မကွေးတိုင်

ပြိုလဲနေသော စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုများလည်း မအောင်မြင်

ပြိုလဲနေသော စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုများလည်း မအောင်မြင်

"မြေပြန့်လို့ခေါ်ဆိုရမယ့် စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီစခန်းနဲ့ မြို့တွေကိုလည်း စွန့်လွှတ်ထားရပါတယ်။ ကောလင်းမြို့ကို ဆုံးရှုံးထားသလို ထီးချိုင့်ကိုလည်း လက်လွှတ်ရမယ့် အနေအထားမှာ ထန်တလန်ဖြစ်စဉ်လိုမျိုး ဖန်တီးနေတာကိုတွေ့ရမှာပါ" ကျော်ရဲစံ မကွေးတိုင်းအတွင်း စစ်ကောင်စီက ခံစစ်သဖွယ်ပြင်ဆင်နေတာကို တွေ့လာရပါတယ်။ အထူးသဖြင့် ရခိုင်ရိုးမနဲ့ဆက်စပ်နေရာတွေမှာ စစ်ကြောင်းထိုးတာ အင်အားဖြည့်တာတွေပြုလုပ်လာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆို အမ်းဌာနချုပ်ကို သွားရာလမ်းဖြစ်တဲ့ ငဖဲ-အမ်း လမ်းတဝိုက်စစ်ကောင်စီ​က နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်တာကိုတွေ့ရပါတယ်။ ဒါဟာ ရခိုင့်တပ်တော်နဲ့ PDF တွေ မကွေးတိုင်းအတွင်း ဝင်ရောက်မလာနိုင်အောင် ကြိုတင်တားဆီးထားတဲ့သဘောပါပဲ။ ရခိုင်ပြည်နယ်မှာ ၁၀၂၇ စတင်ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်စခန်း ၄၀ ကျော်လက်လွှတ်ထားရပါတယ်။ ဒါ့အပြင် စစ်တွေမြို့နဲ့ ၁၉ မိုင်သာဝေးတဲ့ ပေါက်တောမြို့ကိုလည်း လက်လွှတ်ရမယ့် အနေအထားနဲ့ စစ်ကောင်စီက ရင်ဆိုင်နေရပါတယ်။ AA…
Read More
ဇီးပြားရွာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦးကျဆုံးခဲ့

ဇီးပြားရွာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦးကျဆုံးခဲ့

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူရွာကို ဒေသခံတော်လှန်ရေး အင်အားစုများ (၅) ရက်တာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။  ဇီးပြားရွာတိုက်ပွဲကို မြိုင် ပကဖ တပ်ရင်း ၁၊ ၂ နှင့် ပေါက်ကျေးရွာ ပကဖ တပ်ဖွဲ့များ၊  YRF ( ပေါက်)၊ Earthquake Defence Force၊ တောင်ညိုနဂါးတပ်ဖွဲ့၊ Royal 7တပ်ဖွဲ့တို့ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဇီးပြားရွာ ရဲစခန်းနှင့်ဇီးပြား(ပျူ)ရွာ…
Read More
ယနေ့ ရေစကြိုမြို့ပေါ် ၂ နာရီကြာ တိုက်ပွဲဖြစ်

ယနေ့ ရေစကြိုမြို့ပေါ် ၂ နာရီကြာ တိုက်ပွဲဖြစ်

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့၊ စစ်ကောင်စီလက်အောက်ခံ ငြိမ်းဇာနီတပ်စခန်း (စစ်မှုထမ်းဟောင်းရုံး) အား ဒေသခံ ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်တိုက်ခိုက်ရာ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။ "တိုက်ပွဲကြာချိန် ၂နာရီခန့်ကြာမြင့်ခဲ့ပြီး စခန်းသိမ်းနိုင်ရန် အလိုတွင် ရုံးပေါင်းစုံမှ စစ်ကူလာသော စစ်ကူများအား ကြားဖြတ်တိုက်ခိုက်မှုမှာ ရေရှည်တေဋင့်မခံနိုင်သောကြောင့် တိုက်ခိုက်မှုအပိုင်းမှ ရဲဘော်များအနေဖြင့် ရင်နာနာဖြင့်ပြန်လည်ဆုတ်ခွါပေးခဲ့ရသည်” ဟု Myingyan Black Tiger (MBT) က ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

"စစ်တပ်ကရင် ဆိုင်နေရတဲ့စစ်မျက်နှာဆိုတာက သူတို့ တကြိမ်မှမကြုံဖူးတဲ့ နိုင်ငံအနှံ့စစ်မျက်နှာတွေ၊ နည်းပညာမြင့် ဒရုန်းစစ်ဆင်ရေးတွေလည်း ပါဝင်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အကြပ်ရိုက်နေတဲ့အခြေအနေ" မောင်ဝိ ဂန့်ဂေါမြို့နယ်၊ မင်းရွာမှာရှိတဲ့ ရဲစခန်းသိမ်းတိုက်ပွဲက လေယာဥ်ပစ်ကူတောင်းခဲ့တဲ့ ရုပ်သံကို အားလုံးပဲ တွေ့ပြီးကြမယ် ထင်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေက ရဲစခန်းကို ဝင်သိမ်းတဲ့အချိန် တိုက်ပွဲကြားထဲမှာပဲ ရဲမှူး လှိုင်မင်းသိန်းဆီကို ဒုရဲအုပ် အေးမင်းစိုးက တိုက်ပွဲ အခြေအနေ အဆင့်ဆင့် သတင်းပို့နေခဲ့တာပါ။ တိုက်ပွဲစဖြစ်ချိန်က အခြေအနေကို ထိန်းနိုင်သေးတယ်ဆိုပေမယ့်၊ တိုက်ပွဲကြာလာတဲ့ အချိန်အကျအဆုံးများလာတဲ့အတွက် အဘဆိုသူ (ရဲမှူးလှိုင်မင်းသိန်း)ကို လေယာဥ်ပစ်ကူပေးဖို့ တဖွဖွ ဖုန်းထဲကနေပြောခဲ့တယ်။ တကယ့်လက်တွေ့မှာက ရဲစခန်းသာကျသွားတယ်၊ လေယာဥ်စစ်ကူဆိုတာက ရောက်မလာခဲ့ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ မင်းရွာရဲစခန်းကို ဝင်စီးနင်းတဲ့အချိန်…
Read More
လေကြောင်းပစ်ကူတောင်းချိန် Mi 35 တောင်မဟုတ် HK လာနေပြီဟုလိမ်ညာခဲ့သည့် စစ်ကောင်စီတပ်

လေကြောင်းပစ်ကူတောင်းချိန် Mi 35 တောင်မဟုတ် HK လာနေပြီဟုလိမ်ညာခဲ့သည့် စစ်ကောင်စီတပ်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။   စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခံနေရချိန် စစ်ကောင်စီလက်အောက်ခံငယ်သားက အကြိမ်ကြိမ် လေကြောင်းပစ်ကူတောင်းနေစဉ် Mi 35 တောင်မဟုတ် HK လာနေပြီဟု စစ်ကောင်စီတပ်အထက်လူကြီးများက လက်အောက်ခံငယ်သားကို ဖုန်းဖြင့် လိမ်ညာပြောကြားခဲ့သည်။   ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်ခံနေရချိန် စစ်ကောင်စီတပ်မှ ဖုန်းဖြင့် အချိန်ပြည့်ညွှန်ကြားခဲ့ကြောင်း၊ လေကြောင်းပစ်ကူတောင်းသော်လည်း စခန်းသိမ်းခံရသည်အထိ လေကြောင်းပစ်ကူ မလာခဲ့ကြောင်း၊တိုက်ပွဲကို ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။   #RedNewsAgency
Read More
“သတ္တိရှိရင်တက်ခဲ့” ပြောသည့် စစ်ကောင်စီလက်အောက်ခံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

“သတ္တိရှိရင်တက်ခဲ့” ပြောသည့် စစ်ကောင်စီလက်အောက်ခံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။   စစ်ကောင်စီလက်အောက်ခံများသည် စခန်းအတွင်းမှနေ၍ "သတ္တိရှိရင်တက်ခဲ့လို့" အော်ပြောခဲ့ကြပြီးနောက် ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု တိုက်ပွဲအတွေ့အကြုံများနှင့် ပတ်သက်ပြီး စခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် ABSDF Column-3 ရဲဘော်များက ပြောပြထားသည်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ဂန့်ဂေါခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက််ခဲ့ကြခြင်းဖြစ်သည်။   #RedNewsAgency
Read More
ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

RNA_နိုဝင်ဘာ(၆)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းတွင်းမှ စစ်ကောင်စီလက်အောက်ခံများ မြေမြုပ်မိုင်းများထောင်ပြီး ထွက်ပြေးသွားသည့်အတွက် ယနေ့ နယ်မြေရှင်းလင်းစဉ် မိုင်းကျွမ်းကျင်သူ ABSDF Column - 3 ရဲဘော်များ ရှင်းလင်းခဲ့ရကြောင်း သိရသည်။ တောင်ခင်ရန်း ရဲစခန်းကို ABSDF အမှတ် ၁၂ တပ်ရင်းနှင့် မဟာမိတ် PDF တပ်ရင်းများမှ ဝင်ရောက်ရှင်းလင်းစဉ် ABSDF အမှတ်(၃) စစ်ကြောင်း၊ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးကိုယ်တိုင် ဦးစီးခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများ ထောင်သွားသည့် မြေမြုပ်မိုင်း ၁၀ လုံးကျော် ရရှိကြောင်း ABSDF Column - 3 ပြန်ကြားရေးတာဝန်ခံ ထံမှ သိရသည်။ #RedNewsAgency
Read More
စခန်းသိမ်းပြီး ပြန်လာသည့် ရဲဘော်များကို ပြည်သူများ အားရဝမ်းသာ အောင်သပြေနှင့် ကြိုဆို 

စခန်းသိမ်းပြီး ပြန်လာသည့် ရဲဘော်များကို ပြည်သူများ အားရဝမ်းသာ အောင်သပြေနှင့် ကြိုဆို 

RNA_နိုဝင်ဘာ(၅)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲပြီး ပြန်လာသည့် ဒေသတွင်းတော်လှန်ရေးရဲဘော်များကို ယနေ့တွင် ပြည်သူများက အားရဝမ်းသာ အောင်သပြေများဖြင့် ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။ မင်းရွာရဲစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဂန့်ဂေါခရိုင် အမှတ် (၁/၇/၁၁/၁၂/၁၄/၁၉) တပ်ရင်းများ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF Column - 3 ၊ Hyper UAV Force၊ ရပ်ကျေး ပ.က.ဖ အဖွဲ့များက နိုဝင်ဘာလ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆) ဦး သေဆုံး၊ စစ်သုံ့ပန်းအဖြစ်…
Read More
မင်းရွာရဲကင်းစခန်းအား ဒေသခံပူးပေါင်းတပ်ဖွဲ့များ ရာနှုန်းပြည့် တိုက်ခိုက်သိမ်းပိုက်

မင်းရွာရဲကင်းစခန်းအား ဒေသခံပူးပေါင်းတပ်ဖွဲ့များ ရာနှုန်းပြည့် တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၃)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို ယနေ့ နံနက်ပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းပြီး သွားရောက်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရသည်။   မင်းရွာ နယ်မြေခံရဲစခန်းအား ရာနှုန်းပြည့် သိမ်းနိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပွင့်ဗိုလ် အေးမင်းစိုးအပါအဝင် သေဆုံးမှုများရှိကြောင်း၊ စစ်သုံ့ပန်း အချို့လည်း ဖမ်းဆီးရမိကြောင်း၊ လက်နက်ငယ် ၃၀ ကျော်နှင့် လက်နက်ကြီးများလည်း သိမ်းဆည်းရမိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ (more…)
Read More
၁၀၂၇ စစ်ဆင်ရေးကို အတုယူကြ၊ စစ်ရေးအရှိန်မြှင့်တင်ကြ၊ လွတ်မြောက်ရေးအတွက် ရုန်းထွက်ကြ

၁၀၂၇ စစ်ဆင်ရေးကို အတုယူကြ၊ စစ်ရေးအရှိန်မြှင့်တင်ကြ၊ လွတ်မြောက်ရေးအတွက် ရုန်းထွက်ကြ

"ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ရေးကြသည့် အညာသူ အညာသားများကို စစ်ကောင်စီမည်သည့်အခါမျှ အနိုင်ယူနိုင်မည် မဟုတ်သော်လည်း လက်နက်ခဲယမ်းရှားပါးသည့် ပြဿနာကြောင့် တော်လှန်ရေးရဲဘော်များ၏ အသက်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များ ဆုံးရှုံးနေရသည်မှာ အားလုံးအသိ" လင်းယုန် တောင်ပိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်ပြီးတော့ အညာဒေသရှိ တော်လှန်ရေးအင်အားစုများကို နီးစပ်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပြည်သူများ၊ ဒေသခံတော်လှန်ရေးအင်အားစုများအချင်းချင်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ဝိုင်းဝန်းကူညီ ပေးရန်လိုအပ်ပါသည်။ အညာဒေသအတွင်းရှိ မြို့၊ ရွာတော်တော်များများသည် စစ်ကောင်စီ၏လွှမ်း မိုးမှုနှင့် အမျိုး၊ ဘာသာ၊ သာသနာကိုအကြောင်းပြပြီး ချုပ်ကိုင်ထိန်းချုပ်မှုအောက်တွင်နှစ်ပေါင်းများစွာကျင်လည် ဖြတ်သန်းလာခဲ့ကြသည့်ဒေသများဖြစ်သည်။ မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူ့စစ်များ၊ ပျူစောထီးအမည်ခံ စစ်တပ်ထောက်ခံသူများနှင့် စစ်အုပ်စုများက အညာဒေသခံပြည်သူများကို ဒုက္ခ ပေါင်းစုံပေးပြီး ဖိနှိပ်တိုက်ခိုက်နေကြောင်းတွေ့ရသည်။ စစ်ကိုင်းနှင့်အနီးစပ်ဆုံးတိုင်းရင်းသား…
Read More