23
Dec
RNA_ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာ အောင်သာယာ (၂) အနီး စိန်စိန်လုပ်ကွက် ( ဒေသအခေါ်) မြေစာပုံပြိုကျမှု ပျောက်ဆုံးနေသူ များသော်လည်း ယနေ့ နံနက်အထိ အလောင်း (၂) လောင်းသာ ဆယ်ယူနိုင်သေးကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ " ပျောက်ဆုံးတာကတော့ များတယ် (၅၀) ကျော်ရှိတယ်လို့ ခန့်မှန်းပေါ့၊ အလောင်းက မနေ့က တလောင်း အခုမနက်တလောင်း ဒါပဲရှာတွေ့သေးတယ်၊ မနေ့ကတွေ့တဲ့အလောင်းက ကိုမျိုး ခွန်ဆာကုန်းကပေါ့" ဟု RNA သတင်းရင်းမြစ်က ပြောသည်။ စိန်စိန်လုပ်ကွက်အနီးက မြေစာပုံသည့် ရေကန်သည် အမြင့် ပေ…