Tag: ဗမာပြည်ကွန်မြူနစ်ပါတီ

  • ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားကျင်းပ

    ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားကျင်းပ

    RNA_မတ်(၁၅)၊၂၀၂၆ခုနှစ်။

    ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားကို ယနေ့ (မတ်လ ၁၅ ရက်) နံနက်ပိုက်းက PLA စစ်ဒေသ တနေရာတွင် ကျင်းပခဲ့ကြောင်း အသိပေးထားသည်။

    PLA ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား လွှင့်တင်ခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလံတော်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား တပ်မှူးတပ်သားအပေါင်းမှ အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ အင်တာနေရှင်နယ်သီချင်း သီဆိုခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ ပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    (more…)

  • ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ဩဇာခံမဟုတ်

    ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ဩဇာခံမဟုတ်

    RNA_ဇွန်(၂၇)၊၂၀၂၅ခုနှစ်။
     
    ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ဩဇာခံဟု စွပ်စွဲပြောဆိုနေကြသည့်ကိစ္စနှင့်ပတ်သက်​ပြီး Red News Agnecy အနေဖြင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်ကို မေးမြန်းကြည့်ရာတွင် တရုတ်ဩဇာခံမဟုတ်သည့်အတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု စသဖြင့် ပြောပြထားသည်။
     
    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
     
    #RedNewsAgency #REDNEWS #RNA
  • ဆင်းရဲချမ်းသာမကွာဟသည့် လူတန်းစားသစ် လောကသစ်ကို မြင်ချင်သည်ဟု ရဲဘော်နီနီကျော်ပြော

    ဆင်းရဲချမ်းသာမကွာဟသည့် လူတန်းစားသစ် လောကသစ်ကို မြင်ချင်သည်ဟု ရဲဘော်နီနီကျော်ပြော

    RNA_ဇွန်(၂၄)၊၂၀၂၅ခုနှစ်။

    “ဗိုလ်ချုပ်အောင်ဆန်းလည်း မြင်ချင်ခဲ့တာ တိုင်းရင်းသားပေါင်းစုံလည်း တန်းတူအခွင့်အရေးရရမယ် ဆင်းရဲသားနင်းပြားတွေအကုန်လုံးလည်း လုံးဝ လွတ်မြောက်ပြီးတော့ လူတန်းစေ့နေနိုင်တဲ့ လူမျိုးပေါ့ ဆင်းရဲချမ်းသာ မကွာဟတဲ့ လူတန်းစားသစ် လောကသစ်ကို မြင်ချင်တာ အဲဒီထိသွားချင်တယ်ပေါ့နော်” ဟု စနစ်အပြောင်းအလဲနှင့် လက်တွေ့ကြုံတွေ့နေရသည့် အခြေအနေစသည်တို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောပြထားသည်။

    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

  • ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ် ဘာ့ကြောင့်ကြောက်တာလဲ

    ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ် ဘာ့ကြောင့်ကြောက်တာလဲ

    RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။
     
    ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ်ဘာ့ကြောင့်ကြောက်တာလဲ၊ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် NUG ဆက်ဆံရေး အခြေအနေတစ်
    ချို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က Red News Agnecy နှင့် အင်တာဗျူးတွင်ပြောကြားထားသည်။
     
    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
     
    #RedNewsAgency #REDNEWS #RNA #PLA #ဗမာပြည်ကွန်မြူနစ်ပါတီ
  • ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပ

    ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပ

    RNA_မတ်(၁၅)၊၂၀၂၅ခုနှစ်။

    ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်မတော်ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ပြန်လည်ဖွဲ့စည်းတည်ထောင်သည့်အတွက် PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ယနေ့ (မတ်လ ၁၅ ရက်) နံနက်ပိုင်းက လွတ်မြောက်ဒေသ တနေရာတွင် ကျင်းပခဲ့သည်။

    (more…)

  • (၂) နှစ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အင်အား ထောင်ဂဏန်းထိရှိလာ

    (၂) နှစ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အင်အား ထောင်ဂဏန်းထိရှိလာ

    RNA_မတ်(၇)၊၂၀၂၃ ခုနှစ်။

    ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberation Army – PLA တည်ထောင်ခြင်း (၂) နှစ်ပြည့်တွင် စစ်ဒေသ (၄) ခုနှစ် မြို့ပြလုပ်ငန်း ဒေသများတိုးချဲ့တည်ဆောက်နိုင်ခဲ့ကြောင်းနှင့် စစ်သည်အင်အား ထောင်ဂဏန်းအထိ တိုးတက်လာခဲ့ပြီး ပါတီဝင်ကေဒါအများအပြားကိုလည်း စည်းရုံးဖွဲစည်းနိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    ၂၀၂၃ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် PLA တည်ထောင်ခြင်း (၂) နှစ်ပြည့်မည်ဖြစ်ကြောင်း၊ ပထမဆုံး အပတ်စဉ် (၁) စစ်သင်တန်းကို မြန်မာပြည်မြောက်ဖျား EAO အဖွဲ့တခု၏ လွတ်မြောက်ဒေသတနေရာတွင် အမာခံ ကေဒါ (၃၂) ‌ဦးဖြင့် ၂၀၂၁ ခုနှစ် မတ်လ (၁၅) ရက်နေ့က စတင်ခဲ့ကြောင်း သိရသည်။

    (more…)