စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဖားကန့်မှာပြုလုပ် 

RNA_ဖားကန့်၊ဇန်နဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဟုပြောထားသည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ယနေ့ ဖားကန့်မြို့နယ်မှာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာဈေးထိပ်၊ ဖားကန့်နှင့်လုံးခင်းသွားလမ်းမကြီးပေါ်တွင် ယနေ့ နံနက်က “တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ၊ ပါဝင်ပါတ်သက်သူတိုင်းဟာ သမိုင်းတရားခံဖြစ်သည်”ဟုရေးသားထားသည့် စာတန်းကို ဖားကန့် သပိတ်ကော်မတီမှ ချိတ်ဆွဲထားသည်။

ဖားကန့်မြို့၌ ယမန်နေ့က စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအချို့က လက်နက်ကိုင်အစောင့်အကြပ်များခြံရံကာ ငှက်ပျောတောရပ်ကွက်နှင့် မရှီကထောင်ရပ်ကွက်တို့တွင် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းများလိုက်လံကောက်ယူပြီးနောက် ယခုကဲ့သို့ တရားမဝင်ရွေးကောက် ပွဲ ဆန့်ကျင်ကြရန်လှုံ့ဆော်သည့် စာတန်းချိတ်ဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

#RedNewsAgency

By Editor