RNA_ဇန်နဝါရီ(၂၉)၊၂၀၂၅ခုနှစ်။
အာရက္ခတပ်တော်နှင့် ချင်းညီနောင်အပါအဝင် အခြားသောမဟာမိတ်များနှင့် လက်တွေ့ကျကျတိုက်ပွဲဝင်ပြီး မြို့သိမ်း တိုက်ပွဲများကို ဦးတည်ကြိုးစားဆောင်ရွက်နေသော ယောကာကွယ်ရေးတပ် (YDF) အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်ပြီး မကြာမီတိုက်ပွဲများဖော်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။
စစ်ရေးအရှိန်မြှင့်တင်ပြီး မကြာမီ တိုက်ပွဲများဖော်ဆောင်တော့မည်ဖြစ်သည့်အတွက် မိဘာပြည်သူများအနေဖြင့် စစ်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ထားကြရန်၊ ဂန့်ဂေါမြို့နယ်အတွင်း ပသုံးလုံးအဖွဲ့များဖြစ်သော ပကဖ၊ ပအဖ၊ ပလဖ များအနေဖြင့် မြို့သိမ်းတိုက်ပွဲ အကြောင်းပြပြီး ငွေကြေးခွဲတမ်းကောက်ခံမှုများကို တာဝန်ယူမှု တာဝန်ခံမှုမရှိ ပြုလုပ်နေသည်ဟု YDF ကယနေ့ထုတ်ထားသည်။
#RedNewsAgency #REDNEWS #RNA #AhNyar