ပြည်သူများကို ကယ်ထုတ်ရင်း YDF ရဲဘော်တဦးကျဆုံး၊ တဦးပျောက်နေ

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။
 
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာတောင်ဘက်၊ ဇာဟော-အုတ်လှလမ်းပေါ်၌ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၅၀) မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူများကို ယောကာကွယ်ရေးတပ်-YDF တပ်ဖွဲ့ဝင်များ ကယ်ထုတ်ရင်း ပစ်ခတ်ခံရကာ ရဲဘော်တဦးကျဆုံးကာ ရဲဘော်တဦးပျောက်ဆုံးနေကြောင်း သိရသည်။
 
“YDF တပ်ဖွဲ့ဝင်များဖြစ်သော ရဲဘော်အောင်နိုင်၊ ရဲဘော် အောင်ကျော်မိုးနှင့် ‌ရဲဘော်အောင်ကိုကိုတို့ ထိမှန်ခဲ့ပြီး ရဲဘော်အောင်နိုင်သည် ရင်ညွန့်နှင့် နံကြားတွင် ကျည်ထိမှန်၍ နေရာတွင် ကျဆုံးခဲ့ပါသည်။ ရဲဘော်အောင်ကျော်မိုးသည် ဘယ်ဘက်လက်မောင်းတွင် ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ရဲဘော်အောင်ကိုကိုမှာ ပျောက်ဆုံးနေဆဲဖြစ်ပါသည်” ဟု YDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ပစ်ခတ်မှုပြုဖြစ်ပွားရာတွင် YDF ရဲဘော် တဦးသေဆုံး၊ တဦးဒဏ်ရာရကာ တဦးပျောက်ဆုံးနေသည့်အပြင်် ဇဟောရွာသားတဦး ဦးခေါင်းတည့်တည့် ထိမှန်ကာ သေဆုံးခဲ့ပြီး၊ စပါးရိတ်နေသည့် ဇာဟောရွာသာနှစ်ဦးကိုလည်း စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
 
#RedNewsAgency
By Editor