KTV သွားသည့် စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးကို PDF ဖမ်းဆီး

RNA_မေ(၂၄)၊၂၀၂၅ခုနှစ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ရဲဒုတပ်ကြပ်သီဟအောင်၊ ရဲတပ်သားလှဘုန်း၊ ရဲတပ်သားတို့သည် ပခုက္ကူမြို့ရှိ KTV သို့ မေလ ၁၈ ရက်နေ့က သွားရောက်စဉ် လမ်း၌ Southern Local PDF နှင့်မဟာမိတ်များက ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီလက်အောက်ခံ ရဲ (၃) ဦးကိုဖမ်းဆီးရမိစဉ်အတွင်း လက်ပစ်ဗုံး (၂) လုံး၊ ဖုန်း (၃) လုံး၊ ငွေကျပ် ၂ ကျပ်နီးပါးတို့ကို သိမ်းဆည်းရမိကြောင်း၊ ဖမ်းဆီးရမိသော ရဲ (၃) ဦးအား စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု Southern Local PDF ကထုတ်ပြန်ထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency

By RNA Editor