Red News Agency

Independent Journalism for Justice and Human Rights.

စခန်းသိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များကို အောင်သပြေများဖြင့် ပြည်သူများကြိုဆို

RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်တွင် စစ်ဆင်ရေးများအတွင်း စခန်းများသိမ်းနိုင်ခဲ့ပြီး မိခင်တပ်ရင်းထံ ဧပြီလ (၁၅) ရက်နေ့က ပြန်ရောက်လာသော ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များကို အောင်သပြေများဖြင့် ဒေသခံပြည်သူများက ဝမ်းသာအားရ ကြိုဆိုခဲ့ကြသည်။

[embedyt] https://www.youtube.com/watch?v=ytkl091gvmI[/embedyt]

ချင်းအမျိုးသားတပ်ဦး (CNA)ကွပ်ကဲမှုဖြင့် Major Operation စတင်သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်းရှီ ကမ်းပါးနီ စစ်ကောင်စီစခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဖေဖော်ရီလ ၁၅ ရက်နေ့တွင်လည်း ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်အကြားရှိ မှန်တောရွာနှင့် အောင်သာယာ (အနောက်) ရွာရှိ စစ်ကောင်စီ၏ စခန်းများအား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၁၁ ရက်နေ့ကလည်း ကလေးနယ်မြို့နယ်တောင်ပိုင်းအဆုံး ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ စစ်ကောင်စီအမာခံရွာဖြစ်သည့် ကြံသာရွာရှိစစ်ကောင်စီနှင့် ပျူစောထီးများအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုများတွင် မဟာမိတ်များနှင့်အတူ ABSDF အမှတ် (၃) စစ်ကြောင်းရဲဘော်များလည်း ပါဝင်ခဲ့သည်။

 

ကမ်းပါနီ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် ABSDF မှ ဒုတပ်စိတ်မှူး ရဲဘော်ကနောင်(ခ) သဲကိုအောင် ကျဆုံးခဲ့ရပြီး၊ ကြံသာရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင် ABSDF မှ တပ်စုမှူး ရဲဘော်မြအောင် (ခ)လင်ကွန်းကျဆုံးခဲ့ရသည့်အတွက် (၂) လဝန်းကျင် ကြာမြင့်သည့် စစ်ဆင်ရေးအတွင်း ABSDF မှ ရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၆ ဦး ဒါဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#RedNewsAgency #REDNEWS #RNA