စစ်ကောင်စီ၏ ခလရ (၈၀) တပ်တိုက်ပွဲအတွင်း အသေအဆုံးများ

Written by

in

စစ်ကောင်စီ၏ ခလရ (၈၀) တပ်တိုက်ပွဲအတွင်း အသေအဆုံးများ၊ တော်လှန်ရေးအင်အားစုများက သေနတ် (၂၂) လက်နှင့်အတူ စစ်သုံ့ပန်း (၅) ဦးဖမ်းဆီးရမိ

RNA_နိုဝင်ဘာ(၂၇)၊၂၀၂၄ ခုနှစ်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အစပ်တနေရာတွင် စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခဲ ခလရ (၈၀) နှင့် ကရင်နီတော်လှန်ရေးအင်အားစုများ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ အသေအဆုံးများပြီး သေနတ် (၂၂) လက်နှင့်အတူ ခဲယမ်းများ၊ စစ်သုံ့ပန်း (၅) ဦးဖမ်ရဆီးရမိကြောင်း KNDF ထံမှ သိရသည်။

“စစ်ကောင်စီဘက်က သေတာတော့များတယ် သိမ်းဆည်းရမိတဲ့လက်နက်တွေကြည့်လေ ဘယ်လောက်သေလဲ အတိအကျပြောဖို့ခက်တယ် တိုက်ပွဲကမပြီးသေးဘူး အလောင်းသွားရေနေလို့ မရသေးဘူး” ဟု KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ပြောရေးဆိုခွင့်ရှိသူက Red News Agency ကိုပြောသည်။

စစ်ကောင်စီလက်အောက်ခံ ခလရ (၈၀) အား လွိုင်ကော်မြို့အပြင် တနေရာတွင် နိုဝင်ဘာ (၂၆) ရက်နေ့က KNDF၊ ကလလတ၊ PNDF၊ Loikaw Local PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ လွိုင်ကော်မြို့အပြင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေသည်ဟု KNDF ကထုတ်ပြန်ထားသည်။

#RedNewsAgency #RNA #REDNEWS