Tag: M7 People’s Defense Force

  • M7 People’s Defense Force ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)တွင် ဖမ်းဆီးထား

    M7 People’s Defense Force ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)တွင် ဖမ်းဆီးထား

    RNA_မတ်(၁၀)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်းအခြေစိုက်၊ M7 People’s Defense Force တွင် ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၂၀) တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

    M7 People’s Defense Force တွင် မင်းသွေးသစ် ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ယင်းမာပင်ခရိုင် တပ်ရင်း ၃၈ အဖြစ် တရားဝင် မဖြစ်သေးကြောင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၂၀ (YOMA YAR ZAR)မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၁၀) ရက်နေ့က ဖမ်းဆီးခဲ့သည့်အတွက် (၄) ပြည့်ပြီဟု မင်းသွေးသစ်နှင့် နီးစပ်သူ တစ်ဦးက ပြောပြထားသည်။

    (more…)

  • ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ

    ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ

    RNA_ဧပြီ(၆)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ M7 People’s Defense Force – M7 PDF တပ်ဖွဲ့စခန်းတခုကို ယမန်နေ့ နံနက် ၁၀ နာရီအကျော်က စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပစ်ခတ် စီးနင်းခဲ့သည့်အတွက် စခန်းရှိရဲဘော် (၇) ဦးကျပျောက်ဆုံးနေပြီး (၄) ဦးကျဆုံးထားကြောင်း သိရသည်။
    ဓာတ်ပုံ – M7 PDF ရဲဘော်များနှင့်မဟာမိတ်များ စစ်ရေးလှုပ်ရှားမှုမြင်ကွင်း။
     
    “၁၀ နာရီဝန်းကျင်လောက်မှာ Mi 35 တစ်စီး အရင်တက်လာပြီး​တော့ စခန်းကိုပစ်တယ်၊ ဗိုက်ပူ (Mi 17) နှစ်စီးက လူချတယ် နောက်တခါထပ်သွားသယ်ပြီးတော့ လူထပ်ချတယ် နှစ်စီး နှစ်ခေါက်ဆိုတော့ လေးစီးစာဖြစ်တာပေါ့။ စခန်းမှာလည်း ခွဲတစ်က လူအင်အား ၇၀ ခန့်နဲ့ ခွဲနှစ်မှာလည်း ၇၀ လောက်ရှိတယ်၊ ခွဲ ၂ ကိုလည်း ဗိုက်ပူတွေက စက်သေနတ်နဲ့ ရမ်းသွားသေးတယ်၊ ခွဲ ၂ ကတော့ သိပ်ပြီးအထိအခိုက်မရှိဘူး၊ ခွဲ ၁ မှာကတော့ Mi 35 ကလည်း ဆက်တိုက် ၄၅ မိနစ် ၁ နာရီခန့် လောက်ပစ်ပြီးတော့ လူချတာ ညာဘက်ထောင့်ကနေ တက်လာတော့ ကြားထဲမှာ ဒဏ်ရာရ ၄ ယောက်နဲ့ အစောင့်အရှောက် ၂ ယောက်က ပိတ်မိသွားတယ်။ ၁ ယောက်ကတော့ စခန်းရဲ့ အနောက်တောင်ကိုပြေးတယ် အခုချိန်ထိ အဲကလေးကတော့ ဆက်သွယ်လို့ မရသေးဘူး။ ၇ ယောက်ပျောက်နေတယ်ပေါ့ဗျာ” ဟု M7 PDF တာဝန်ရှိသူက ပြောကြားထားသည်။
    ဓာတ်ပုံ – M7 PDF ရဲဘော်များနှင့်မဟာမိတ်များ စစ်ရေးလှုပ်ရှားမှုမြင်ကွင်း။

    (more…)