သတင်း

PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

RNA_ဇွန်(၃၀)၊၂၀၂၄ ခုနှစ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ မိုးမိတ်စစ်မျက်နှာနှင့် အခြားစစ်မျက်နှာတို့တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေကြောင်း ပြည်သူများကို ယနေ့ အသိပေးထားသည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုးမိတ်မြို့နယ်၊ မိုးကုတ်မြို့နယ်စသည်တို့တွင် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ် TNLA နှင့်အတူ PLA၊ MDY - PDF၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ပူးပေါင်းပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။ (more…)
Read More
မတူပီမြို့ကို ချင်းညီနောင် ယနေ့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီ

မတူပီမြို့ကို ချင်းညီနောင် ယနေ့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီ

RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။ ချင်းပြည်နယ်၊ မတူပီမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ချင်းပြည်နယ် တောင်ပိုင်းအတွင်း အကြီးဆုံးဖြစ်သော စစ်ဗျူဟာနှင့် အမှတ် (၁၄၀) ခြေလျင်တပ်ရင်းကို ယနေ့ (ဇွန်လ ၂၉ ရက်) အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်သည့်အတွက် မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုက်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင် အဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး (၄) ဦးအပါအဝင် စစ်ကောင်စီတပ်မှ (၅၃) ဦး TNLA ထံ လက်နက်ချအလင်းဝင်

ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး (၄) ဦးအပါအဝင် စစ်ကောင်စီတပ်မှ (၅၃) ဦး TNLA ထံ လက်နက်ချအလင်းဝင်

RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၅)ရက်အတွင်း ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့် မိုးမိတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီး (၄)ဦး၊ ရဲအုပ် (၁)ဦး၊ တပ်ကြပ်ကြီး(၆)ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း)(၁)ဦး၊ တပ်ကြပ် (၁၁)ဦး၊ ဒုတပ်ကြပ်(၉)ဦး၊ ရဲတပ်သား(၁)ဦးနှင့် တပ်သား(၁၉)ဦး စုစုပေါင်း တပ်ဖွဲ့ဝင် (၅၃)ဦးတို့ တအာင်းတပ်မတော်ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
နံ့သာရွာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်ကြီးပြုံးမောင်မောင်အပါအဝင် (၁၄) ဦးသေဆုံး

နံ့သာရွာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်ကြီးပြုံးမောင်မောင်အပါအဝင် (၁၄) ဦးသေဆုံး

RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နံ့သာရွာ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် စခန်းဦးစီး ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် (၁၄) ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။ ဗိုလ်ကြီး ပြုံးမောင်မောင်ဦးစီးသော တပ်မ-၇၇ လက်အောက်ခံ ခလရ-၆ အင်အား (၁၄) ဦးအား ကသာခရိုင် တပ်ရင်း-၂၊ EAOs (KIA) နှင့် အင်းတော်မြို့နယ် ပကဖတို့ ပူးပေါင်းပြီး ဇွန်လ ၂၈ ရက်နေ့ နံနက် ၄ နာရီမှ နံနက် ၁၀ နာရီထိ တိုက်ခိုက်ခဲ့ပြီးစခန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
နောင်ချိုမြို့မရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

နောင်ချိုမြို့မရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

RNA_ဇွန်(၂၇)၊၂၀၂၄ ခုနှစ်။ ရှမ်းမြောက်၊ နောင်ချိုမြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် နောင်ချိုမြို့မရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး ယနေ့ လိုက်လံစစ်ဆေးရာ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိကြောင်း TNLA ထံမှ သိရသည်။ တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ကို ဇွန်လ (၂၆) ရက်နေ့က TNLA နှင့် မဟာမိတ်များ တိုက်ခိုက် သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီလက်အောက်အစိုးရရုံးများကို ယနေ့ လိုက်လံစစ်ဆေးရာ မြို့မရဲစခန်းအတွင်း မူးယစ်ဆေးဝါးပစ္စည်းနှင့် ယာမဆေးပြား အမြောက်အများ ဖမ်းဆီးရမိထားသည်ဟု TNLA ကထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
မြိုင်မြို့နယ် သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ချီတက်ပွဲကို မြိုင် ပကဖ လုံခြုံရေး တာဝန်ယူခဲ့

မြိုင်မြို့နယ် သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ချီတက်ပွဲကို မြိုင် ပကဖ လုံခြုံရေး တာဝန်ယူခဲ့

RNA_ဇွန်(၂၇)၊၂၀၂၄ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီသည် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသအပါအဝင် သံဃာတော်များကို သတ်ဖြတ်နေသည့်အတွက် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်စတင်ခဲ့ပြီး ချီတက်လမ်းလျှောက်စဉ် မြိုင် ပကဖ ရဲဘော်များက လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=gdnUtSyojCw[/embedyt] ဝင်းနိမ္မိတာရုံစာသင်တိုက်၏ ပဓာနနာယက၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင်ဟောင်း ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်မှ ဇွန်လ ၁၉ ရက်နေ့က ပစ်ခတ်ခဲ့ရာ ပျံလွန်တော်မူခဲ့ရပြီး၊ နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီသတ်ဖြတ်ထားသည့် ဗုဒ္ဓဘာသာရဟန်းသံဃာ၊ ခရစ်ယာန်ဆရာတော်၊ အစ္စလာမ်ဘာသာရေးဆရာ တဦးတို့ပါအဝင် (၅၀) ကျော်ရှိကြောင်း၊ အကျဉ်းထောင်များတွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဘာသာရေးခေါင်းဆောင် ၁၂၀ ကျော်ရှိကြောင်း AAPP နှင့် MOHR စာရင်းများအရသိရသည်။ (more…)
Read More
“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ MDY PDF ပူးပေါင်းပြီး နောင်ချိုမြို့ကို ထိန်းချုပ်ထား

“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ MDY PDF ပူးပေါင်းပြီး နောင်ချိုမြို့ကို ထိန်းချုပ်ထား

RNA_ဇွန်(၂၆)၊၂၀၂၄ ခုနှစ်။ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်အတူ ကျောက်မဲ ၊ မိုးကုတ် ၊ နောင်ချို နှင့် မတ္တရာစစ်မျက်နှာတို့တွင် လက်တွဲ၍ ပူးပေါင်းပါဝင်နေပြီး နေချိုမြို့ကို ထိန်းချုပ်ထားနိုက်ပြီဖြစ်ကြောင်း သိရသည်။ နောင်ချိုမြို့နှင့် ခမရ(၁၁၅) တို့ကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ(၁၁၄)နှင့် (၆၀၆)အမြောက်တပ်ရင်းများကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၄) ခုကို TNLA သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၄) ခုကို TNLA သိမ်းပိုက်

RNA_ဇွန်(၂၆)၊၂၀၂၄ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်ဖြစ်ပွါးနေသည့် ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစသည့်မြို့နယ်များတွင် တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၄) ခုကို TNLA သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲ (၂) ရက်အတွင်း ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းတို့ပါဝင်ကြောင်း၊ နောင်ချိုမြို့နယ်ရှိရမခ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများ၊ မိုးကုတ်မြို့နယ် ဒေါ်နန်းကြည်တောင်စခန်း၊…
Read More
ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ် အထိနာသည့်စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်ခတ်

ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ် အထိနာသည့်စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်ခတ်

RNA_ဖားကန့်၊ ဇွန် ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၌ ယနေ့မနက်ပိုင်းက စစ်ကောင်စီ၏ လှုပ်ရှားလာသည့် တပ်နှင့် နယ်မြေစိုးမိုးမှုယူထားသည့် KIA/KPDF ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာသည့် စစ်ကောင်စီက ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် အရပ်သားပြည်သူများကို ရည်ရွယ်ပစ်ခတ်ခဲ့ပြီး အရပ်သားပြည်သူများ သေဆုံးသူအချို့နှင့် ထိခိုက်ဒဏ်ရာရရှိသူအများအပြား ရှိခဲ့သည်။ လက်ရှိနှစ်ဖက်စစ်ရေးတင်းမာနေသည့် ဆိပ်မူမြေပြင်အခြေအနေအရ အရပ်သား ပြည်သူများ၏ ထိခိုက်သေဆုံးမှုအတိအကျ မသိရှိရသေးသော်လည်း ဆိပ်မူ စိန်မြသုခကျောင်း အနောက်ဘက်တွင် တစ်လုံး၊ ဖူဆယ်ကွင်းဘေးတွင် တစ်လုံး၊ မှော်ရှန်ရပ်ကွက်လမ်းဘေးတွင် နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ(၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပြီး ထိခိုက်လဲကျ သေဆုံးနေသူတစ်ဦးကိုလည်းတွေ့ရှိထားကြောင်း ဆိပ်မူဒေသခံအချို့ထံမှ သိရသည်။ (more…)
Read More
ရှင်မကန်ပျူရွာတိုက်ခိုက်ခံရပြီီး စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးသေဆုံး

ရှင်မကန်ပျူရွာတိုက်ခိုက်ခံရပြီီး စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးသေဆုံး

RNA_ဇွန်(၂၅)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စု၊ ရှင်မကန်ပျူရွာကို ဒေသတွင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၅ နာရီကျော်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများနှင့် သုံ့ပန်းတဦး ဖမ်းဆီးရမိကြောင်း သိရသည်။ ရှင်မကန် ပျူးစစ်စခန်းကို အဓိကဦးတည်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးသေဆုံးပြီး၊ ကာဘိုင်အမျိုးအစား သေနတ် ၄ လက်၊ ဘီအေ (63) အမျိုးအစား သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း၊ လက်ပစ်ဗုံး ၂ လုံး၊လမ်းလျှောက်စကားပြောစက် ၁ လုံး ၊ ခဲယမ်းကျည်မျိုးစုံ…
Read More