Red News Agency

Independent Journalism for Justice and Human Rights.

AA အား ထောက်ပံ့ပေးသည့် အမာခံများအား စုံစမ်းဖော်ထုတ် အရေးယူရန် နပခတိုင်းမှူးမှ ညွှန်ကြား 

Written by

in

RNA_စက်တင်ဘာ(၂၂)၊၂၀၂၂ခုနှစ်။

စစ်ကောင်စီတပ်လက်အောက်ခံ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူးမှ ‌AAအား ထောက်ပံ့ပေးနေသည့် အမာခံများအား စုံစမ်းဖော်ထုတ်အရေးယူရန် စက်တင်ဘာလ (၂၀) ရက်နေ့က Video Conferencing ဖြင့် နပခကွပ်ကဲမှုအောက်ရှိ တမခမှူး၊ စကခမှူး၊ ရေတပ်ဌနခမှူး၊ နဖ(၁)မှူး၊ စဗာမှူး၊ နဗဟမှူး၊ လကရကျောင်းအုပ်ကြီးများ၊ တပ်ဖွဲ့မှူးများအား ညွှန်ကြားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများအား ခေါ်ယူ၍ အစည်းအဝေးပြုလုပ်ပြီး AA နှင့် ဆက်သွယ်မှုပြုလုပ်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု ပြောကြားထားရန်နှင့် ကုန်လမ်း၊ ရေလမ်းကြောင်းများရှိ စစ်ဆေးရေးဂိတ်များ စနစ်တကျ စစ်ဆေးသွားရန် ညွှန်ကြားထား သည်။

ရခိုင်ပြည်နယ် နယ်စပ်တလျှောက်မှ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်မတော် – AA မှ ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်ခြင်း၊ တရားရေးအပါအဝင် အုပ်ချုပ်ရေးယန္တရားများကို ဖော်ဆောင်နေခြင်းစသည့် နယ်မြေစိုးမိုးမှုများစွာကို AA မှ အကောင် အထည်ဖော်နေကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးမှု များပြားနေကြောင်း သိရသည်။

စစ်ကောင်စီတပ် နစခ တိုင်းမှူးမှ စစ်ကြောင်း ထွက်ခွာစဉ် စနစ်တကျ မိုင်းရှင်းလင်းပြီး စစ်နည်းဗျူဟာမြောက် ချီတက်သွားလာရန်၊ တပ်ဖွဲ့ဝင် မိသားစုများအား တပ်ရန်ပုံငွေများဖြင့်သက်သာချောင်ချိရေး ဆောင်ရွက်ရန်နှင့် တပ်ဖွဲ့ဝင်၊ မိသားစုများ စာရေးသောက်ရေးအတွက် ရိက္ခာအမယ်စုံများ စုဆောင်းထားရန် ညွှန်ကြားခဲ့သည်။

Red News Agency