Tag: စခန်းသိမ်းတိုက်ပွဲ

  • နေပြည်တော်ကောင်စီနယ်မြေကို ခြိမ်းခြောက်လာသည့် ဘို့မသံတောင် စခန်းသိမ်းတိုက်ပွဲ

    နေပြည်တော်ကောင်စီနယ်မြေကို ခြိမ်းခြောက်လာသည့် ဘို့မသံတောင် စခန်းသိမ်းတိုက်ပွဲ

    RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။
     
    နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဘို့မသံတောင်စခန်းသိမ်းတိုက်ပွဲနှင့်အတူ ၃ ရက်အတွင်း တိုက်ပွဲ ၇ ကြိမ်မှာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပြီး​၊ လက်နက်ခဲယမ်းတချို့ရရှိခဲ့သည့်အကြောင်းကို တင်ဆက်ထားခြင်းဖြစ်သည်။
    [embedyt] https://www.youtube.com/watch?v=qLfnVDg1dtw[/embedyt]
     
    #RedNewsAgency

  • ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

    ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

    RNA_ဖားကန့်၊ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှ ဟောင်ပါးကျေးရွာသို့ အသွားလမ်းရှိ စစ်ကောင်စီ၏ စစ်ဆေး‌ရေးဂိတ်ဖွင့်ထားသည့် ကသိုဏ်းတောင် စစ်စခန်းအား ယနေ့နံနက် (၅) နာရီခန့်က KIA/PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

    “မနက် ၅ နာရီဝန်းကျင်ကစ အသံကြားရတာ၊ မနက် ၈ ခွဲလောက်မှာ ကသိုဏ်းတောင်စခန်းကို သိမ်းလိုက်နိုင်တယ်လို့ ကြားရတယ်၊ လက်နက်ခဲယမ်း အတော်‌များများရလိုက်တယ်တဲ့၊ နှစ်ဖက်အထိအခိုက် အကျအဆုံးတော့ မသိရသေးပါဘူး”ဟု PDF သတင်းရင်းမြစ်က ပြောသည်။

    ကသိုဏ်းတောင် စစ်တပ်စခန်းသည် ပုံမှန်အားဖြင့် တပ်အင်အား (၃၀)ခန့်သာရှိသော်လည်း ယခုအခါ ရဲတပ်ရင်းများပါ အင်အားဖြည့်ထားပြီး စုပေါင်း အင်အား (၆၀) ခန့်ရှိသည်ဟု ဒေသခံများက‌ပြောသည်။

    (more…)

  • ဖားကန့်မြို့ဝင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

    ဖားကန့်မြို့ဝင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

    RNA_ဇူလိုင်(၂၂)၊၂၀၂၃ ခုနှစ်။
    ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းကို KIAနှင့် PDF များက ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်မှ နံနက် ၃ နာရီဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၇ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။
    ပန်းတင်တံတားထိပ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ရဲနှင့်တပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ၂ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဂိတ်စခန်းတွင် စစ်ကောင်စီလက်အောက်ခံ ၂၀ ခန့်ရှိကြောင်း တိုက်ပွဲဝင် သတင်းရစ်မြစ်ထံမှ သိရသည်။
    ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း ဖားကန့်မြို့ ဗျူဟာကုန်းတွင် တပ်စွဲထားသည့် ရှေ့တန်းတပ်မ ၃၃ မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း၊ ဂိတ်စခန်းသိမ်းတိုက်ပွဲအတွင်း KPDF အပတ်စဉ် ၅ သင်တန်းဆင်း ရဲဘော်ကရင်ကြီး လက်နက်ကြီးထိမှန်ကာ မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။
    Photo : KPDF Hpakant
    #RedNewsAgency

  • လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်

    လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်

    RNA_ဇူလိုင်(၂၂)၊၂၀၂၃ ခုနှစ်။
    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါသည့် စစ်ကောင်စီတပ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
    လက်ခတ်တောင် တာဝါတိုင် စစ်ကောင်စီတပ်စခန်းကုန်းကို တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings စသည့် ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၂၀ ရက်နေ့မှ နံနက် ၆ နာရီမှ စတင်တိုက်ခိုက်ခဲ့ကြပြီး ၂၁ ရက်နေ့ နံနက် ၅ နာရီတွင် တောင်ကြောတခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ကောင်စီတပ်မှ အသေအဆုံးရှိသည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
    တိုက်ပွဲအတွင်း ဆက်သွယ်ရေးစက်(၁)လုံး၊ 60mm(၁၆)လုံး၊ ရှေ့ထွက်မိုင်း(၆)လုံး၊ ကားမိုင်း(၉)လုံး၊ Jammerစက်(၂)လုံး၊ မိုင်းရှာစက်(၂)လုံး၊ စက်လက်ပြောင်း(၁)ပြောင်း၊ ကွန်မန်ဒို60mmပြောင်း(၂)လက်၊ 40 mm (၉)လုံး၊ G3ကျည်ဘောက်(၄)ခု၊ MAကျည်ဘောက်(၂)ဘောက်၊ စစ်ခမော က်(၈)လုံး၊ RPGပို့ ယမ်း(၃)တောင့်၊ RPGသီး(၁)လုံး၊ 7.62ကျည် (၁၈၈၀) တောင့်၊ 5.56 ကျည်(၃၀၂) တောင့်စသည့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း၊ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    #RedNewsAgency

  • ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

    ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

    “ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေ တဖြည်းဖြည်းအားကောင်းလာတာကြောင့် စစ်တပ်ဟာ ၂၀၂၃ ခုနှစ် မှစပြီး ရှမ်းမြောက်မှ  စကခ ၂ တခုလုံးနှင့် စကခ ၇ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုအပြင် ရှမ်းအရှေ့မှာရှိတဲ့ စကခ ၁၈ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုကို ကရင်နီစစ်မျက်နှာမှာ ထပ်မံဖြည့်တင်းခဲ့ရတယ်။ါကြောင့်၂၀၂၁/၂၀၂၂ အတွင်း တိုင်း/ဒကစ လက်အောက်ခံ တပ်ရင်း ၁၃ ရင်း၊ တပ်မ ၆၆ လက်အောက်ခံ၉ရင်း စုစုပေါင်း ၂၂ ရင်းခန့် စစ်ဆင်ရာမှ ၂၀၂၃ မှာတော့ နောက်ထပ် ၁၆ ရင်းခန့် ထပ်ဖြည့်တင်းခဲ့ရပါတယ်။ ဒါကြောင့်လက်ရှိအချိန် ကရင်နီစစ်မျက်နှာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆင်ရေးဝင် ခြေလျင်/ ခြေမြန် တပ်ရင်း ၃၆ ရင်း၊ အင်အား ၄,၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေတယ်လို့ အကြမ်းဖျဥ်းတွက်ဆနိုင်ပါတယ်”

    ချမ်းမင်း

    ကယားပြည်နယ် ( ကရင်နီ) ဟာ ၂၀၂၁ခု နှစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာတွင်ရှေ့တန်းကပါဝင်ခဲ့ပြီး အတက်ကြွဆုံးပါဝင်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။CDM လှုပ်ရှားမှုမှာလည်း အားကောင်းခဲ့တယ်။ ထို့အပြင် အစောဆုံးလက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ ပြည်နယ်တစ်ခုလဲ ဖြစ်ပါတယ်။၂၀၂၁ ခုနှစ်မေလ ၂၀ ရက်နေ့က ဒီမော့ဆိုနဲ့ မိုးဗြဲမှာ စစ်ကောင်စီလက်အောက်ခံတွေကို စတင်တိုက်ခိုက်ခြင်းဖြင့် ကယားပြည်နယ်ဟာ နွေဦးတော်လှန်ရေးကို လက်နက်ကိုင်တော်လှန်ခြင်းဖြင့် စတင်ခဲ့ပါတယ်။

    ကရင်နီပြည်မှာ လက်နက်ကိုင်တော်လှန်ရေး စဖြစ်ပြီဆိုကတည်းက အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီး၊ လက်နက်ငယ် လေယာဥ်ပစ်ကူတွေ ဖောဖောသီသီသုံးပြီး နှိမ်နှင်းဖို့ ကြိုးစားခဲ့တာ အားလုံးအသိပါ။ အခုလို ပြည်နယ်သေးသေးလေးကို အကြမ်းဖက်စစ်တပ်ဟာ နည်းလမ်းမျိုးစုံသုံးပြီး သဲကြီးမဲကြီးနှိမ်နှင်းနေရတဲ့အဓိကအကြောင်းအရင်းကတော့ ကယားပြည် နယ်ဟာ စစ်ခေါင်းဆောင်အခြေစိုက်ရာ နေပြည် တော်မြို့နဲ့ အနီးဆုံးမှာတည်ရှိတဲ့ အတွက်ပဲ ဖြစ်ပါတယ်။

    ကရင်နီပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ် ၇ ခုအနက် အသေးဆုံး ပြည်နယ်ဖြစ်ပြီး တောတောင်ထူထပ်တဲ့ ပြည်နယ်လဲဖြစ်ပါတယ်။ ဒါပေမဲ့ အထက်မှာပြောခဲ့သလို စစ်ခေါင်းဆောင်တွေ အခြေစိုက်ရာနေပြည်တော်နဲ့ အနီးဆုံးမှာတည်ရှိတဲ့အတွက်ကြောင့် ဟိုယခင်ကတည်းက စစ်ခေါင်းဆောင်တွေဟာ ကယားပြည်နယ်အတွင်း တပ်အင်အားအများအပြားချထားပြီး နေပြည်တော်လုံခြုံရေးအတွက် ကြိုတင်ပြီးစီမံထားခဲ့ပါတယ်။

    မြေမျက်နှာသွင် ပြင်အရကော၊ စစ်ရေးအနေအထားအရကော အရေးကြီးတာကြောင့် စစ်ခေါင်းဆောင်များဟာ ကယားပြည်နယ်တွင် တိုက်ခိုက်ရေး တပ်များအပြင် အခြားလက်ရုံးတပ်များပါ တည်ထားပြီး စစ်သည်အင်အားအများအပြားချထားပါတယ်။ စစ်ဖက်ဆိုင်ရာ ဖွဲ့စည်းပုံအရ ကရင်ပြည်နယ်ဟာ အကြမ်းဖက်စစ်တပ်၏ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နယ်မြေအတွင်း၌ တည်ရှိပါတယ်။ ရပခရဲ့ လက်အောက်မှာ လွိုင် ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိသည့်အပြင် ဘောလခဲတွင် အခြေချစစ်ဗျူဟာ (စဗခ) တခု လည်းအခြေစိုက်ထားပါသေးတယ်။

    ကယားပြည်နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ တပ်တွေကတော့ လွိုင်ကော်  ခလရ ၅၄၊ ဖားဆောင်း  ခလရ ၁၃၄၊ ခလရ ၁၃၅၊ ဘောလခဲ  ခမရ ၃၃၇၊ ခမရ ၄၂၉၊ ခမရ ၄၃၀၊ ဖရူးဆိုး  ခမရ ၄၂၈၊ ခမရ ၅၃၁၊ မိုးဗြဲ ခမရ ၄၂၂၊ လောပိတ  ခလရ ၇၂၊ လွိုင်လင်လေး  ခမရ ၅၃၀ စုစုပေါင်းတပ်ရင်း ၁၁ ရင်း ရှိပါတယ်။ အဲ့တာတွေအပြင် အမှတ်() စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇) ကိုလည်း ဖယ်ခုံတွင် အခြေစိုက် ထားပါသေးတယ်။

    (more…)

  • ယနေ့နံနက် စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

    ယနေ့နံနက် စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

    RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။

    ယနေ့ နံနက် (၆) နာရီဝန်းကျင်က KNUတပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    “မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့ပါသည်” ဟု BPLA ကထုတ်ပြန်ထားသည်။

    (more…)

  • KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

    KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

    RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

    ကရင်အမျိုးသားအစည်းအရုံး -KNU၊ တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို စစ်ကောင်စီတပ် သိမ်းပိုက်ထားရာမှ KNDO အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    KNLA တပ်ရင်းစခန်းမီးရှို့ခံထားရသည့်မြင်ကွင်း။

    “စီးနင်းခံရသည့်စခန်းကို ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO) လုံခြုံရေးတပ်ရင်း(၈)တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက် မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီခန့်တွင် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူနိုင်ခဲ့သည်” ဟု ယနေ့ Federal Wings က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်း စီးနင်းတိုက်ခိုက်ခံရပြီး (၉) ဦးသေဆုံး

    စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်း စီးနင်းတိုက်ခိုက်ခံရပြီး (၉) ဦးသေဆုံး

    RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

    ချင်းပြည်နယ်၊ မတူပီ – မင်းတပ်လမ်းပေါ်ရှိ စစ်ကောင် စီတပ် ရှေ့တန်းကာကင်းစခန်း စီးနင်းတိုက်ခိုက်ခံရပြီး (၉) ဦးသေဆုံးသွားကြောင်း သိရသည်။

    မတူပီ CDF ( CDF Matupi) တပ်ဖွဲ့ဝင် ရဲဘော်များက အထူးစစ်ဆင်ရေးအဖြစ် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် (၈) နာရီ (၃၀) မိနစ်ဝန်းကျင်က မတူပီ – မင်းတပ် လမ်းပေါ်ရှိ စစ်ကောင်စီတပ် ရှေ့တန်း ကာကင်းစခန်းအား ဝင်ရောက်စီးနင်း တိုက်ခဲ့ခြင်း ဖြစ်သည်။

    (more…)

  • စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

    စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

    RNA_ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။

    ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော စစ်ကောင်စီတပ်စခန်းကို KNDF၊PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ရာလက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။

    မယ်စလောင်းတောင်ကုန်းပေါ်ရှိ စစ်ကောင်စီ တပ်စခန်းအား ဇန်နဝါရီလ (၂၀)ရက် ၊ နံနက် (၇း၅၀) မှ (၉) နာရီ (၃၀) မိနစ်ဝန်းကျင်အထိ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး၊ ကျန်တပ်သားနှင့် အရာရှိများ ထွက်ပြေးကြကြောင်း KNDF က ထုတ်ပြန်ထားသည်။

    (more…)

  • ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည် 

    ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည် 

    RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။

    Lion Battalion Commando-ဗျူဟာစစ်ကြောင်းဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့မဟာမိတ်အဖြစ်တွေ့ဆုံပေါင်းစည်းပြီး မြို့ပြတိုက်ပွဲများကိုယခင်ကထက် အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=DqMncMPzPuA[/embedyt]

    ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံပြီးနောက် ” Lion Battalion Commando- ဗျူဟာစစ်ကြောင်းနှင့် ရေးဘီလူးအဖွဲ့တို့ပူးပေါင်း၍ မြို့ပြတိုက်ပွဲများကို ယခင်ကထက် အရှိန်မြှင့်တင်၍ တိုက်ပွဲဝင်သွားမှာဖြစ်ပါသည်။ ပိုမိုပြင်းထန်လာသောတိုက်ပွဲအရှိန်အဟုန်သည် ပြည်တွင်းပြည်ပရှိ ထောက်ပို့ရဲဘော်များ၏ ထောက်ပံ့မှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိရာ အင်တိုက်အားတိုက် ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုအပ်ပါသည်” ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ယမန်နေ့က ထုတ်ပြန်ထားသည်။

    (more…)