Red News Agency

Independent Journalism for Justice and Human Rights.

Category: ရုပ်သံ

  • နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

    နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

    RNA_ဇန်နဝါရီ (၇)၊ ၂၀၂၃ ခုနစ်။
     
    နွေဦးတော်လှန်ရေးအောင်ပွဲနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား၊ ဘာတွေလုပ်ဆောင်သင့်သလဲ ဘယ်လိုတွေ ဖြစ်လာနိုင်မလဲဆိုတာ ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး – Social Democratic United Front မှ ကိုကျော်ကျော်ကို၏ သဘောထားများကို ဖော်ပြလိုက်သည်။
    [embedyt] https://www.youtube.com/watch?v=0MqoMH2N6Wc[/embedyt]
    #RedNewsAgency

  • အသက် ၅၆ ရှိအဖိုးဆိုလာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်နေ

    အသက် ၅၆ ရှိအဖိုးဆိုလာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်နေ

    RNA_ဒီဇင်ဘာ(၇)၊၂၀၂၃ ခုနှစ်။

    ကရင်ပြည်နယ် တောင်ပိုင်းတိုင်းစစ်ဒေသတွင် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကျားဖြူစစ်ကြောင်းက အသက် (၅၆) နှစ်ရှိ အဖိုးဆိုလာက နောင်လာနောင်သားများအတွက် တတိယအရွယ်ရောက်နေသည့်တိုင် လက်နက်ကိုင်တိုက်ခိုက်နေရသည်ဟု ရဲဘော်သစ်နောင်နောင်ကို ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=syjNBsP6WvM[/embedyt]

    #RedNewsAgency

  • နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

    နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

    RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
    စစ်အာဏာရှင်ဆန့်ကျင်ရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်နှင့်လက်ပါးစေများကို လက်နက်ကိုင်တိုက်ခိုက်မှုအပါအဝင် နည်းမျိုးစုံဖြင့် တော်လှန်နေကြသည့်အချိန် ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးကြီး ပြီးမလား မပြီးဘူးလားဆိုတာကို ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး – Social Democratic United Front မှ ကိုကျော်ကျော်ကိုက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=ZX44_97PxGQ[/embedyt]

  • လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့

    လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရပေမဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းစွန့်ခွါခဲ့

    RNA_ဇန်နဝါရီ (၅)၊ ၂၀၂၃ ခုနှစ်။
     
    ကရင်ပြည်နယ် KNU တပ်မဟာ နယ်မြေအတွင်းစခန်းချ နေထိုင်ပြီးစစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်ရန် အသင့်ဖြစ်နေသော်လည်း လက်နက်မပြည့်စုံသည့်အတွက် တိုက်ပွဲမဝင်ရသေးသော်လည်း စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သည့်အတွက် စခန်းစွန့်ခွါခဲ့ရသည်ဟု ဒေါင်းမင်းစစ်ကြောင်း – King Peacock Column တာဝန်ခံ ရဲဘော် မာတလိက ပြောသည်။
     
    ပြီးခဲ့သည့်ရက်ပိုင်းက ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်အထိနာပြီး ကော့ကရိတ်မြို့နယ်ရှိစစ်ကောင်စီတပ်၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ် စသည်တို့က ၁၂၀ မမ လက်နက်ကြီးများ၊ Missiles များဖြင့် ပစ်ခတ်နေသည့်အတွက် အထိုင်ချနေသည့် ဒေါင်းမင်းစစ်ကြောင်း စခန်းကို ထိမှန်ပြီး ပျက်စီးခဲ့ရကြောင်း၊ စခန်းရှိ ဆက်သွယ်ရေးပစ္စည်းများ၊ လုံခြုံရေးပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း၊ မူလနေထိုင်သည့် စခန်းစွန့်ခွါပြီး တနေရာ ပြောင်းခဲ့ရသည်ဟု သိရသည်။

    (more…)

  • စစ်ကောင်စီကို နိုင်ငံရေးအသာစီးရရန် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လို

    စစ်ကောင်စီကို နိုင်ငံရေးအသာစီးရရန် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လို

    RNA_ဇန်နဝါရီ (၅)၊ ၂၀၂၃ ခုနှစ်။

    ၂၀၂၃ ခုနှစ် တော်လှန်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးမှ ကိုကျော်ကျော်ကိုနှင့် မေးမြန်းထားမှုတွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်မှသာ နိုင်ငံရေးအသားစီးရမှာဖြစ်သည့်အကြောင်းအပါအဝင် တော်လှန်ရေးနှင့် ပတ်သက်သည့် သဘေားထားများကို ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=azaVDG3rxCk[/embedyt]

    #RedNewsAgency

  • ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ

    ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ

    RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။

    ကိုလိုနီ ကျွန်ဘဝမှ လွတ်လပ်ရေး ရခဲ့သော်လည်း စစ်ကျွန်ဘဝမှ စစ်အာဏာရှင်လက်အောက်မှ လွတ်လပ်ရေးမရသေးသည့်အတွက် လက်နက်ကိုင်တိုက်ခိုက်နေသည့် တော်လှန်ရေး ရဲဘော်များ၊ မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီတပ် တပ်ရင်းဝင်စီးခံရပြီး မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

    စစ်ကောင်စီတပ်သည် ကြာအင်းဆိပ်ကြီး အထိုင်ချ တပ်စခန်းတချို့ ကျဆုံးမှု ရှိနေသည့်အတွက် စစ်ကောင်စီတပ်လေကြောင်းမှ တိုက်ခိုက်နေကြောင်း၊ ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အသေအဆုံးများရှိသလို အရှင်ဖမ်းခံရသူများရှိကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=YVoZpvMa8Oo[/embedyt]

    “ ဒီနေ့က လွတ်လပ်ရေးနေ့လို့သာပြောကြတာ တကယ်မလွတ်လပ်သေးလို့ လက်နက်ကိုင်တိုက်နေကြရတာ ကရင်ပြည်နယ်မှာက တိုက်ပွဲပြင်းထန်နေတာ နှစ်ပတ်နီးပါးရှိတော့မယ်၊ အကျအဆုံးကတော့ စစ်တပ်က ပိုများတယ်၊ ပြီးခဲ့တဲ့ရက်မှာတော့ မဟာမိတ်အဖွဲ့အစည်းတွေမှာလည်း ကျခဲ့တယ်” ဟု တောင်ပိုင်းတိုင်းစစ်ဒေသအခြေစိုက် တိုက်ပွဲဝင်နေသည့် ရဲဘော်တဦးက Red News Agency ကိုပြောသည်။

    KNU တပ်မဟာ (၆) နယ်မြေ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် စစ်ကောင်စီတပ် တပ်ရင်း (၂၈၄) ဝင်စီးခံရပြီး လက်နက်တိုက်တခု သိမ်းဆည်းရမိပြီး အဆောက်အဦများကို တော်လှန်ရေးရဲဘော်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ကလည်း လေကြောင်းအသုံးပြုပစ်ခတ်နေကြောင်း သိရသည်။

    #RedNewsAgency

  • Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

    Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

    Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် ကျဆုံး၊ တိုက်ပွဲမှာ တောင်စွန်း BGF စခန်း () ကိုသိမ်းပိုက်ထား

    RNA_ဇန်နဝါရီ၂၊၂၀၂၃ခုနှစ်။

    ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်း () ခုကို သိမ်းထားနိုင်ပြီး Lion Battalion Commandoဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် () အနဲ့နှင့်ပူးပေါင်းတပ်ဖွဲ့မှရဲဘော်တချို့ကျဆုံးခဲ့ရကြောင်းသိရသည်။

    (more…)

  • 96 Soldiers -PDF အညာမြေတပ်ခွဲ ရဲဘော်များ နှစ်သစ်ကူးည မြင်ကွင်း

    96 Soldiers -PDF အညာမြေတပ်ခွဲ ရဲဘော်များ နှစ်သစ်ကူးည မြင်ကွင်း

    RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ကို လက်နက် ကိုင်တိုက်ခိုက်နေသည့် 96 Soldiers -PDF အညာမြေတပ်ခွဲရဲဘော်များက ၂၀၂၃ ခုနှစ်အကြို ညပိုင်းတွင် တော်လှန် ရေးသီချင်းတခုဖြစ်သည့် သွေးသစ္စာ သီချင်းသံပြိုင်သီဆိုကာ ကျော်ဖြတ်ခဲ့ကြကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=nBWNv-dcZK4[/embedyt]

    #RedNewsAgency

  • နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံပြားရဲစခန်းကို ဗုံး (၄) လုံးကျဲ တိုက်ခိုက် 

    နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံပြားရဲစခန်းကို ဗုံး (၄) လုံးကျဲ တိုက်ခိုက် 

    RNA_ဇန်နဝါရီ ၁၊၂၀၂၃ခုနှစ်။

    မကွေးတိုင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်သစ်ကူးလက်ဆောင်အဖြစ် စလင်းမြို့နယ်၊ ကံပြားရဲစခန်းကို ယမန်နေ့ (ဒီဇင်ဘာ ၃၁ ရက်) ညပိုင်းက ဝေဟင်ဗုံး (၄) လုံးကျဲပြီး တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=O16yEZVgTIA[/embedyt]

    #RedNewsAgency

  • ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်က နှစ်သစ်ကြိုမည့်  သိန်းချီသည့် လူအုပ်ကြီး

    ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်က နှစ်သစ်ကြိုမည့်  သိန်းချီသည့် လူအုပ်ကြီး

    RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၂ခုနှစ်။

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်မှာ ၂၀၂၃ ခုနှစ် နှစ်သစ်ကိုကြိုဆိုရန် သိန်းချီသည့် နိုင်ငံတကာမှ ဧည့်သည်များသည် ယနေ့ည အစောပိုင်းကတည်းက စုဝေးရောက်ရှိနေကြသည်။

    [embedyt] https://www.youtube.com/watch?v=qsH8u9aO0Ds[/embedyt]

    ယနေ့ည နှစ်သစ်ကြိုဖို့ Central World ကုန်တိုက် Platinum ကုန်တိုက်နဲ့ Big  C ကုန်တိုက်ကြီးများရှိသော ရတ်ချာဒမရီလမ်းမကြီးတွင် လူဦးရေ သိန်းချီစုဝေးရောက်ရှိလိမ့်မည်ဟု ဒေသခံများက ခန့်မှန်းထားသည်။

    Covid -19 ကပ်ရောဂါကြောင့် ထိခိုက်သွားခဲ့သည့် ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကုစားနိုင်ရန်အတွက် ထိုင်းအစိုးရက အထူးကြိုးစားနေပြီး ပြည်ပဧည့်သည်များဝင်ရောက်မှုကိုလည်း များစွာပြေလျော့ပေးထားသောကြောင့် ထိုင်းနိုင်ငံတွင် နိုင်ငံတကာခရီးသွားများဖြင့် စည်ကားလျှက်ရှိနေသည်။

    #RedNewsAgency