မကွေးတိုင်

အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ

အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ

RNA_အောက်တိုဘာ(၁၁)၊၂၀၂၅ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း သိမ်းရန်ကျန်ရှိနေသော မြို့များကို အာရက္ခတပ်တော်မှ ဆက်လက်သိမ်းပိုက်ရန် ကြိုးစားနေသည်နှင့်တစ်ပြိုင်နက် အာရက္ခဒေသနှင့် နယ်မြေချင်းထိစပ်နေသော မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း)နှင့် ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြို့နယ်အတွင်း) တို့အတွင်း စစ်ကော်မရှင်တပ်၏ တန်ပြန်ထိုးစစ်ကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။ လက်ရှိအချိန်တွင် အာရက္ခတပ်တော် နှင့် စစ်ကော်မရှင်တို့ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျသော နေရာ (၅) ခု၌ အပြန်အလှန်ထိုးစစ်များနှင့်အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခဲ့ကြသည်မှာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင်စစ်ကော်မရှင်မှ အာရက္ခတပ်တော် ထိန်းချုပ်ထားရာနေရာများထဲမှ အချို့သောနေရာများအား ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်ဟု ပြောကြားထားသည်။ (more…)
Read More
အာရက္ခတပ်တော်နှင့် မိနစ် ၃၀ ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံး

အာရက္ခတပ်တော်နှင့် မိနစ် ၃၀ ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံး

RNA_ဩဂုတ်(၁၆)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ မြောက်ဘက် မီတာ (၃၀၀၀) ကျော်အကွာအဝေးရှိ အာရက္ခတပ်တော် တပ်ဖွဲ့များရှိရာသို့ အကြမ်းဖက်စစ်ကော်မရှင်တပ် တပ်မ (၉၉) လက်အောက်ခံတပ်များ ဩဂုတ်လ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီ ၅၄ မိနစ်ခန့်က ထိုးစစ်ဆင်လာသည့်အတွက် မိနစ် (၃၀) ခန့်တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ အနည်းဆုံး ၂၀ ခန့်သေဆုံးသည်ဟု အာရက္ခတပ်တော်က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
တညောင်ရဲစခန်းတိုက်ပွဲတွင် ရဲ (၈) ဦးကျဆုံးပြီး ရဲမိသားစုဝင်များအား ဖမ်းဆီးထား

တညောင်ရဲစခန်းတိုက်ပွဲတွင် ရဲ (၈) ဦးကျဆုံးပြီး ရဲမိသားစုဝင်များအား ဖမ်းဆီးထား

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းအား စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များက ယနေ့ (ဇူလိုင် ၃၀ ရက်) နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က ဝင်ရောက်တိုက်ခိုက်ကာ စခန်းတစ်ခုလုံးအား သိမ်းဆည်းပြီး မီးရှို့နိုင်ခဲ့သည့်အပြင် ရဲမိသားစုဝင်များအား ဖမ်းဆီးထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။ (more…)
Read More
ပြည်သူ့တော်လှန်ရေးတပ်ဦးမှ မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်စိုင်းနောင် (ခ) ရဲဘော်ထွန်းခ ဈာပန

ပြည်သူ့တော်လှန်ရေးတပ်ဦးမှ မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်စိုင်းနောင် (ခ) ရဲဘော်ထွန်းခ ဈာပန

RNA_ဇူလိုင်(၂၃)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းတိုက်ပွဲတွင် မြင့်မြတ်စွာကျဆုံးခဲ့ရသော ပြည်သူ့တော်လှန်ရေးတပ်ဦး၏ တပ်စု၂၊ တပ်စုမှူး၊ အမှတ် (၈) စစ်ကြောင်း၏ တပ်စိတ်မှူး ရဲဘော်စိုင်းနောင်(ခ)ရဲဘော်ထွန်းခ (အသက် ၁၉ နှစ်)၏ ဈာပနအခမ်းအနားကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၏ ယာယီဌာနချုပ် တနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို အမှတ် (၈) စစ်ကြောင်းရဲဘော်များနှင့် မဟာမိတ်များပူးပေါင်းပြီး ဇူလိုင်လ (၁၇) ရက်နေ့က တိုက်ခိုက်ခဲ့ကြသည့် တိုက်ပွဲတွင် ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)မှ ရဲဘော် စိုင်းနောင် (ခ) ရဲဘော် ထွန်းခနှင့် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ / ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၏ စစ်ဦးစီး‌ရေးချုပ် တာဝန်ဖြင့်လည်းကောင်း၊ အမှတ် (၈) စစ်ကြောင်း၏…
Read More
လက်ဆည်ရဲစခန်းတိုက်ပွဲတွင် ရဲဘော် (၂)ဦး မြင့်မြတ်စွာကျဆုံး

လက်ဆည်ရဲစခန်းတိုက်ပွဲတွင် ရဲဘော် (၂)ဦး မြင့်မြတ်စွာကျဆုံး

RNA_ဇူလိုင်(၂၁)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ရဲအင်အား (၂၅) ဦးခန့်အထိုင်ချတပ်စွဲထားသော လက်ဆည်ရဲစခန်းတိုက်ပွဲတွင် အမှတ် ( ၈ ) စစ်ကြောင်းမှ ရဲဘော် (၂) ဦး မြင့်မြတ်စွာကျဆုံးခဲ့သည်ဟု အမှတ် ၈၊ စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။ ဒေသတွင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ဇူလိုင် ၁၇ ရက်နေ့ နံနက် တိုက်ပွဲတွင် လက်ဆည်ရဲစခန်းရှိ ဘန်ကာများကို တဆင့်ချင်း တိုက်ခိုက်ချေမှုန်းခဲ့ရာ ရန်သူ့စခန်းတွင်းမှ ရဲတန်းလျား (၄)ဆောင်၊ ဘန်ကာ(၄)ခု အထိသိမ်းပိုက်နိုင်ခဲ့ပြီး၊ ပင်မ အဆောက်အဦ (၁)ဆောင်နှင့် ဘန်ကာ (၂) ခုသာ သိမ်းပိုက်ရန်ကျန်ရှိနေချိန် စစ်ကောင်စီတပ်စစ်ကူများရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု သိရသည်။ (more…)
Read More
စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပကဖ ရဲဘော်ဇနှီးမောင်နှံနှင့် CDM ကျောင်းဆရာမတို့ ကွယ်လွန်

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပကဖ ရဲဘော်ဇနှီးမောင်နှံနှင့် CDM ကျောင်းဆရာမတို့ ကွယ်လွန်

RNA_ဇူလိုင်(၁၇)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာအတွင်း စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံးမီးလောင်နေသည့်အတွက် မီးသတ်နေစဉ် လက်နက်ကြီးထပ်မံပစ်ခတ်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို(ပ.က.ဖ)မှ ရဲဘော်ကောက်ကြီး (ခ) မောင်ရန်နိုင် (အသက်၂၀ နှစ်)နှင့် ဇနီးဖြစ်သူ မသဇင်ဝေ ( အသက်၂၄နှစ်)တို့အပြင် CDMကျောင်းဆရာမ မနွေဦးမေ (အသက် ၃၁ နှစ်)၊ ကမ္ဘဲ့ကျေးရွာတွင်နေထိုင်သူ မောင်ရှင်းလင်းကို ( အသက်၁၇နှစ်) တို့ ကွယ်လွန်ခဲ့ရသည်ဟု သိရသည်။ (more…)
Read More
စီမံကိန်းရုံး တိုက်ပွဲတွင် PDF ရဲဘော်တစ်ဦးကျဆုံးပြီး ရဲဘော် (၆) ဦးဒဏ်ရာရ

စီမံကိန်းရုံး တိုက်ပွဲတွင် PDF ရဲဘော်တစ်ဦးကျဆုံးပြီး ရဲဘော် (၆) ဦးဒဏ်ရာရ

RNA_ဇူလိုင်(၁၁)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင် - ပခုက္ကူလမ်းပိုင်းရှိ စစ်ကောင်စီတပ် တပ်စွဲထားသော စီမံကိန်းရုံးတိုက်ပွဲတွင် Burma Revolution Rangers တပ်ဖွဲ့မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ရဲဘော်၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စီမံကိန်းရုံးတိုက်ပွဲကို ဇူလိုင်လ ၉ ရက်နေ့ နံနက် ၄ နာရီမှစတင်ကာ ည ၇ နာရီထိတိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်ကြားမှ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းသိမ်းနိုင်ပြီးနောက် စစ်သုံ့ပန်း (၁၂) ဦးနှင့်အတူ G3 ၁၀ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်၊ 79 ၁ လက်၊ G3 ဘောက် ၁၅…
Read More
မြိုင် – ပခုက္ကူလမ်းပိုင်းရှိ စစ်ကောင်စီစခန်းကို PDF များတိုက်ခိုက် စစ်သုံ့ပန်း (၁၂) ဦးဖမ်းဆီးရမိ

မြိုင် – ပခုက္ကူလမ်းပိုင်းရှိ စစ်ကောင်စီစခန်းကို PDF များတိုက်ခိုက် စစ်သုံ့ပန်း (၁၂) ဦးဖမ်းဆီးရမိ

RNA_ဇူလိုင်(၁၁)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မြိုင် - ပခုက္ကူလမ်းပိုင်းရှိ စစ်ကောင်စီစခန်းချနေထိုင်သော စီမံကိန်းရုံးကို PDF တပ်ဖွဲ့များက ဇူလိုင် ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်မှုအောင်မြင်ခဲ့ပြီး စစ်သုံ့ပန်း (၁၂) ဦးဖမ်းဆီးရမိသည်ဟု တမာမြေပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်စွဲထားသော စီမံကိန်းရုံးကို ဇူလိုင် ၉ ရက်နေ့က ဒေသခံတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး တစ်နေ့ကုန်နီးပါး (နံနက် ၄ နာရီကျော်မှ ည ၇ နာရီ) တိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများကို သိမ်းပိုက်ရရှိထားကြောင်း၊ စစ်ကောင်စီတပ်သားများလည်းသေဆုံးမှုရှိသည့်ပြင် တော်လှန်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။ (more…)
Read More
ကျောင်းသားလက်ရုံးတပ်တော်နှင့် MOD တပ်ရင်း တပ်ဖွဲ့များ စစ်ရေးအပြင် ဘဏ္ဍာရေးအရင်းအမြစ်များကို ပူးပေါင်းဆောင်ရွက်မည်

ကျောင်းသားလက်ရုံးတပ်တော်နှင့် MOD တပ်ရင်း တပ်ဖွဲ့များ စစ်ရေးအပြင် ဘဏ္ဍာရေးအရင်းအမြစ်များကို ပူးပေါင်းဆောင်ရွက်မည်

RNA_ဇူလိုင်(၂)၊၂၀၂၅ခုနှစ်။ မကွေးတိုင်းအတွင်း စစ်ရေးစီမံချက်များကို ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ တာဝန်ခွဲဝေကာ စစ်ဆင်ရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွကနိုင်ရေး သဘောတူထားပြီဖြစ်ကြောင်း သိရသည်။ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဦးဆောင်ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်တော်စုဝန်ကြီး ဦးရည်မွန်တို့ ဇွန်လ ၂၉ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ကျောင်းသားလက်ရုံးတပ်တော် အခြေစိုက် ဒေသများရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးဖလှယ်ခဲ့ကြပြီး သဘောတူညီမှုများရရှိခဲ့သည်ဟု ကျောင်းသာလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။ (more…)
Read More
ပေါက်တောင်ပိုင်းမှသည် မကွေးတိုင်း တစ်တိုင်းလုံးဆီသို့

ပေါက်တောင်ပိုင်းမှသည် မကွေးတိုင်း တစ်တိုင်းလုံးဆီသို့

RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။ မကွေးတိုင်းအတွင်း တစ်ခုတည်းသော တိုက်ပွဲဝင်ဆေးတပ်ဖြစ်သည့် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ (SPMNF) တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ ဆေးရုံ ဆေးခန်းနှင့် ဆေးတပ်သားများအပေါ် အငြိုးအတေးများကြားမှ "ပေါက်တောင်ပိုင်းမှသည် မကွေးတိုင်း တစ်တိုင်းလုံးဆီသို့" ဆိုသည့် ရည်ရွယ်ချက်အတိုင်း လျှောက်လှမ်းနေသည်ဟု စသဖြင့် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ (SPMNF) တာဝန်ခံ ရဲဘော်မင်းခေါင်က ပြောပြသည်။ #RedNewsAgency #RNA #RedNews
Read More