ကိုယ်ဝန်ဆောင်အမျိူသမီး အပါအဝင် ၅ ဦး စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ သတ်ပစ် 

NA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စမိတ်ရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် (၅) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ အသတ်ခံထားရကြောင်း သိရသည်။

in

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် (၆).နာရီ ဝန်းကျင်က စမိတ်ရွာကို စစ်ကားများနှင့် စစ်ကောင်စီတပ်သား (၃၀) ဝန်းကျင်ရောက်ရှိလာပြီး ပြည်သူ (၅) ဦးကို ဖမ်းဆီးသွားကြောင်း၊ သတင်းအရ ရှာဖွေရာတွင် ထီးလင်းမြို့နယ် တောမရွာလမ်းခွဲအနီး အာရှပတ်လမ်း မိုင်တိုင်အမှတ် ၇၄/၆နှင့် ၇၄/၇ ကြား တောအတွင်းမှာ ရက်စက်စွာ အသတ်ခံထားရသည့် ရုပ်အလောင်း‌ (၅) ဦးတွေ့ရှိရပြီးဒီဇင်ဘာလ (၁၅) ရက်နေ့က မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း YDFထီးလင်းက ယနေ့ ထုတ်ပြန်ထားသည်။

Red News Agency

 

By Editor

Leave a Reply

Your email address will not be published. Required fields are marked *