စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်း စီးနင်းတိုက်ခိုက်ခံရပြီး (၉) ဦးသေဆုံး

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

ချင်းပြည်နယ်၊ မတူပီ – မင်းတပ်လမ်းပေါ်ရှိ စစ်ကောင် စီတပ် ရှေ့တန်းကာကင်းစခန်း စီးနင်းတိုက်ခိုက်ခံရပြီး (၉) ဦးသေဆုံးသွားကြောင်း သိရသည်။

မတူပီ CDF ( CDF Matupi) တပ်ဖွဲ့ဝင် ရဲဘော်များက အထူးစစ်ဆင်ရေးအဖြစ် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် (၈) နာရီ (၃၀) မိနစ်ဝန်းကျင်က မတူပီ – မင်းတပ် လမ်းပေါ်ရှိ စစ်ကောင်စီတပ် ရှေ့တန်း ကာကင်းစခန်းအား ဝင်ရောက်စီးနင်း တိုက်ခဲ့ခြင်း ဖြစ်သည်။

Photo : CDF Matupi ရဲဘော်များ။

” နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အရေးနိမ့်နေသော စကစ ကာကင်းစခန်းသို့ စကစ ဖက်မှ နံနက်( ၁၀:၃၀ ) နာရီတွင် စစ်ကူ‌လာသော စစ်ကြောင်းအား မိမိတို့ဖက်မှ ထပ်မံကြားဖြတ် တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲအတွင်း စကစ ဖက်မှ (၉)ဦးသေ ၊ဒဏ်ရာအများအပြားရရှိခဲ့ပြီး မိမိတို့ CDF-MATUPI မှ ရန်သူ့လက်နက် MA-1 တစ်လက် သိမ်းပိုက် နိုင်ခဲ့သည်။ မိမိတို့ဖက်မှ အထိအခိုက်မရှိပါ” ဟု CDF Matupi ကထုတ်ပြန်ထားသည်။

Photo : CDF Matupi ရဲဘော်များ။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ( ၂၁ ရက်နေ့ အထိ)အတွင်း CDF Matupi မှ မင်းတပ်လမ်းတွင် တိုက်ပွဲ (၂) ကြိမ်၊ ဟားခါးလမ်းတွင် (၃)ကြိမ် ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ မတူပီမြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် တိုက်ပွဲသတင်းများအား အချိန်နှင့် တပြေးညီထုတ်ပြန်နိုင်ခြင်းမရှိကြောင်း သိရသည်။

#RedNewsAgency

By Editor