ခုခံတော်လှန်စစ် ဒီထက်အောင်မြင်အောင် ကြိုးပမ်းရမည်ဟု NUG ယာယီသမ္မတပြော

RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

နွေဦးတော်လှန်ရေး ခုခံစစ်ကို ဒီထက်အောင်မြင်အောင် ကြိုးပမ်းကြရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလ က ယနေ့ ပြုလုပ်သည့် NUG (၄) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားခဲ့သည်။

” ခုခံတော်လှန်စစ်ကို ဒီထက်အောင်မြင်အောင်လည်း ကြိုးပမ်းလုပ်ဆောင်ရမယ်၊ အဆုံးသတ် အဖြစ်နဲ့ အပြုတ်တိုက်ရမယ့် တိုက်ပွဲအတွက်လည်း အစစအရာရာ စနစ်တကျ ပြင်ဆင်ထားရမယ်၊ တော်လှန်ရေး သက်လုံတွေ မြှင့်ထားရမယ်၊ အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်” ဟု ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ပမထ လအတွင်း (၄) ကြိမ်မြောက် NUG အစည်းအဝေးကို ယနေ့ နံနက် (၁၀) ရီက အွန်လိုင်းပေါ်တွင်ပြုလုပ်ခဲ့ကြပြီး ရှေ့ဆက်သွားမည့် တော်လှန်ရေးအခြေအနေများ၊ မဟာမိတ်ဆက်ဆံရေးနှင့် နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်ကာလ လုပ်ဆောင်ချက်များစသည်တို့နှင့် ယာယီသမ္မတနှင့် တာဝန်ရှိသူများ အမှာစကားများပြောကြားခဲ့ကြသည်။

#RedNewsAgency

By Editor