နွေဦးတော်လှန်ရေး သူရဲကောင်း အာဇာနည် ၄၀ ကျော်ရှိနေတဲ့ တောင်ဒဂုံက အုပ်ချုပ်ရေးမှူးကို ဘယ်လိုတွေလက်ခံနေလဲ

တောင်ဒဂုံ ခံတပ်တွေဟာ ပြိုကြသွားတယ်၊ သူရဲကောင်းတွေ ကျဆုံးသွားတယ်၊ အာဏာရှင်လက်အောက် ပြားပြားဝပ်လိုသူတွေရှိနေတယ်၊ အဲသလိုရပ်ကွက် ကျေးရွာတွေများနေရင် ဒီနွေဦးတော်လှန်ရေး အောင်နိုင်ရေးမှာ အဟန့်အတားတွေတော့ ဖြစ်နေမှာ အသေအချာပါ

သစ္စာနိုင်

ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ဒဂုံဟာ ကမ္ဘာကျော်ခဲ့ပြီ၊ အကြမ်းဖက်စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကြားမှာ လူးလှိမ့်နေအောင်ခံ ခဲ့ရတယ်၊ ပြည်သူတွေက ရတဲ့နည်းနဲ့ တော်လှန်ခဲ့ကြတယ်။ နောက်ဆုံးတော့ ရက်စက်သူတို့ရဲ့ နည်းအတိုင်း ပြည်သူတွေကို ပစ်သတ်လိုက်ကြလို့ ပြည်သူ ၄၀ ကျော်သေဆုံးခဲ့ရတယ်။ ပြည်သူတွေရင်ထဲတော့ နာလို့မဆုံးတဲ့ ဖြစ်ရပ်ကြီး၊ တစ်နိုင်ငံလုံးတော့ ရင်ထုမနာ ငိုကြွေးခဲ့ရတယ်။

တောင်ဒဂုံမြို့နယ်တွင် ကျဆုံးခဲ့ရသူ တစ်ဦး၏ ဈာပန မြင်ကွင်း

ရက်ပေါင်း ၆၀ ကျော် အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ အခုချိန်ထိ ပြည်သူတွေပေါ်မှာ အာဏာသက်ရောက်မှုမရှိသေးပါဘူး။ သို့သော် အာဏာရှင်တွေက ပြည်သူတွေလက်ခံလာဖို့အတွက် လူသတ်ရဲတယ်၊ ဒီကနေ့ ဧပြီလ ၆ ရက်နေ့အထိ စာရင်းတွေအရ ကျဆုံးသူ ပြည်သူ ၆၀၀ ကျော်သွားပြီဖြစ်တယ်။ ဖမ်းဆီးချုပ်နှောင်ခံရသူတွေလည်း ထောင်ချီရှိနေပြီ၊ ဒါပေမဲ့ အာဏာသက်ရောက်မှုဟာ လုံးဝမရှိသေးဘူးလို့ ပြောလို့ရပေမဲ့ တောင်ဒဂုံမှာတော အုပ်ချုပ်ရေးကို အသက်သွင်းဖို့ ကြိုးစားနေပါပြီ။

ဧပြီလ ၅ ရက်နေ့မှာတော့ ဒဂုံမြို့သစ်တောင်ပိုင်း ( တောင်ဒဂုံ) ၂၀ ရပ်ကွက်မှာတော့ စစ်ကောင်စီလက်နက်ကိုင်တွေက ရပ်ကွက်ရုံးဖွင့်ဖို့ ကြိုးစားခဲ့တာက ထူးဆန်းလှနေပါတယ်။ စစ်ကောင်စီခန့်တဲ့ အုပ်ချုပ်ရေးမှူး အလိုမရှိရင် ပြည်သူက ရွေးပါတဲ့။ အရင် NLD အစိုးရလက်ထက်က ရွေးချယ်ခံတဲ့ အုပ်ချုပ်ရေးမှူးကလည်း စစ်ကောင်စီလက်အောက်မှာ လုပ်လိုသူတွေရှိနေတာ ပြည်သူတွေ သိပြီးဖြစ်မှာပါ။ အုပ်ချုပ်ရေးမှူးရွေးဖို့ ဘုန်းတော်ကြီးကျောင်းမှာ ခေါ်လိုက်တယ်။ တပ်စွဲထားတဲ့ တောင်ဒဂုံက မောင်းမကန်လမ်းမပေါ်က သီရိမင်္ဂလာ ဘုန်းကြီးကျောင်းထဲကို ရပ်ကွက်က အုပ်ချုပ်ရေးမှူး အဟောင်းတွေနဲ့ ရာအိမ်မှူး ဆယ်အိမ်မှူး လုပ်ချင်နေတဲ့ လူ ၃၀ လောက်ခေါ်ပြီီး အုပ်ချုပ်ရေးမှူး ခန့်လိုက်ကြပါတယ်။

စစ်ကောင်စီရဲ့ မိန့်ခွန်းခြွေသွားပုံက ကျုပ်တို့ခန့်တာ ရပ်ကွက်က မလိုချင်ရင် ခင်ဗျားတို့ဘာသာ ရွေးပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူး အလုပ် လုပ်ပါလိမ့်မယ်၊ အဲဒီအုပ်ချုပ်ရေးမှူးကို အလှူအတန်းလုပ်တာ၊ ဆေးခန်းပြတာ၊ မွေးနေ့လုပ်တာကအစ ခရီးထွက်တာအဆုံး အိမ်လူဦးရေ ဘယ်လောက်ဆိုတာတွေပါ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားရမယ်လို့ ပြောပြီး အုပ်ချုပ်ရေးမှူးရွေးခိုင်းလိုက်ကြပါတယ်။ အုပ်ချုပ်ရေး အသက်ဝင်မှာစိုးလို့လား ပြည်သူကို အပစ်တင်ချင်ဇောနဲ့တော့မသိ ရပ်ကွက် အုပ်ချုပ်ရေးရုံးတွေ မီးလောင်နေတာ ပြည်သူများအသိဖြစ်ပါတယ်။ လှိုင်သာယာမှာ အုပ်ချုပ်ရေးမှူးလုပ်တဲ့ကောင်ကို ဘယ်သူကမှန်းမသိ ရိုက်ခွဲလိုက်လို့ ခေါင်းမှာ သွေးစွန်းခဲ့တာလည်း တွေ့ရ၊ အခြားတိုင်းနဲ့ပြည်နယ်က မြို့နယ် ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူး လုပ်သူမရှိလို့ စစ်တပ်က ငါတို့လုပ်တယ်ဆိုပြီး လုပ်နေရတဲ့ အနေအထားမာ တောင်ဒဂုံ ၂၀ ရပ်ကွက်ကတော့ ငါတို့လူဟဲ့ဆိုပြီီးရွေးလိုက်ကြသတဲ့။

ဧပြီ ၆ ရက်နေ့ အုပ်ချုပ်ရေးမှူးရုံးရှေ့မြင်ကွင်း၊ ရုံးအတွင်းထဲ လူရှိသည်။

တောင်ဒဂုံ ၂၀ ရပ်ကွက်က စစ်ကောင်စီ ဘုန်ကြီးကျောင်းထဲမှာ ငါတို့လူဆိုပြီး ရွေးလိုက်တဲ့ ပိတ်ထးတဲ့ အုပ်ချုပ်ရေးမှူးရုံးကို သွားဖွင့်လိုက်ကြတယ်၊ အုပ်ချုပ်ရေးမှူး လုံခြုံရေးနဲ့ ရပ်ကွက် လုံခြုံရေး ကင်းစောင့်ဖို့တောင် လူတွေ ရွေးကြသတဲ့။ ရပ်ကွက်က ပြည်သူအားလုံးက သဘောမတူပေမဲ့ အုပ်ကြီးဟောင်းနဲ့ အပေါင်းအပါတွေကတော့ စစ်ကောင်စီ အုပ်ချုပ်ရေးကို အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်။

” လူကိုအရုံသွင်း အပျောဆွဲနဲ့ ကိုယ့်လူပဲ ကိုယ်အုပ်ချုပ်တဲ့ ပုံစံနဲ့လုပ်တာပေါ့၊ ပြီးရင်တော့ အုပ်ကြီီးကိုကြပ်မယ်၊ အုပ်ကြီးက လူထုကိုပြန်ကြပ် ရပ်ကွက်ထဲက ဘယ်အိမ်မှာဘာလုပ်တယ်ဆိုတာကအစ အုပ်ကြီးက ပြောရတော့မယ်။ အုပ်ကြီးကို ဒလန်လုပ်လိုက်တာပဲ။ အလှူအတန်းကအစ အုပ်ကြီးကို အကြောင်းကြားရမယ်တဲ့ ” ဟု တောင်ဒဂုံ ၂၀ ရပ်ကွက်တွင်းမှ ပြည်သူတစ်ဦးက ပြောသည်။

အလှူအတန်းတွေမှာ အုပ်ကြီးကို အကြောင်းကြားရမှာ ဖြစ်ပြီးတော့ CDM သမားတွေ၊ ဆန္ဒပြသူတွေကို လှူလို့မရကြောင်း စစ်ကောင်စီက အုပ်ကြီးအဖွဲ့ကို မိန့်ခွန်းခြွေသွားသတဲ့။ လူတွေ အသေခံတိုက်ခဲ့ရ၊ စစ်အာဏာရှင်စနစ်အလိုမရှိဟု ကြွေးကြော်ခဲ့တဲ့ လူတွေထဲကနေ အခုတော့ စစ်အုပ်ချုပ်ရေးကို အသက်သွင်းဖို့ ကြိုစားနေသူတွေက ၂၀ ရပ်ကွက် အုပ်ချုပ်ရေးရုံးကို ပြည်သူတွေ ဖွင့်သလိုနဲ့ ဖွင့်လိုက်ကြ၊ ဧည့်စာရင်းတိုင်ဖို့ ပြင်ဆင်ကြ၊ မနက် ဆေးရုံသွားဖို့ အုပ်ကြီးကို အကြောင်းကြားကြနဲ့ အုပ်ချုပ်ရေးမှူးရုံးရှေ့ စည်ကားသလို ဖြစ်နေတယ်တဲ့။ ကင်းစောင့်ဖို့ကိုလဲ တစ်လမ်း ၅ ယောက်နဲ့ ကင်းသမားတွေကို ရပ်ကွက်အသိအမှတ်ပြု စစ်ကောင်စီလက်ခံတဲ့ ကဒ်တွေ ထုတ်ပေးဖို့ပါ လုပ်နေကြပြီ ဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းကာစ ပြည်သူတွေ လှိုင်းလုံးကြီးပဏာ လမ်းပေါ်မှ တလှိမ့်လှိမ့်ရှိနေတုန်းကတော့ တောင်ဒဂုံ ၂၀ ရပ်ကွက်သားတွေက အုပ်ချုပ်ရေးမှူးရုံးကို သော့အထပ်ထပ်ခတ်၊ ဘယ်သူမှ အုပ်ချုပ်လို့ မရဘူးလို့ ပြောလိုပြောကြ။ လူထုမှာ တက်ကြွ စည်းလုံးခဲ့ကြပါတယ်။ ရပ်ကွက်ရုံးရှေ့မှာဆိုရင် ” အာဏာသိမ်း စစ်ကောင်စီမှ ခန့်အပ်သော ရပ်ကွက် ဥက္ကဌ အား အလိုမရှိ ပုံ (၂၀) ရက်ကွက်သူ ရပ်ကွက်သားများ” လို့ ရေးထားတဲ့ ဆိုင်းဘုတ်နဲ့၊ ” ဒဂုံမြိုသစ် (တောင်ပိုင်း) မြို့နယ် (၂၀) ရပ်ကွက်သည် ရပ်ကွက်နေ ပြည်သူသာအုပ်ချုပ်မည်ဖြစ်ပြီး ရပ်ကွက်နေပြည်သူ အာဏာရှိသည်။ ပြည်သူ ရွေးချယ်ခံမဟုတ်သော မည်သည့်အုပ်ချုပ်ရေးမှူး ( အုပ်ချုပ်မှုစနစ်) ကိုမှ လက်မခံပါ။ (၂၀) ရပ်ကွက်နေပြည်သူများ ” ဆိုပြီး ဆိုင်းဘုတ်တွေ တပ်ထားကြတာပါ။

စစ်အုပ်ချုပ်ရေးခန့် အုပ်ချုပ်ရေးမှူး လက်မခံဟု ပြောကြားထားခဲ့စဉ်က

အခုတော့ ဘာလုပ်လုပ် အုပ်ကြီးကို အကြောင်းကြားရမယ်၊ လမ်းထဲက အတားအဆီးတွေရှိနေရင်ဖယ်ရမယ်၊ ဘာလုပ်လုပ် အုပ်ကြီးအကြောင်း ကြားရမယ်၊ ဒါဟာ ပြည်သူရွေးတဲ့ အုပ်ကြီးဆိုပြီး လက်ခံလိုက်ကြတာထင်ပါရဲ့။ အဲဒီအုပ်ကြီး အစီအရင်ခံရမှာ စစ်ကောင်စီ၊ စစ်ကောင်စီခိုင်းသမျှ အမိန့်မှန်သမျှ လိုက်နာရမှာ အဲဒီရပ်ကွက်က အုပ်ကြီးဆိုတာကို ပြည်သူတွေ နားလည်မယ်ထင်ပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ဆန္ဒပြကန့်ကွက်ခဲ့ကြစဉ်က

တောင်ဒဂုံ ခံတပ်တွေဟာ ပြိုကြသွားတယ်၊ သူရဲကောင်းတွေ ကျဆုံးသွားတယ်၊ အာဏာရှင်လက်အောက် ပြားပြားဝပ်လိုသူတွေရှိနေတယ်၊ အဲသလိုရပ်ကွက် ကျေးရွာတွေများနေရင် ဒီနွေဦးတော်လှန်ရေး အောင်နိုင်ရေးမှာ အဟန့်အတားတွေတော့ ဖြစ်နေမှာ အသေအချာပါဘဲ။ နွေဦးတော်လှန်ရေးအတွင်း အသက်ပေး တိုက်ပွဲဝင်သွားသည့် သူရဲကောင်းများစွာထဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မှာ အယောက် ၄၀ ကျော်ရှိတယ်ဆိုတာကို မမေ့ကြဖို့ လိုပါတယ်။ အခြားရပ်ကွက်တော်တော်များများမှာ ပြည်သူတွေလက်မခံလို့ အုပ်ချုပ်ရေးမှူးလုပ်လိုသူတွေမရှိအောင် ဖြစ်နေချိန်မှာ အခုလိုလုပ်နေတဲ့ တောင်ဒဂုံက မြို့နယ်က ရပ်ကွက်တော်တော်များများမှာ အုပ်ချုပ်ရေးမှူး လုပ်လိုသူတွေရှိနေပြီ၊ အလုပ်နေကြပြီ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးကာစ ရပ်ကွက်ရုံးရှေ့ မြင်ကွင်း

ရန်ကုန်တိုင်းမှာဆိုရင် ရွှေပြည်သာမြို့နယ်က ရပ်ကွက်နည်းနည်း ၊ မြောက်ဥက္ကာက ရပ်ကွက်နည်းနည်း၊ မြောက်ဒဂုံက ရပ်ကွက်နည်းနည်း၊ အခုတော့ တောင်ဒဂုံက ရပ်ကွက်နည်းနည်းဟာ စစ်အုပ်ချုပ်ရေးကို အသက်သွင်းပေးဖို့ ကြိုးစားနေကြတာတွေ့ရသလို အများပြည်သူတွေကတော့ ဒါတွေကို လက်မခံလို့ နေရာစုံကနေ ပုံစုံမျိုးစုံနဲ့ ဒီအကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်နေတာ တွေ့ရပါတယ်။

NLD လက်ထက်က အရွေးချယ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဆိုသူတွေဟာ အခု စစ်တပ်အာဏာသိမ်းလက်အောက်မှာလဲ စစ်ကျွန်ခံချင်နေသူတွေရှိတယ်ဆိုတာ အများပြည်သူက သိပြီးဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ဒီကနေ့ သွေးမတိတ် ဆေးသပိတ်လုပ်သွားသလို ” လမ်းမထက်မှာ သွေးချောင်းစီးသွားပြီ …..မင်းတို့အတွက် ဒီအတိုင်းပြီးမယ် ထင်သလား ?????သူရဲကောင်းတို့သွေးတွေနဲ့ မင်းတို့ကို စုံးစုံးမြုပ်အောင် နှစ်ပြမယ် ” လို့ ကြုံးဝါးခဲ့သလို ဒီအတိုင်းပြီးမယ်လို့တော့ မထင်ပါဘူး။

စစ်အာဏာရှင်လက်အောက်မှာ စစ်ကျွန်ခံချင်သူတွေအတွက် ပြည်သူတွေ အသက်ပေးထားရတာတွေ မမေ့ပါနဲ့။ ကျဆုံးခဲ့တဲ့ သူရဲကောင်းပြည်သူတွေရဲ့ အသက်တွေ၊ စစ်အာဏာရှင်တော်လှန်ရေး ပြည်သူတွေရဲ့ သွေးတွေ၊ ဘဝတွေဟာ ဒီတိုင်းကြီး ပေးဆပ်လိုက်ရတာမျိုးတော့ အဖြစ်မခံနိုင်ပါဘူး။ ပြည်သူ့ သစ္စာဖောက် လောက်ကောင်တွေ စစ်ကျွန်ခံတွေကို တနေ့ အလှည့်ကျလာရင် အပြုံးမပျက်စတမ်း တော်လှန်ရေး ရဲဘော်များနဲ့ မျက်နှာခြင်း ဆိုင်နိုင်ပါစေ။

ဒီမိုကရေစီ ခရီးကြမ်းရဲ့ နွေဦးတော်လှန်ရေးမှာ စစ်ကျွန်ခံ လောက်ကောင်တွေကို မှတ်ထားကြ။ စစ်ကျွန် သတင်းပေးတွေကို မှတ်ထားကြ၊ စစ်ကျွန်အားပေးတွေကို မှတ်ထားကြ။ စစ်အာဏာရှင် ကျဆုံးသည်အထိ တိုက်ပြီးတဲ့ တစ်နေ့ ရှင်းကြတဲ့အခါ ရပ်ကွက်အတွက်ပါလို့ ပြောခွင့်မရှိ။ အထက်အမိန့်လို့ ပြောခွင့်မရှိ။

အရေးတော်ပုံ အောင်ရမည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *