စစ်အာဏာရှင်

မြန်မာ့မူးယစ်လောကနဲ့ သစ္စာရှင် သစ္စာခံများ၏ နောက်ကွယ်မှ ဇာတ်ရှုပ်များ

မြန်မာ့မူးယစ်လောကနဲ့ သစ္စာရှင် သစ္စာခံများ၏ နောက်ကွယ်မှ ဇာတ်ရှုပ်များ

"မူးယစ်ဆေးဝါး ပြဿနာသည် သာမန်ရာဇဝတ်မှုတစ်ခု (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြဿနာသက်သက် မဟုတ်ဘဲ၊ နိုင်ငံတော်၏ အာဏာတည်ဆောက်မှု ဗိသုကာနှင့် ဆက်စပ်နေသည်။ တပ်မတော်နှင့်၎င်းတို့၏ မဟာမိတ်များ (ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များ)သည် နယ်မြေထိန်းချုပ်ရေး၊ စစ်ရေး ရန်ပုံငွေနှင့်ကိုယ်ပိုင်အကျိုး အမြတ်တို့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်မှု၏ ဗဟိုချက်အဖြစ် ရပ်တည်နေသည်" ရန်နိုင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းဖြူ/ဘိန်းစိမ်း (Opium/Heroin) ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည့်အပြင်၊ မက်သာဖက်တမင်း (Methamphetamine) ကဲ့သို့သော ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်မှုတွင် ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူအဖြစ် သတ်မှတ်ခံထားရသည်။ အဆိုပါ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းကြီးများသည် မြန်မာနိုင်ငံ၏ တရားမဝင် စီးပွားရေးစနစ်၏ အချက်အချာတွင် ရှိနေပြီး၊ နိုင်ငံ၏ စစ်ရေးပဋိပက္ခများနှင့် နိုင်ငံရေး…
Read More
ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း (၄၉) နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း (၄၉) နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

RNA_ဇွန်(၂၆)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုဦးဆောင်ပြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကျဆုံးခြင်းအထိမ်းအမှတ်အဖြစ် ယနေ့ (ဇွန်လ ၂၆ ရက်) တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။   Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1 #RedNewsAgency #REDNEWS #RNA
Read More
ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ် ဘာ့ကြောင့်ကြောက်တာလဲ

ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ် ဘာ့ကြောင့်ကြောက်တာလဲ

RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။   ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ်ဘာ့ကြောင့်ကြောက်တာလဲ၊ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် NUG ဆက်ဆံရေး အခြေအနေတစ် ချို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က Red News Agnecy နှင့် အင်တာဗျူးတွင်ပြောကြားထားသည်။   Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1   #RedNewsAgency #REDNEWS #RNA #PLA #ဗမာပြည်ကွန်မြူနစ်ပါတီ
Read More
သမိုင်းကိုလည်း မအနဲ့ …အာဏာရှင်ဆိုတာလည်း မမေ့နဲ့

သမိုင်းကိုလည်း မအနဲ့ …အာဏာရှင်ဆိုတာလည်း မမေ့နဲ့

"အချုပ်အခြာအာဏာဆိုသည်မှာ တိုင်းပြည်တစ်ခုကို စည်းကမ်းနည်းလမ်းကျနစွာဖြင့် မောင်းနှင် ထိန်းသိမ်းနိုင်ရန် အတွက်၎င်း၊ ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်မှုကို ကာကွယ်ရန်အတွက် ၎င်းလိုအပ်သည့် အာဏာမျိုးဖြစ်ပါတယ်။ စစ်အာဏာရှင်များဖြစ်တဲ့နေဝင်းအာဏာစသိမ်းမှုမှ စပြီး ယနေ့မင်းအောင်လှိုင်အာဏာသိမ်းမှုမှာ ပြည်သူများရဲ့ အကျိုးစီးပွားတိုးတက်မှုကာကွယ်ဖို့ အသာထား၊ ဆင်းရဲကြပ်တည်းမှုမျိုးစုံ ရင်ဆိုင်ကြုံရခြင်းသည် အာဏာရှင်စနစ်ကြောင့်ဖြစ်ပါတယ်" ပင်လယ်သူ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၄၈ -၁၉၇၄ )တွင် ပြည်ထောင်စုသမ္မတများအဖြစ် ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ စဝ်ရွှေသိုက် ၄ နှစ် ၇၂ရက်၊ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးဘဦးသည် ၄နှစ် ၃၆၂ရက်၊ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ မန်းဝင်းမောင်သည် ၄နှစ် ၃၅၄ရက်ကြာ အုပ်ချုပ်ရေးတာဝန်ယူခဲ့ကြပါတယ်။ တပ်မတော်မှကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နေဝင်းမှာ ၁၉၆၂ မတ်လ ၂ ရက် မှ…
Read More
အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး လှုပ်ရှားမှုပြုလုပ်

အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး လှုပ်ရှားမှုပြုလုပ်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ မတရားဖမ်းဆီးမှုများကြောင့် အကျဉ်းထောက်အသီးသီးတွင် အမျိုးသမီး အကျဉ်းသူ (၅၀၀၀) ကျော်အပါအဝင် အကျဉ်းသားများ အားလုံးလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး လှုပ်ရှားမှု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ပြုလုပ်နေကြောင်း သိရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပြည်သူများကို လက်နက်အားကိုဖြင့် အကြမ်းဖက်ဖြိုခွင်းပြီး ကလေးငယ်များအပါအဝင် အမျိုးသမီးများ၊ အမျိုးသားများ၊ သက်ကြီးရွယ်အိုများကိုဖမ်းဆီးထောင်ချမှုအပါအဝင် လမ်းမပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်တပ်အာဏာသိမ်းမှုသည် (၄) နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။ (more…)
Read More
ပြည်သူတွေကို လှည့်စားလို့မရတော့တဲ့အချိန် စစ်ကောင်စီအတွက် နေဝင်ချိန်

ပြည်သူတွေကို လှည့်စားလို့မရတော့တဲ့အချိန် စစ်ကောင်စီအတွက် နေဝင်ချိန်

"စစ်ကောင်စီအတွက်တော့ “မှန်းချက်နဲ့ နှမ်းထွက် မကိုက်” ဖြစ်သွားခဲ့ပါတယ်။ ဖြူဖြူထွေး တင်လိုက်တဲ့ ကြော်ငြာရုပ်သံကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုံရိပ်ကျဆင်းဖို့ တရားဝင်လှောင်ပြောင်ဖို့ ဖန်တီးခဲ့တယ်။ အချုပ်နှောင်က ပြန်လွှတ်ဖို့ တောင်းဆိုမှုတွေကိုလျစ်လျူရှုပြီး လူအမြင်မတင့်တယ်တဲ့ ပုံဖျက်မှုနဲ့ သိက္ခာချခဲ့တယ်" ရန်ုနိင် အခုရက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆိုတဲ့ သတင်းစကားတွေနဲ့ နိုင်ငံတကာအာရုံစိုက်မှုတွေ အားကောင်းလာခဲ့ပါတယ်။ တော်လှန်ရေး အောင်မြင်မှုတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ဆိုတဲ့ တောင်းဆိုမှုတွေ ပိုမိုအသံထွက်လာတာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ စက်တင်ဘာလကတည်းက တောင်းဆိုခဲ့ပါတယ်။ ဗာတီကန် နန်းတော်မှာ လာရောက်ခိုလှုံနေဖို့အထိ အလေးအနက်ထားပြီး တောင်းဆိုခဲ့တယ်။ “ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးပြီး သူသားနဲ့ ရောမမြို့မှာတွေ့ဆုံနိုင်ဖို့ တောင်းဆိုပါတယ်။ ဗာတီကန်မှာ…
Read More
မင်းအောင်လှိုင် ထိတ်လန့်သွေးပျက်ပြီး ပြောင်းလဲမှု​များလုပ်နေ

မင်းအောင်လှိုင် ထိတ်လန့်သွေးပျက်ပြီး ပြောင်းလဲမှု​များလုပ်နေ

RNA_ဒီဇင်ဘာ(၂၄)၊၂၀၂၄ခုနှစ်။ အကြမ်းဖက်မှုများကျူးလွန်ထားပြီး စစ်ရာဇဝတ်မှုများရင်ဆိုင်ရတော့မည့်အပြင် ရှုံးနိမ့်နေသော မင်းအောင်လှိုင်သည် ထိတ်လန့်သွေးပျက်ပြီး ထိပ်ပိုင်းမှာ ပြောင်းလဲမှုများ လုပ်နေခြင်းသည် အကြောက်တရားကို အထူးတလည်ဖော်ပြနေခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်တွင် ထည့်သွင်းပြောကြားထားမှုအား ကောက်နုတ်တင်ပြလိုက်ပါသည်။ #RedNewsAgency #REDNEWS #RNA
Read More
စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်အတွက် စစ်ရေးနည်းလမ်းမှလွဲပြီး မရှိတော့ကြောင်း၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရန်အတွက် စစ်ရေးနည်းလမ်းမှလွဲ၍ တနည်းအားဖြင့် စစ်အနိုင်တိုက်ရေးနှင့် လူထုအာဏာတည်ဆောက်ရေးမှလွဲပြီး မရှိတော့ကြောင်း ယုံကြည်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ #RedNewsAgency #RedNews
Read More
အာဏာရှင်တွေကို အသက်သွင်းပြီး ချေးငွေနဲ့ နယ်ချဲ့နေတဲ့ တရုတ် 

အာဏာရှင်တွေကို အသက်သွင်းပြီး ချေးငွေနဲ့ နယ်ချဲ့နေတဲ့ တရုတ် 

"တရုတ်ကတော့ စစ်ရေး နိုင်ငံရေးကို စီးပွားရေးနဲ့ ကစားပြီးတော့ နိုင်ငံတခုအပေါ်မှာ ချေးငွေနဲ့ ချုပ်ကိုင်ထိန်းချုပ်ဖို့ကြိုးစားနေတာ တကမ္ဘာလုံးအသိဖြစ်တယ်" ရန်ုနိုင် အာဏာသိမ်း စစ်ခေါင်းဆောင်တွေက နိုင်ငံဘဏ္ဍာကို စစ်ရေးမှာအသုံးချ မလောက်ငှတော့တဲ့အဆုံး တိုက်ပွဲတွေ ဆက်တိုက်ဖို့အတွက် တရုတ်ဆီက ချေးငွေရယူခဲ့ရင် ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုက ဘာတွေဖြစ်လာနိုင်လဲ...? အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် အဓိကမဟာမိတ် အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ရုရှာနိုင်ငံကို သုံးကြိမ်တိုင် သွားရောက်ခဲ့တဲ့အတွင်း ၂၀၂၂ ခုနှစ်မှာ ရုရှားသမ္မတ ပူတင်နဲ့တွေ့ခွင့်ရထားခဲ့တယ်။ အခုတော့ ရုရှားကို သွားခွင့်မရတော့တဲ့အဆုံး နိုဝင်ဘာလအတွင်း စစ်ကောင်စီအတွက် မဟာမိတ်အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံကိုသွားမယ် ဆိုတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ မြန်မာပြည်သူတွေအပေါ်  စစ်တပ်အကြမ်းဖက်နေချိန်မှာ နှုတ်ဆိတ်နေလေ့ရှိတယ်။…
Read More
အနှစ်ကျန်သော နည်းဗျူဟာနှင့် မစစ်မှန်သော မူဝါဒ

အနှစ်ကျန်သော နည်းဗျူဟာနှင့် မစစ်မှန်သော မူဝါဒ

"လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ကိုင်စွဲထားသည့် စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားနှင့် စစ်အစိုးရကို ဖြိုချဖျက်ဆီးနေသော ယနေ့မြန်မာနိုင်ငံ၏ ပဋိပက္ခများကို တရုတ်နိုင်ငံက “ပြည်တွင်းစစ်” အဖြစ် ပေါပေါပဲပဲ ခေါင်းစဉ်တပ်လိုက်ခြင်းသာ ဖြစ်သည်" ကေဂျီ (KinderGarten) “ဘယ်အချိန် တိုက်ရမလဲ၊ ဘယ်အချိန်မတိုက်ရဘူးလဲ ဆိုသည်ကို သိသောသူက နိုင်လိမ့်မည်” ဟု တရုတ်ပြည်ဂန္ထဝင်မြောက် စစ်ရေးသေနင်္ဂဗျူဟာပညာရှင် ဆွန်ဇူး၏ စစ်ပညာကျမ်းတွင် ဖော်ပြထားသည်။ ထိုအချက်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ကောင်းစွာ အသုံးချပြခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးဖြင့် သန်မာဟန် အယောင်ဆောင်နေသော စစ်တပ်၏ အပေါ်ယံ အရေခွံကို ချွတ်ပြနိုင်ခဲ့ပြီး အနှစ်မရှိတော့သည်ကို ထင်ရှားစေခဲ့သည်။ နွေဦးတော်လှန်ရေး ကာလတစ်လျှောက်တွင် ၁၀၂၇ စစ်ဆင်ရေးသည် စစ်ရေးပိုင်း၌…
Read More