အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

RNA_ဇန်နဝါရီ(၅)၊၂၀၂၅ ခုနှစ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာ စခန်းတို့မှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးအား လက်နက်ငယ် (၉) လက်နက်၊ ခဲယမ်းများနှင့်အတူ ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့က ချင်းကာကွယ်ရေးတပ် – အရှိုမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ် – အရှိုနှင့်အတူ မင်းဘူးခရိုင် အမှတ် (၈) တပ်ရင်း၊ ငဖဲ ပကဖ တို့ပူးပေါင်းပြီး ဇန်နဝါရီလ (၃) ရက်နေ့ကလည်း မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်း စက်ရုံမှ အင်အား (၅၀) ခန့်ပါ စစ်ကား (၂) စီားအား စေတုတ္တရာမြို့နယ်ဘက်သို့ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်းထွက်ခွါလာစဉ် ငဖဲမြို့နယ် ညောင်ကိုင်းကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#RedNewsAgency #RNA #REDNEWS #AhNyar

By RNA Editor