စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်

ပခုက္ကူ၊မြိုင်၊ပေါက်မြို့နယ် တကျောတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေ
 
RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။
 
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တို့တွင် နေ့စဉ်နီးပါး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေကြောင်း သိရသည်။
 
ဖေဖော်ဝါရီလ ၁၈ ရက်၊ ၁၉ ရက်နေ့များတွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ကျေးရွာ၊ မြိုင်မြို့ အရှေ့ဘက်နှင့် မြောက်ဘက် ဂိတ်၊ ပေါက်မြို့ပေါ် အိမ်တွင်းမှုကျောင်းမှ ယာကြီးပင်ပျူရွာသို့ စစ်ကူလာသော စစ်ကောင်စီတပ်တို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်ဟု မြိုင် ပကဖမှ သတင်းထုတ်ပြန်ထားသည်။
 
#RedNewsAgency
By Editor