04                                    
                                    
                                        Jan 
                                    
                                
                            
                        
                        
                    
                        RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။ ကိုလိုနီ ကျွန်ဘဝမှ လွတ်လပ်ရေး ရခဲ့သော်လည်း စစ်ကျွန်ဘဝမှ စစ်အာဏာရှင်လက်အောက်မှ လွတ်လပ်ရေးမရသေးသည့်အတွက် လက်နက်ကိုင်တိုက်ခိုက်နေသည့် တော်လှန်ရေး ရဲဘော်များ၊ မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီတပ် တပ်ရင်းဝင်စီးခံရပြီး မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ကြာအင်းဆိပ်ကြီး အထိုင်ချ တပ်စခန်းတချို့ ကျဆုံးမှု ရှိနေသည့်အတွက် စစ်ကောင်စီတပ်လေကြောင်းမှ တိုက်ခိုက်နေကြောင်း၊ ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အသေအဆုံးများရှိသလို အရှင်ဖမ်းခံရသူများရှိကြောင်း သိရသည်။ “ ဒီနေ့က လွတ်လပ်ရေးနေ့လို့သာပြောကြတာ တကယ်မလွတ်လပ်သေးလို့ လက်နက်ကိုင်တိုက်နေကြရတာ ကရင်ပြည်နယ်မှာက တိုက်ပွဲပြင်းထန်နေတာ နှစ်ပတ်နီးပါးရှိတော့မယ်၊ အကျအဆုံးကတော့ စစ်တပ်က ပိုများတယ်၊ ပြီးခဲ့တဲ့ရက်မှာတော့ မဟာမိတ်အဖွဲ့အစည်းတွေမှာလည်း…                    
                                            
                                    
 
                             
                             
                             
                             
                             
                             
                             
                             
                            