စစ်ကောင်စီတပ်ကျဆုံး

မြိုင်နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီီး (၁၂) ဦးသေဆုံး

မြိုင်နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီီး (၁၂) ဦးသေဆုံး

RNA_ဩဂုတ်(၂၂)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်​ကျေးရွာ အထိုင်ချပြီး လှုပ်ရှားနေသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၆ ရီခန့်က ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ မျက်မြင် (၁၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု မြိုင် ပကဖ ထံမှ သိရသည်။   တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးမျက်မြင်သေဆုံးပြီး (၅) ဦးလက်နက်ချ အညံ့ခံခဲ့ကြောင်း၊ MA1 - ၆ လက်၊ MA2 - ၃ လက်၊ MA3 - ၄လက်၊ MA4 - ၁ လက်၊…
Read More
စစ်ကောင်စီ၏ ရေနံမှော်ကင်းစခန်း (၂) ခုအား တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီ၏ ရေနံမှော်ကင်းစခန်း (၂) ခုအား တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်

RNA_ဩဂုတ်(၁၆)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်အတွင်းရှိ စစ်ကောင်စီ၏ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နှင့် ရေနံကျင်းကင်းစခန်းအား တော်လှန်ရေး အင်အားစုများက ဩဂုတ်လ (၁၅) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။   ရေနံမှော်ကင်းစခန်းများ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီီ၏ ကပစ-၂၃ မှ ဗိုလ်ကြီး သော်ဇင်အောင်နှင့် ဒု-ရဲအုပ် ကိုကိုအောင်အပါအဝင် (၁၂) ဦးသေဆုံးခဲ့ကြောင်း၊ ကပစ-၂၃ မှ ဒု-အရာဗိုလ် ဝင်းမြင့်ထွန်းအပါ (၁၂) ဦး ဖမ်းဆီးရမိခဲ့ပြီး၊ လက်နက်မျိုးစုံ (၃၀) လက်၊ ကျည်မျိုးစုံ (၂၆၀၀) ကျော်၊ မိုင်း (၇) လုံး၊ ဗုံးသီး (၆)…
Read More
သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို မန္တလေး PDF သိမ်းပိုက်နိုင်ခဲ့

သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို မန္တလေး PDF သိမ်းပိုက်နိုင်ခဲ့

RNA_ဩဂုတ်(၁၀)၊၂၀၂၄ ခုနှစ်။   ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ကို သိမ်းပိုက်ထားနိုင်ပြီးနောက် သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။   သပိတ်ကျင်းမြို့နယ်အတွင်းမှ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ဝက်ပုတ်ပျူစခန်းအား တော်လှန်ရေးအင်အာားစုများသိမ်းပိုက် စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေးဆုံး

ဝက်ပုတ်ပျူစခန်းအား တော်လှန်ရေးအင်အာားစုများသိမ်းပိုက် စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေးဆုံး

RNA_ဩဂုတ်(၉)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာပျူစခန်းကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ (၈) ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့မှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။   ဝက်ပုတ်ပျူရွာစခန်းကို ဩဂုတ်လ ၅ ရက်နေ့မှစတင်ကာ ဒေသတွင်းတော်လှန်ရေးအင်အားစုများက စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံများ စက်မှု (၂) စစ်စခန်းသို့ ဆုတ်သွားခဲ့ပြီး စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ MA4 (၁) လက်၊ ကာဘိုင် (၁) လက်၊ G3 (၂)လက်၊ G4 (၁) လက်၊ M16 (၁) လက်၊ 12 ဗို့…
Read More
သံတွဲတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ၄၀၀ ကျော်သေဆုံးပြီး၊ မောင်တော နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းသိမ်းခံရမှုတွင် (၃၅၀) ကျော် သေဆုံး

သံတွဲတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ၄၀၀ ကျော်သေဆုံးပြီး၊ မောင်တော နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းသိမ်းခံရမှုတွင် (၃၅၀) ကျော် သေဆုံး

RNA_ဇူလိုင်(၇)၊၂၀၂၄ ခုနှစ်။ အာရက္ခတပ်တော် -AA ၏ သံတွဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၀၀) ကျော်သေဆုံးပြီး၊ မောက်တော်မြို့နယ် နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၃၅၀) ကျော်သေဆုံးကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။ သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းအား ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင် သိမ်းပိုက်ရရှိခဲ့ပြီး၊ အခြားသော တပ်စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်သည့်အတွက် သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်စသည်တို့ကို ဇူလိုင်လ (၆) ရက်၊ နံနက်(၁၁) နာရီခန့်တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း၊…
Read More
မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် လာရှိုးမြို့နေပြည်သူများ မြို့ကိုစွန့်ခါသူများလာ

မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် လာရှိုးမြို့နေပြည်သူများ မြို့ကိုစွန့်ခါသူများလာ

RNA_ဇူလိုင်(၆)၊၂၀၂၄ ခုနှစ်။   လားရှိုးမြို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေသည့်အတွက် မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် မြို့ခံအများအပြား ယနေ့ နံနက်ပိုင်းအထိ စွန့်ခွါပြီး စစ်ဘေးရှောင်သူများရှိနေကြောင်း သိရသည်။   "ဒီနေ့တော့ ဆီဆိုင်တွေပါ ပိတ်ကုန်ပြီ။ မြို့ခံတွေထွက်တာကတော့ မနေ့ကလည်းထွက်တယ် ဒီနေ့လည်း ကားတန်းအရှည်ကြီးပဲ ထွက်နေကြတာ အလံဖြူထောင်ထားတဲ့ ကားတွေလည်းရှိတယ်။ မြို့ထဲမှာလည်း ပုံမှန်နေကြသူတွေရှိတယ်။ စျေးတချို့လည်း ပုံမှန်ဖွင့်တယ်။ လက်နက် ကြီးသံနဲ့ လက်နက်ငယ်သံတွေကတော့ ကြားနေရတာ အဆက်မပြတ်ပစ်နေကြတာ" ဟု လားရှိုးမြို့ခံ တဦးက Red News Agency ကိုပြောကြားထားသည်။ (more…)
Read More
စဉ့်ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိသည်ဟု မန္တလေး PDF ထုတ်ပြန်

စဉ့်ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိသည်ဟု မန္တလေး PDF ထုတ်ပြန်

RNA_ဇူလိုင်(၃)၊၂၀၂၄ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) နှင့်အတူ စဉ့်ကူးမြို့နယ်တွင်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီဖော်ဆောင်လျက်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များသည် စဉ့်ကူးမြို့နယ်အတွင်းရှိ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်းတို့ကို အပြီးသတ်သိမ်းပိုက်ထားသည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း ထပ်မံသိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်းများမှ လက်နက်မျိုးစုံ (၄၀)ကျော်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရမိထားပြီး စစ်သုံ့ပန်း (၁၃) ဦးခန့်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ စဉ့်ကူးစစ်ဆင်ရေးများတွင်စဉ့်ကူးမြို့နယ် ပကဖ မှလည်း ထောက်ပို့ဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။ (more…)
Read More
ရှမ်းမြောက်မှာ ကြိုက်တဲ့မြို့ကိုသိမ်း အသေခံတိုက်မဲ့သူ မရှိတော့

ရှမ်းမြောက်မှာ ကြိုက်တဲ့မြို့ကိုသိမ်း အသေခံတိုက်မဲ့သူ မရှိတော့

"ရှမ်းမြောက်က တစ်ကျော့ပြန်စစ်ပွဲတွေအတွင်း အသုံးပြုရန်အတွက် အခုမှ သင်တန်းဆင်းခါစ စစ်မှုထမ်းအပတ်စဥ် ၁ အဖွဲ့တွေနဲ့ ပျူစောထီးအင်အားထောင်ချီကို လားရှိုး၊ ပြင်ဦးလွင်ဘက်သို့ပို့ဆောင်ထားတယ်လို့သိရပါတယ်" ချမ်းမင်း - Wiper ဒီရက်ပိုင်း ရှမ်းမြောက်ကစစ်ပွဲတွေနဲ့ ပတ်သတ်ပြီး အကြမ်းဖက်စစ်တပ်အနေနဲ့ အတော်လေး ရတက်မအေးတဲ့ခံစားချက်မျိုး ခံစားနေရတာကို တွေ့လာရပါတယ်။ အထူးသဖြင့် စစ်တပ်ဘက်က အစဥ်တစိုက်ရပ်တည်ခဲ့ပြီး လော်ဘီလုပ်ပေးနေတဲ့ သဇင်ဦး၊ ကျော်မျိုးမင်းနဲ့ ကျော်စိုးဦးတို့လို စစ်တပ်လော်ဘီတွေကိုယ်တိုင်တောင် ယခုတစ်ကြိမ်မှာတော့ ၁၀၂၇ စစ်ဆင်ရေးတုန်းကလို စကားကို အကုန်မပြောတော့ဘဲ စစ်တပ်က အရေးနိမ့်နေကြောင်းတွေ၊ အနီးစပ်ဆုံး နောင်ချိုမြို့တိုက်ပွဲမှာဆိုရင်လည်း မြို့ကျဖို့အတော်လေးနီးစပ်နေကြောင်းတွေကို သူတို့ကိုယ်တိုင်ပင်ထုတ်ပြောလာပြီး မင်းအောင်လှိုင်တို့အုပ်စုရဲ့ လုပ်ရည်ကိုင်ရည်ကို မသိမသာဖြင့်မေးခွန်းထုတ်ပြောဆိုမှုတွေပြုလုပ်ခဲ့တယ်ဆိုတာကိုလည်း သတိထားမိပါတယ်။ ၂၀၂၁ ခုနှစ်နွေဦးတော်လှန်ရေးအစမှသည် ၁၀၂၇ စစ်ဆင်ရေးမတိုင်မီအထိ ပြည်သူတွေနဲ့…
Read More
မတူပီမြို့ကို ချင်းညီနောင် ယနေ့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီ

မတူပီမြို့ကို ချင်းညီနောင် ယနေ့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီ

RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။ ချင်းပြည်နယ်၊ မတူပီမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ချင်းပြည်နယ် တောင်ပိုင်းအတွင်း အကြီးဆုံးဖြစ်သော စစ်ဗျူဟာနှင့် အမှတ် (၁၄၀) ခြေလျင်တပ်ရင်းကို ယနေ့ (ဇွန်လ ၂၉ ရက်) အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်သည့်အတွက် မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုက်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင် အဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ MDY PDF ပူးပေါင်းပြီး နောင်ချိုမြို့ကို ထိန်းချုပ်ထား

“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ MDY PDF ပူးပေါင်းပြီး နောင်ချိုမြို့ကို ထိန်းချုပ်ထား

RNA_ဇွန်(၂၆)၊၂၀၂၄ ခုနှစ်။ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်အတူ ကျောက်မဲ ၊ မိုးကုတ် ၊ နောင်ချို နှင့် မတ္တရာစစ်မျက်နှာတို့တွင် လက်တွဲ၍ ပူးပေါင်းပါဝင်နေပြီး နေချိုမြို့ကို ထိန်းချုပ်ထားနိုက်ပြီဖြစ်ကြောင်း သိရသည်။ နောင်ချိုမြို့နှင့် ခမရ(၁၁၅) တို့ကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ(၁၁၄)နှင့် (၆၀၆)အမြောက်တပ်ရင်းများကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More