(၂) နှစ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အင်အား ထောင်ဂဏန်းထိရှိလာ

RNA_မတ်(၇)၊၂၀၂၃ ခုနှစ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberation Army – PLA တည်ထောင်ခြင်း (၂) နှစ်ပြည့်တွင် စစ်ဒေသ (၄) ခုနှစ် မြို့ပြလုပ်ငန်း ဒေသများတိုးချဲ့တည်ဆောက်နိုင်ခဲ့ကြောင်းနှင့် စစ်သည်အင်အား ထောင်ဂဏန်းအထိ တိုးတက်လာခဲ့ပြီး ပါတီဝင်ကေဒါအများအပြားကိုလည်း စည်းရုံးဖွဲစည်းနိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် PLA တည်ထောင်ခြင်း (၂) နှစ်ပြည့်မည်ဖြစ်ကြောင်း၊ ပထမဆုံး အပတ်စဉ် (၁) စစ်သင်တန်းကို မြန်မာပြည်မြောက်ဖျား EAO အဖွဲ့တခု၏ လွတ်မြောက်ဒေသတနေရာတွင် အမာခံ ကေဒါ (၃၂) ‌ဦးဖြင့် ၂၀၂၁ ခုနှစ် မတ်လ (၁၅) ရက်နေ့က စတင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်မြောက်ရေးတပ်မတော် – PLA အနေဖြင့် (၂) နှစ်တာကာလအတွင်း ရန်သူကို တွန်းလှန်တိုက်ခိုက်ရင်း အာဇာနည်ရဲဘော်အများအပြား သူရဲကောင်းပီသစွာ ကျဆုံးခဲ့ရကြောင်း၊ ရဲဘော်တို့ လျှောက်လှမ်းခဲ့သော သွေးစွန်းသည့် တော်လှန်ရေးလမ်းကြောင်းအတိုင်း ဆုံးခန်းတိုင်အောင် လျှောက်လှမ်းကြဖို့ သံဓိဋ္ဌာန်ပြုကြရမည်ဟု ထုတ်ပြန်ကြေညာထားသည်။

#RedNewsAgency