မကွေးတိုင်

ချင်းတောင်ပိုင်း၌ အထိနာနေသည့် စစ်အုပ်စု ဆောမြို့နယ်၌ အင်အားရာနှင့်ချီ ဖြည့်တင်းနေ

ချင်းတောင်ပိုင်း၌ အထိနာနေသည့် စစ်အုပ်စု ဆောမြို့နယ်၌ အင်အားရာနှင့်ချီ ဖြည့်တင်းနေ

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။ ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ် ဆောမြို့နယ်သို့ ဦးတည်ကာ မကွေးမြို့မှထွက်လာသည့် စစ်အုပ်စုက စစ်ကား (၂၀၀) နီးပါးဖြင့် စစ်ကူအင်အားဖြည့်တင်းရန် လုပ်ဆောင်နေကြောင်း မကွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ (စက်တင်ဘာ ၁၉ ရက်) ထုတ်ပြန်ထားသည်။ ချင်းပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်းအစပ်၌ တိုက်ပွဲများပြင်းထန်နေချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက် မြေပြင်စစ်ကြောင်းများ အထိနာမှုများလည်း ရှိနေခြင်းဖြစ်ပြီး စစ်ကူအင်အားဖြည့်တင်းမှုမျာကို အကြိမ်ကြိမ် လုပ်ဆောင်နေရခြင်း ဖြစ်သည်။ ယင်းစစ်ကူအင်အားများသည် ရှမ်းပြည်နယ်အခြေစိုက်တပ်များနှင့် မန္တလေးတိုင်း မတ္တရာမြို့နယ် အခြေစိုက်တပ်များဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၈၈) မှ ဦးဆောင်ကာ မကွေးမြို့မှ ဆောမြို့နယ်ဘက်သို့ စစ်ကား…
Read More
မြေပြင်စစ်ကြောင်းအထိနာနေသည့် စစ်အုပ်စုက ကန်ပက်လက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်၊

မြေပြင်စစ်ကြောင်းအထိနာနေသည့် စစ်အုပ်စုက ကန်ပက်လက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်၊

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ရှိ ကျေးရွာတစ်ခုကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံနေအိမ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာန က ထုတ်ပြန်ထားသည်။ ယနေ့ (စက်တင်ဘာ ၁၉ ရက်) နံနက်ပိုင်း ၇ နာရီဝန်းကျင်က ကန်ပက်လက်မြို့နယ် ကျေးရွာတစ်ခုကို စစ်အုပ်စုက ဂျက်ဖိုက်တာ (၂) စီးဖြင့် ဗုံး (၆) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ခြင်း ဖြစ်သည်။ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ထိခိုက်ဒဏ်ရာရမှုရှိ မရှိအခြေအနေနဲ့ပတ်သက်ပြီး ချင်းညီနောင် (CB) ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။ ယခု စက်တင်ဘာ (၁၆) ရက်ကလည်း ကန်ပက်လက်မြို့နယ်အတွင်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းကြောင့်…
Read More
ဒရုန်းနှင့် စစ်ဘက်ဆိုင်ရာ ခေတ်မီနည်းပညာစွမ်းရည်များကို အလေးထားမြှင့်တင်ကြရန် NUG ယာယီသမ္မတ ပြော

ဒရုန်းနှင့် စစ်ဘက်ဆိုင်ရာ ခေတ်မီနည်းပညာစွမ်းရည်များကို အလေးထားမြှင့်တင်ကြရန် NUG ယာယီသမ္မတ ပြော

RNA_စက်တင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များမှ ခေါင်းဆောင်များအနေဖြင့် ဒရုန်းနှင့် ခေတ်မီနည်းပညာများ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားပြီး စွမ်းရည်မြှင့်တင်ရေးကို စနစ်တကျ အလေးထားဆောင်ရွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ (စက်တင်ဘာ ၁၇ ရက်) ပြောကြားခဲ့သည်။ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အမှတ် (၁) စစ်ဒေသ၏ (၅) နှစ်ပြည့်အခမ်းအနား သဝဏ်လွှာ၌ NUG ယာယီသမ္မတက ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာနှ့် စစ်ရေးဆိုင်ရာစွမ်းရည်မျာကို အချိန်နှင့်တပြေးညီ လေ့လာသုံးသပ်ကာ လိုက်လျောညီထွေ ပြင်ဆင်နိုင်ရန်လိုကြောင်း၊ သက်ဆိုင်ရာခေါင်းဆောင်များမှ ရေရှည်အမြင်ဖြင့် စီမံကိန်းရေးဆွဲ ဆောင်ရွက်ရန်လိုကြောင်း ထည့်သွင်းပြောကြားထားသည်။ အမှတ် (၁) စစ်ဒေသကို ဗဟိုကွပ်ကဲရေးနှင့်…
Read More
မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဒုဝန်ကြီးချုပ်အဖြစ် ဦးချစ်ဝင်းမောင် နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ဦးလက်ယာ တို့ကို အတည်ပြု

မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဒုဝန်ကြီးချုပ်အဖြစ် ဦးချစ်ဝင်းမောင် နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ဦးလက်ယာ တို့ကို အတည်ပြု

RNA_မတ်(၁၃)၊၂၀၂၆ခုနှစ်။   မကွေးတိုင်း၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် အဖြစ် ဦးချစ်ဝင်းမောင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးလက်ယာ(ခ) ဖိုးကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ထွန်းစသည့် ဝန်ကြီးများကို မတ်လ ၁၂ ရက်နေ့က အတည်ပြု ခန့်အပ်ခဲ့ကြောင်း သိရသည်။   ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်မှ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံဆိုင်ရာဥပဒေ ပုဒ်မ ၆၂ အရတင်သွင်းလာသော ဒုတိယဝန်ကြီးချုပ်လောင်းနှင့် ဝန်ကြီးလောင်းများ၊ အစီအမံဆိုင်ရာဥပဒေပုဒ်မ ၇၇ အရ ရှေ့နေချုပ်လောင်းအမည်စာရင်းကို အစီအမံဆိုင်ရာဥပဒေ ၆၃ အရ လွှတ်တော် ဥက္ကဋ္ဌကလွှတ်တော် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်၏ သဘောထားရယူကာ ကန့်ကွက်သူမရှိ ထောက်ခံကြပါသဖြင့် အတည်ပြုနိုင်ခဲ့သည်ဟု မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ထားသည်။ (more…)
Read More
နန်းထိုက်တော်ဝင် ယာဉ်မောင်းများ စစ်တပ်ဂိတ်နှင့်ပေါင်းပြီး ပေါ်တာဆွဲရာတွင် ပူးပေါင်းနေ

နန်းထိုက်တော်ဝင် ယာဉ်မောင်းများ စစ်တပ်ဂိတ်နှင့်ပေါင်းပြီး ပေါ်တာဆွဲရာတွင် ပူးပေါင်းနေ

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း၊ စကု၊ လယ်ကိုင်း၊ ကျောင်းတော်ရာ၊ ပွင့်ဖြူ၊ ကုန်းဇောင်း၊ စလင်း၊ ဆင်ဖြူကျွန်း စသည့်မြို့များမှ ရန်ကုန်သွားသည့် ခရီးသည်တင် နန်းထိုက်တော်ဝင် ယာဉ်မောင်းများသည် ကံပြားရှိအာဏာသိမ်းစစ်တပ်ဂိတ်နှင့်ပေါင်းပြီး ခရီးသွား အမျိုးသားများကို အဓမ္မစစ်မှုထမ်း ပေါ်တာဆွဲနေကြောင်း မင်းဘူးခရိုင်ရှိပြည်သူများထံမှ သိရသည်။ ရန်ကုန်အလုပ်သွားမည့် လူငယ် (၁၁) ဦးကို ယာဉ်မောင်းများနှင့် ကံပြားရှိစစ်တပ်ဂိတ်တို့ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့က အဓမ္မပေါ်တာဆွဲခဲ့ကြောင်း၊ စစ်မှုထမ်းကြောင်းပြ ပေါ်တာဆွဲခံရသူများကို တစ်ဦးလျှင် သိန်း ၁၅၀ ဖြင့်ရွေးရန် အသိပေးထားကြောင်း ပေါ်တာဆွဲခံရသည့် လူငယ် (၁၁) ဦးအကြောင်း သိရှိသူတစ်ဦးက ပြောပြသည်။ (more…)
Read More
မြို့သစ်မြို့နယ်မှာ စစ်တပ် အထူးယာဉ်တန်း တိုက်ခိုက်ခံရပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံး

မြို့သစ်မြို့နယ်မှာ စစ်တပ် အထူးယာဉ်တန်း တိုက်ခိုက်ခံရပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံး

RNA_ဇန်နဝါရီ(၇)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာအနီး၊ ကန်ပြားလမ်းပိုင်း တစ်နေရာ၌ အာဏာသိမ်းစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂) အား ဟန့်တားသည့်အနေဖြင့် အာဏာသိမ်းစစ်တပ်၏ ယာဉ် (၄) စီးပါ အထူးယဉ်တန်းအား ဇန်နဝါရီ ၆ ရက်နေ့က ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံးကြောင်း သိရသည်။ တိုက်ခိုက်ခံရမှုအတွင်း ရွေးကောက်ပွဲကော်မရှင်အရာရှိ တစ်ဦးအပါအဝင် (၈)ဦး သေဆုံးသွားခဲ့ပြီး၊ G3 သေနတ် (၂)လက်၊ ၎င်းကျည် (၁၆၁) တောင့်နှင့် ကျည်ဘောက် (၃)ခု သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲ ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးကို NUG အရေးယူ

စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲ ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးကို NUG အရေးယူ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၅ခုနှစ်။ အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအတွက် ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သက်ဝေအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် အညီ အရေးယူအပြစ်ပေးနိုင်ရန် NUG စလင်းမြို့နယ် တရားရေးအဖွဲ့မှ တရားရေးလုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်နေသည်ဟု ယနေ့ NUG ကထုတ်ပြန်ထားသည်။ ဖမ်းဆီးရမိထားသည့် တရားခံ သက်ဝေ (အဖ) ဦးခင်မောင်ထွန်းသည် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး စစ်အုပ်စု၏ ရွေးကောက်ပွဲ​မှာ ဦးဆောင်ပါဝင်နေသည့်အတွက် ပြည်သူအား အကြမ်းဖက်မှုပြုလုပ်နေသည်ဟု NUG ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ

အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ

RNA_အောက်တိုဘာ(၁၁)၊၂၀၂၅ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း သိမ်းရန်ကျန်ရှိနေသော မြို့များကို အာရက္ခတပ်တော်မှ ဆက်လက်သိမ်းပိုက်ရန် ကြိုးစားနေသည်နှင့်တစ်ပြိုင်နက် အာရက္ခဒေသနှင့် နယ်မြေချင်းထိစပ်နေသော မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း)နှင့် ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြို့နယ်အတွင်း) တို့အတွင်း စစ်ကော်မရှင်တပ်၏ တန်ပြန်ထိုးစစ်ကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။ လက်ရှိအချိန်တွင် အာရက္ခတပ်တော် နှင့် စစ်ကော်မရှင်တို့ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျသော နေရာ (၅) ခု၌ အပြန်အလှန်ထိုးစစ်များနှင့်အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခဲ့ကြသည်မှာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင်စစ်ကော်မရှင်မှ အာရက္ခတပ်တော် ထိန်းချုပ်ထားရာနေရာများထဲမှ အချို့သောနေရာများအား ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်ဟု ပြောကြားထားသည်။ (more…)
Read More
အာရက္ခတပ်တော်နှင့် မိနစ် ၃၀ ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံး

အာရက္ခတပ်တော်နှင့် မိနစ် ၃၀ ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံး

RNA_ဩဂုတ်(၁၆)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ မြောက်ဘက် မီတာ (၃၀၀၀) ကျော်အကွာအဝေးရှိ အာရက္ခတပ်တော် တပ်ဖွဲ့များရှိရာသို့ အကြမ်းဖက်စစ်ကော်မရှင်တပ် တပ်မ (၉၉) လက်အောက်ခံတပ်များ ဩဂုတ်လ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီ ၅၄ မိနစ်ခန့်က ထိုးစစ်ဆင်လာသည့်အတွက် မိနစ် (၃၀) ခန့်တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံးသည်ဟု အာရက္ခတပ်တော်က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
တညောင်ရဲစခန်းတိုက်ပွဲတွင် ရဲ (၈) ဦးကျဆုံးပြီး ရဲမိသားစုဝင်များအား ဖမ်းဆီးထား

တညောင်ရဲစခန်းတိုက်ပွဲတွင် ရဲ (၈) ဦးကျဆုံးပြီး ရဲမိသားစုဝင်များအား ဖမ်းဆီးထား

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းအား စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များက ယနေ့ (ဇူလိုင် ၃၀ ရက်) နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က ဝင်ရောက်တိုက်ခိုက်ကာ စခန်းတစ်ခုလုံးအား သိမ်းဆည်းပြီး မီးရှို့နိုင်ခဲ့သည့်အပြင် ရဲမိသားစုဝင်များအား ဖမ်းဆီးထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။ (more…)
Read More