စစ်အာဏာရှင်

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၅၀၅ (ခ) ဖြင့် တရားစွဲခံရ

ဒီလှိုင်း။ မကွေး၊ ဖေဖော်ဝါရီ ၂၃ ရက်။ မကွေးတိုင်းဒေသကြီီီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို လက်ထောက်ညွန်ကြားရေးမှူးက တရားလိုပြုလုပ်ကာ ဒီကနေ့ (ဖေဖော် ဝါရီလ ၂၃ ရက်) မှာ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုလိုက်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောသည်။ Red News Agency
Read More
လီလီပန်းကလေးများရဲ့ ဇာတ်လမ်းအစမှ ဝမ်းနည်းခြင်းမှတ်တမ်းစာ သဝဏ်လွှာအဆုံး

လီလီပန်းကလေးများရဲ့ ဇာတ်လမ်းအစမှ ဝမ်းနည်းခြင်းမှတ်တမ်းစာ သဝဏ်လွှာအဆုံး

နိုင်ငံရေးအရ လုပ်ဖော်ကိုင်ဖက်များ သွေးသားတော်စပ်မှုအရ ညီအစ်ကိုရင်းချာ သွေးရင်းသားရင်းများဖြစ်စေကာမူ အယူအဆ မညီမျှ လောဘ အာဏာ ရမ္မက် ဆူပွက်ထန်ပြင်းမှုများက လူသားတို့၏ ရင်အစုံကို ကိုင်ဆုတ်ရိုက်ခတ်လာသည့်အခါ ။ ရဲဘော်ရဲဘက်အချင်းချင်း ညီနောင်သားရင်း အချင်းချင်းကြားမှာ အာဏာလွန်ဆွဲမှုများ မတော်လောဘများ ခါးသီးအမျက်အညှိုးများ အမုန်းအာဃတမီးတောက်များ အလျှံလျှံညီးညီး တောက်လောင်ကျွမ်းခဲ့ကြသည် သက်ဝေ ခုလို ဇူလိုင်လ မိုးရေစက်တွေကြားမှာ ချစ်ခင်လေးစားရသော ဆရာသမားတစ်ယောက်ရေးသားခဲ့သည် ဦးထုပ်မြင့်မြင့်ဆောင်းသူများဆိုသော ရသခံစားမှု အက်ဆေးဆောင်းပါးလေးကို တခုတ်တရနှင့် သတိတရရှိနေမိသည်။ အလားတူ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ဟောကြားမိန့်မှာဖူးသော လူဆိုတာ ကံတွေ ဉာဏ်တွေ တလူလူလွှင့်ထူထားသော လူသားများဖြစ်သည်ဆိုသော တရားတော်ကို ညွှတ်နူးစွာ နာယူနေမိသည်။ ထိုမျှမက စာပေဟောပြောပွဲစင်မြင့်များပေါ်တွင်…
Read More