ပျူစောထီးများအားတိုက်ခိုက်ပြီးအပြန် PDF များကို ပြည်သူများကြိုဆို 

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုမှ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးများကို တိုက်ခိုက်ပြီးအပြန် PDF ရဲဘော်များကို ‌ပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

PDF မဟာမိတ်တပ်ဖွဲ့ (၃၄)ဖွဲ့မှ ရဲဘော်များလက်နက်ကြီး၊ လပ်နက်ငယ်များဖြင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ပျူစောထီးများကို တိုက်ခိုက်ရာ စီးနင်းမှု အောင်မြင်ခါနီးအချိန် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူများရောက်ရှိလာသည့်အတွက် ဆုတ်ခွါခဲ့ရကြောင်း၊ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ( ၆) ဦးသေဆုံးပြီး၊ PDF များဘက်မှ ရဲဘော် (၂) ဦးဒဏ်ရာရရှိကြောင်း မှ Myaing Underground Defence Force-MUGDF ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor