စစ်ဆေးရေးဂိတ်

နန်းထိုက်တော်ဝင် ယာဉ်မောင်းများ စစ်တပ်ဂိတ်နှင့်ပေါင်းပြီး ပေါ်တာဆွဲရာတွင် ပူးပေါင်းနေ

နန်းထိုက်တော်ဝင် ယာဉ်မောင်းများ စစ်တပ်ဂိတ်နှင့်ပေါင်းပြီး ပေါ်တာဆွဲရာတွင် ပူးပေါင်းနေ

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း၊ စကု၊ လယ်ကိုင်း၊ ကျောင်းတော်ရာ၊ ပွင့်ဖြူ၊ ကုန်းဇောင်း၊ စလင်း၊ ဆင်ဖြူကျွန်း စသည့်မြို့များမှ ရန်ကုန်သွားသည့် ခရီးသည်တင် နန်းထိုက်တော်ဝင် ယာဉ်မောင်းများသည် ကံပြားရှိအာဏာသိမ်းစစ်တပ်ဂိတ်နှင့်ပေါင်းပြီး ခရီးသွား အမျိုးသားများကို အဓမ္မစစ်မှုထမ်း ပေါ်တာဆွဲနေကြောင်း မင်းဘူးခရိုင်ရှိပြည်သူများထံမှ သိရသည်။ ရန်ကုန်အလုပ်သွားမည့် လူငယ် (၁၁) ဦးကို ယာဉ်မောင်းများနှင့် ကံပြားရှိစစ်တပ်ဂိတ်တို့ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့က အဓမ္မပေါ်တာဆွဲခဲ့ကြောင်း၊ စစ်မှုထမ်းကြောင်းပြ ပေါ်တာဆွဲခံရသူများကို တစ်ဦးလျှင် သိန်း ၁၅၀ ဖြင့်ရွေးရန် အသိပေးထားကြောင်း ပေါ်တာဆွဲခံရသည့် လူငယ် (၁၁) ဦးအကြောင်း သိရှိသူတစ်ဦးက ပြောပြသည်။ (more…)
Read More
မဲချောင်းစခန်းကုန်နှင့် စစ်ဆေးရေးဂိတ် တိုက်ပွဲတွင် စကစတပ်သား (၅) ဦးထက်မနည်းသေဆုံးပြီး ရဲဘော် (၃) ဦးကျဆုံး

မဲချောင်းစခန်းကုန်နှင့် စစ်ဆေးရေးဂိတ် တိုက်ပွဲတွင် စကစတပ်သား (၅) ဦးထက်မနည်းသေဆုံးပြီး ရဲဘော် (၃) ဦးကျဆုံး

RNA_ဇန်နဝါရီ(၈)၊၂၀၂၄ခုနှစ်။   တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မဲချောင်း (ရှစ်မိုင်) စခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၅) ဦးထက်မနည်းသေဆုံး​ လက်နက်ခဲယမ်းများနှင့် ဂိတ်ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးခဲ့ကြောင်း သိရသည်။ (more…)
Read More