စာသင်ကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်ခံရ

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ကြသည်။

စခန်းသိမ်းတိုက်ပွဲအဖြစ် ပန်းတိုင်ခြုံကျေးရွာ စာသင် ကျောင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဖေဖော် ဝါရီလ (၁၃) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရည်ရွယ်တိုက်ခိုက်ခဲ့သော်လည်း (၁၅) မိနစ်ဝန်းကျင်သာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း Young Force (UG)က ထုတ်ပြန်ထားသည်။

စာသင်ကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)များဖြစ်သည့် Pakokku People Defense Force (PPDF)၊ Earthquake People Defense Force၊ YoungForce (UG)၊ PKU Ranger ၊ Young Force UG တပ်ခွဲ Thu Rein (TR)တို့မှ စီးနင်းတိုက်ခိုက်‌ခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor