ဖားကန့် သတင်းထောက် ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်

နေ့စွဲ – ၂၃၊ ၁၀၊ ၂၀၂၄ ခုနှစ်။

Red News Agency ၏ ဖားကန့်သတင်းထောက် ကိုတာလင်းမောင်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA ဖားကန့်တိုက်နယ် တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။



ဒေသတွင်း သတင်းမှန်များကို ပြည်သူ့အတွက် ရေးသားနေသော ကိုတာလင်းမောင်သည် CDM ပါဝင်ထားသူဖြစ်ပြီး ကိုနောင်ရိုးသည် ထောင်မှလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။ ထို့အတွက်ကြောင့် KIA အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းစဉ်ကာလအတွင်း သတင်းလွတ်လပ်ခွင့် ကို အလေးအနက်ထားသောအားဖြင့် ဖမ်းဆီးထားသည့် သတင်းသမား (၂) ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးပါရန် တောင်းဆိုအပ်ပါသည်။


#RedNewsAgency #RNA

By RNA Editor