စိုးမိုးနယ်မြေအတွင်းမှ ကျောင်းဆရာ/ဆရာမများအား နှောက်ယှက်သူများကို အရေးယူမည်

RNA_မေ(၁၉)၊၂၀၂၅ခုနှစ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနှင့် မြေပြန်ဒေသ စစ်ဆင်ရေးလှုပ်ရှားနယ်မြေနှင့် ထိစပ်သောနယ်မြေများနှင့် စိုးမိုးဒေသအတွင်း ကျောင်းနေအရွယ်ကလေးသူငယ်များ ပညာသင်ကြားရန်လိုအပ်သည့်အတွက် တာဝန်ထမ်းဆောင်နေသော ကျောင်း ဆရာ/ဆရာမများအား နှောက်ယှက်ဟန့်တားခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းစသည့်တို့ကို ပြုလုပ်သူများအား အရေးယူမည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုမှ ထုတ်ပြန်ထားသည်။

အခြေခံပညာ ကျောင်းများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် အခြေခံပညာအဆင့် ကျောင်း ဆရာ/ဆရာမများအား ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ဟန့်တားခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပညာသင်ကြားမှု ကျောင်းကိစ္စများအား ဝင်ရောက်စွက်ဖက်ခြင်းအား ချင်းကာကွယ်ရေးတပ် – အရှိုအနေဖြင့် လုံး၀(လုံး၀)ပြုလုပ်မည် မဟုတ်ကြောင်းနှင့် ထို့ကဲ့သို့ ပြုလုပ်သူ မည်သူမဆိုအား တားမြစ်အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။


အခြေခံပညာအဆင့် ပညာရေးဝန်ထမ်းများအနေဖြင့် ကျောင်းနေအရွယ် ကလေးများအား စေတနာ၊ ဝါသနာ၊ အနစ်နာ ( ၃ ) ချက်ကို ခံယူအလေးထားလျှက် လွတ်လပ်စွာ သင်ကြားမှု ပြုလုပ်ပါရန်လည်း အားလုံးကို မေတ္တာရပ်ခံအပ်ကြောင်း၊ ၂၀၂၅ – ၂၀၂၆ အခြေခံပညာသင်နှစ်အတွက် အခြေခံကျောင်းများ စတင်ဖွင့်လှစ်‌တော့မည်ဖြစ်ရာ ကျောင်းနေအရွယ်ကလေး သူငယ်များ ပညာသင်ကြားရန်လိုအပ်လျှက်ရှိ‌ကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor