဗိုလ်ချုပ်များ

    “တနိုင်ငံလုံးစစ်မျက်နှာ ဖွင့်ထားရတဲ့ စစ်ကောင်စီအနေနဲ့ တပ်တွင်း ပြုန်းတီးအင်အားတွေကြောင့် လက်နက်အင်အားသာရှိပြီး၊ စစ်တိုက်မယ့် လူအင်အားမရှိတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်အပေါ် ရင်ဆိုင်နိုင်စွမ်းမရှိတော့တာ အားလုံးအမြင်ပါ”

    မောင်ဝိ

    တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန်နောက်မှာတော့ စစ်တပ်ထံမှ တကြိမ်မှ မကြုံဖူး၊ မကြားဖူးခဲ့တဲ့ ထုတ်ပြန်ချက်တွေ၊ လုပ်ဆောင်ချက်ကို မြင်တွေ့လာရပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့မှာ “နိုင်ငံတော်ကာကွယ်ရေး တာဝန်ပြန်လည်ထမ်းဆောင်ရန် ခွင့်မဲ့/စစ်ပြေး စစ်သည်များက ပြန်လည်ဆန္ဒပြုလာတာရှိလို့ သာမန်ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမယ်လို့” စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

    စစ်တပ်ကနေ ထွက်လာတဲ့သူတွေမှာ အကြောင်းပြချက်မျိုးစုံရှိကြပါတယ်။ စစ်တပ်ရဲ့ မတရားမှုကို သိရှိလာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့သူတွေကို (CDM) အဖြစ် ပြည်သူလူထုက သတ်မှတ်ကြပါတယ်။ ဒါ့အပြင် (CDM) အဖြစ်မခံယူဘဲ စစ်တပ်ထဲမှာမနေလိုတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူတွေ၊ လက်နက်ချ၊ အလင်းဝင် စသဖြင့်​ရှိပါတယ်။ အဲ့ဒီလို စစ်တပ်မှာ မနေချင်လို့ ထွက်လာသူတွေကို စစ်တပ်ပိုင် မြဝတီ၊ မြန်မာ့အသံတွေက တကူးတက ထုတ်ပြန် စည်းရုံး နေရတယ်ဆိုကတည်းက စစ်တပ်ရဲ့ လက်ရှိအခြေအနေကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။

    နောက်ထပ်လည်း ဖြစ်စဥ်တခု ရှိပါသေးတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲအတွင်းက နောက်ဆက်တွဲ ဖြစ်စဥ်တစ်ခုပါ။ နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်က စစ်ကောင်စီအလံကို ဖြုတ်ချပြီး၊ချင်းအမျိုးသား အလံတော်ကို လွှင့်ထူနိုင်ခဲ့ပါတယ်။ ရိခေါဒါရ်မြို့သိမ်း တိုက်ပွဲအတွင်းမှာဆိုရင် စစ်တပ်ဘက်မှ စစ်သား (၄၀)ကျော် နိုဝင်ဘာ ၁၃ နေ့မှာ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်နယ်စပ်ရွာဖြစ်တဲ့ ဇိုခွာထာရ်ရွာဘက်ကို လက်နက်ချထွက်ပြေးသွားတယ်လို့ ကြားသိရတယ်။

    (more…)

  • ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ရွှေပြည်အေးမြို့ကို အပြီးသတ်သိမ်းပိုက်

    ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ရွှေပြည်အေးမြို့ကို အပြီးသတ်သိမ်းပိုက်

    RNA_နိုဝင်ဘာ (၂၉)၊၂၀၂၃ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီတပ်လက်အောက်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း Homalin People’s Defence Force – HPDF က ရုပ်သံနှင့်တကွ ယနေ့ ထုတ်ပြန်ထားသည်။
     
    ရွှေပြည်အေးမြို့အား စစ်ကိုင်းတိုင်းအထူးလှုပ်ရှားတပ်ရင်း (SR-4 ထုတ်နှုတ်)၊ တိုင်းရုံးအဖွဲဲ့ နှင့် ခန္တီးခရိုင် အမှတ် (၁၊၂) ဦးဆောင်ခဲ့ပြီး ဒေသတွင်း (ပ.က.ဖ)၊ (ပ.လ.ဖ) နှင့် Local Force ဖြစ်သော HPDF-124 မှ ရဲဘော် (၅) ယောက်၊ မိုးကြိုး မှ ရဲဘော် (၁) ယောက်တို့က နိုဝင်ဘာ ၂၁ ရက်နေ့က စတင်တိုက်ပွဲဝင်ခဲ့ကြပြီး နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လည် ၁ နာရီအတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=4D2RUvgCJk4[/embedyt]
     
    မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ Mi2 တစ်ရက် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး၊ Jet Fighter မှ ပေါင် ၁၀၀ ယူဆရသည့်ဗုံးသီး ၄လုံး ပစ်ချခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် MA series၊ G3၊ HK33၊ MK12၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း စသဖြင့် လက်နက်ခဲယမ်းမျိုးစုံ ၅၀ ကျော် သိမ်းပိုက်ရရှိခဲ့ပြီး သုံ့ပန်း ၁၀ ဦးကျော် ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။
     
    #RedNewsAgency

  • စစ်အာဏာရှင် လူတစုအတွက် ချကျွေးဖို့ အလှည့်ကျလာတဲ့ Non CDM များ

    စစ်အာဏာရှင် လူတစုအတွက် ချကျွေးဖို့ အလှည့်ကျလာတဲ့ Non CDM များ

    “စစ်အာဏာရှင်စနစ်ဆိုး သက်တမ်းရှည်နေခြင်းမှာလည်း အခုချိန်ထိ စစ်တပ်ရဲ့ ယန္တရားလည်ပတ်မှုမှာ ပါဝင်နေတဲ့ “စစ်တပ်ထောက်တိုင်တွေကြောင့်” ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဒါ့ကြောင့် အခုလက်ရှိ Non CDM ဝန်ထမ်းအများစုသည် စစ်တပ်နည်းတူ အပြစ်ရှိကြတယ်ဆိုတာ ငြင်းမရတဲ့အချက် ဖြစ်တယ်”

    မောင်ဝိ

    စစ်ကောင်စီအမိန့်နဲ့ ဌာနအလိုက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တက်ရောက်ပြီးတဲ့ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများကို အခြေခံပြီး တပ်ခွဲ ၂ ခွဲ ဖွဲ့စည်းထားရန်ထုတ်ပြန်ခဲ့ပါတယ်။ လုံခြုံရေးနှင့် သဘာ၀ ဘေးအန္တရာယ်အတွက် လိုအပ်ပါက တပ်ခွဲ တစ်ခွဲမှ ရုံးပြင်ပထွက်ပြီး တာဝန်ထမ်းဆောင်ရန်၊ ကျန်တပ်ခွဲ တစ်ခွဲမှ ပုံမှန်ရုံးလုပ်ငန်းနဲ့ အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက် (အကြောင်းကြားစာ) ဟာ လူမှုကွန်ယက်မှာ ပေါက်ကြားလာခဲ့ပါတယ်။

    ဆိုလိုရင်းကတော့ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်တက်ရောက်ခဲ့ကြရတဲ့ Non CDM ရဲ၊ ထွေအုပ်၊ မီးသတ်၊ ကြက်ခြေနီ၊ အကျဥ်းဦးစီး၊ လဝက စတဲ့ဌာနတွေအပါအဝင် ကျောင်းဆရာ/ဆရာမများတွေကို ဌာနအလိုက်က လူအင်အား တဝက်မှ လုံခြုံရေးတာဝန်ယူရမယ်လို့ ဆိုလိုတာပါ။

    “လုံခြုံရေးတာဝန်” ဆိုခြင်းမှာ အကြောင်းပြချက် တခုသာဖြစ်တယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့မြို့ကြီးတွေမှာ အင်အားနည်းပါးလာတဲ့ စစ်သား၊ရဲ စတဲ့အဖွဲ့တွေ လုပ်ဆောင်နေရတဲ့ မြို့အဝင်ဂိတ်စစ်ဆေးရေးလုပ်ရခြင်း၊ ဧည့်စာရင်းစစ်ခြင်း၊ သတင်းပေးခြင်း စတာတွေကို ပူးတွဲလုပ်ဆောင်ကြရမှာ ဖြစ်တယ်။ အထက်ပါ လုပ်ငန်းအားလုံးဟာ စစ်တပ်ရဲ့ညွှန်ကြားမှုဖြင့် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

    လက်ရှိအခြေအနေမှာ နှစ်ပေါင်း ၇၀ ကျော် လေ့ကျင့်လာတဲ့ စစ်ကောင်စီတပ်တွေတောင်မှ တိုက်ပွဲတိုင်း အလဲလဲအကွဲကွဲ ဖြစ်နေတာ အားလုံးအသိပါ။ ဒီလိုအခြေအနေမှာ ဖောင်ကြီး သင်တန်းကို လပိုင်းလောက်တက်ထားတဲ့ Non CDM ဝန်ထမ်းတွေအနေနဲ့ မိမိတို့ ဘယ်အခြေအန ရောက်နေပြီလဲ ဆိုတာကို တွေးတောသင့်ပါတယ်။

    (more…)

  • ပြည်သူ့ကျိန်စာမိသွားလေသော စစ်ကောင်စီတပ်

    ပြည်သူ့ကျိန်စာမိသွားလေသော စစ်ကောင်စီတပ်

    “ကွမ်းလုံရက်လေးဆယ်တိုက်ပွဲဟာ ၁၉၇၁ ခုနစ်က ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ စစ်တပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး ထိုတိုက်ပွဲမှာ စစ်တပ်ဟာအနိုင်ရရှိခဲ့ပါတယ်။ ထိုအနိုင်ရရှိမှုကိုပဲ စစ်တပ်ဟာ အမြဲတစေ ထုတ်ဖော်ပြောကြားလေ့ရှိပြီး မြန်မာစစ်တပ်က မလုပ်နိုင်တာဘာမှမရှိကြောင်းနဲ့ ရှမ်းမြောက်တခွင်ဟာ စစ်တပ်ရဲ့အောင်မြေဖြစ်ကြောင်း အမြဲပြောလေ့ရှိပါတယ်”

    ချမ်းမင်း

    ဒီရက်ပိုင်း တော်လှန်ရေးနဲ့ပတ်သတ်တဲ့ သတင်းကောင်းတွေအတော်များများ လှုပ်လှုပ်ခတ်ခတ်နဲ့ social media ပေါ်မှာ တွေ့လာရပါတယ်။ မြောက်ပိုင်းစစ်ဒေသက အဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေအကြောင်းတွေ့ရသလို အညာမြေစစ်ကိုင်းဘက်က တော်လှန်ရေးအဖွဲ့တွေရဲ့ အောင်ပွဲတွေအကြောင်းလည်းကြားလာရပါတယ်။

    နောက်တခုက စစ်တပ်ရဲ့ နိုင်ငံခြားငွေအဓိကအားကိုးရာ MOGE ကိုလည်း အမေရိကန်က ထပ်တိုးပြစ်ဒဏ်တွေချမှတ်ပြီး စစ်တပ်ကို ပိုမိုအားနည်းအောင်ဆောင်ရွက်လာနိုင်တာကိုလည်းတွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့နွေဦးတော်လှန်ရေးဟာ အစောပိုင်းကာလတုန်းက ဆုံးရှုံးမှုတွေပေးဆပ်မှုတွေများစွာနဲ့ ထိရောက်တဲ့အောင်မြင်မှုတွေမရခဲ့ဘူးဆိုပေမဲ့ ယခုအချိန်မှာတော့ စစ်ကောင်စီကို ကောင်းကောင်းကြီးခြိမ်းခြောက်ထားနိုင်တဲ့ အခြေအနေကိုရောက်နေပြီး အောင်မြင်မှုရဲ့ လက်တစ်ကမ်းကိုရောက်နေပြီလို့လည်း သတ်မှတ်ရမှာဖြစ်ပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက စတင်လိုက်တဲ့ တိုက်ပွဲတွေနောက်ပိုင်း နိုင်ငံအနှံ့တော်လှန်ရေးတပ်ဖွဲ့တွေဟာ အရှိန်အဟုန်နဲ့ စစ်တပ်ကိုအရင်ကထက် ပိုမိုဖိအားပေးတိုက်ခိုက်လာတာတွေ့ရပါတယ်။

    (more…)

  • ကွမ်းလုံမြို့အား အပြီးအပိုင်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု MNDAA ကြေညာ

    ကွမ်းလုံမြို့အား အပြီးအပိုင်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု MNDAA ကြေညာ

    RNA_နိုဝင်ဘာ(၁၂)၊၂၀၂၃ ခုနှစ်။
     
    ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့များက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကွမ်းလုံမြို့အား နယ်မြေရှင်းလင်းရေးလုပ်ပြီး အပြီးအပိုင််သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။
    ကွမ်းလုံမြို့ သံလွင်မြစ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ စစ်ကောင်စီ၏ ဗျူးဟာကုန်းများကိုပါ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း၊ ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ သံချပ်ကာကား၊ တင့်ကားအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=fENJzCIqpzk[/embedyt]
    #RedNewsAgency

  • ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများ တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ ကြေညာ

    ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများ တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ ကြေညာ

    RNA_နိုဝင်ဘာ(၉)၊၂၀၂၃ ခုနှစ်။

    တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဟန်ချက်ညီပူးတွဲစစ်ဆေင်ရေးများကိုလည်း တစ်နိုင်ငံလုံးအနှံ့ မကြာမီ ဆင်နွှဲသွားမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA + TNLA + AA တို့က ကြေညာထားသည်။

    ၁၀၂၇ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေရန် နိုဝင်ဘာလ (၇) ရက်နေ့တွင် (၁၁၀၇ စစ်ဆင်ရေး) ဟု အမည်ပေးပြီး ကရင်နီပြည်နယ်ထဲ၌ စစ်ဆင်ရေးကိုစတင်လိုက်သော KNDF အပြင် အခြားသော တော်လှန်ရေးအဖွဲ့များနှင့်ပါ တနိုင်ငံလုံးအနှံ့ စစ်ဆင်ရေးများဆင်နွှဲမည်ဖြစ်သည်။

    (more…)

  • ၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

    ၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

    RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။

    ညီနောင်မဟာမိတ် (၃) ဖွဲ့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် သေဆုံးသူများထဲတွင် တပ်မမှူးတဦးပါရှိပြီး ယနေ့အထိ စစ်ကောင်စီစခန်းများ ဆက်လက်သိမ်းပိုက်ခံနေရကြောင်း၊ နမ့်ခမ်းမြို့ကိုလည်း TNLA က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    MNDAA၊ AA နှင့် ပူးပေါင်းတပ်ဖွဲ့များ ကိုးကန့်၊ မုံးကိုး နှင့် မူပန်(သိန္နီ) ဒေသများအတွင်း စစ်ကောင်စီတပ်စခန်း ယမန်နေ့က သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး လက်နက်ကြီးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်း ကွမ်းလုံဒေသရှိ စစ်ကောင်စီ၏ လက်နက်ကြီးစခန်းနှင့် ဗျူဟာကုန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားသည်။

    (more…)

  • ခမ်းပတ်မြို့ကို တော်လှန်ရေး အင်အားစုများက ယနေ့ အောင်မြင်စွာ သိမ်းပိုက်

    ခမ်းပတ်မြို့ကို တော်လှန်ရေး အင်အားစုများက ယနေ့ အောင်မြင်စွာ သိမ်းပိုက်

    RNA_နိုတင်ဘာ(၇)၊၂၀၂၃ ခုနှစ်။
    စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် KIA၊ PDF၊ ပကဖ နှင့် တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
    အမှတ် (၁) စစ်ဒေသသည် C3C၏ အစီအစဉ်ဖြင့် KIAစစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ် လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)