“တနိုင်ငံလုံးစစ်မျက်နှာ ဖွင့်ထားရတဲ့ စစ်ကောင်စီအနေနဲ့ တပ်တွင်း ပြုန်းတီးအင်အားတွေကြောင့် လက်နက်အင်အားသာရှိပြီး၊ စစ်တိုက်မယ့် လူအင်အားမရှိတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်အပေါ် ရင်ဆိုင်နိုင်စွမ်းမရှိတော့တာ အားလုံးအမြင်ပါ”
မောင်ဝိ
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန်နောက်မှာတော့ စစ်တပ်ထံမှ တကြိမ်မှ မကြုံဖူး၊ မကြားဖူးခဲ့တဲ့ ထုတ်ပြန်ချက်တွေ၊ လုပ်ဆောင်ချက်ကို မြင်တွေ့လာရပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့မှာ “နိုင်ငံတော်ကာကွယ်ရေး တာဝန်ပြန်လည်ထမ်းဆောင်ရန် ခွင့်မဲ့/စစ်ပြေး စစ်သည်များက ပြန်လည်ဆန္ဒပြုလာတာရှိလို့ သာမန်ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမယ်လို့” စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်တပ်ကနေ ထွက်လာတဲ့သူတွေမှာ အကြောင်းပြချက်မျိုးစုံရှိကြပါတယ်။ စစ်တပ်ရဲ့ မတရားမှုကို သိရှိလာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့သူတွေကို (CDM) အဖြစ် ပြည်သူလူထုက သတ်မှတ်ကြပါတယ်။ ဒါ့အပြင် (CDM) အဖြစ်မခံယူဘဲ စစ်တပ်ထဲမှာမနေလိုတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူတွေ၊ လက်နက်ချ၊ အလင်းဝင် စသဖြင့်ရှိပါတယ်။ အဲ့ဒီလို စစ်တပ်မှာ မနေချင်လို့ ထွက်လာသူတွေကို စစ်တပ်ပိုင် မြဝတီ၊ မြန်မာ့အသံတွေက တကူးတက ထုတ်ပြန် စည်းရုံး နေရတယ်ဆိုကတည်းက စစ်တပ်ရဲ့ လက်ရှိအခြေအနေကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။
နောက်ထပ်လည်း ဖြစ်စဥ်တခု ရှိပါသေးတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲအတွင်းက နောက်ဆက်တွဲ ဖြစ်စဥ်တစ်ခုပါ။ နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်က စစ်ကောင်စီအလံကို ဖြုတ်ချပြီး၊ချင်းအမျိုးသား အလံတော်ကို လွှင့်ထူနိုင်ခဲ့ပါတယ်။ ရိခေါဒါရ်မြို့သိမ်း တိုက်ပွဲအတွင်းမှာဆိုရင် စစ်တပ်ဘက်မှ စစ်သား (၄၀)ကျော် နိုဝင်ဘာ ၁၃ နေ့မှာ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်နယ်စပ်ရွာဖြစ်တဲ့ ဇိုခွာထာရ်ရွာဘက်ကို လက်နက်ချထွက်ပြေးသွားတယ်လို့ ကြားသိရတယ်။
(more…)