ခွန်ဘီထူး

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း၊ ဥက္ကဌအဖြစ် ခူဦးရယ်က တာဝန်ယူ

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း၊ ဥက္ကဌအဖြစ် ခူဦးရယ်က တာဝန်ယူ

RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State -IEC) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကောင်စီအဖွဲ့ဝင် (၆)ဦးဖြင့် ကနဦး ဖွဲ့စည်းခဲ့ရာတွင် ဥက္ကဌအဖြစ် ခူဦးရယ်က တာဝန်ယူထားသည့်ဟု ယနေ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းက တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီတွင် ဥက္ကဋ္ဌ ခူဦးရယ်၊ ဒုတိယဥက္ကဋ္ဌ ခွန်ဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ်၊ အတွင်းရေးမှူး ၁ ဇူးပဒုမ္မာ၊ အတွင်းရေးမှူး ၂ ဗညားခွန်အောင်၊ ဘဏ္ဍာရေးမှူး မော်ဖိုးမြာတို့ဖြစ်ဖြင့် ကနဦးဖွဲ့စည်းခဲ့ကြောင်း၊ပြည်နယ် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊…
Read More
ပုလင်းတူဗူးဆို့များညီညွတ်ရေးအစိုးရ

ပုလင်းတူဗူးဆို့များညီညွတ်ရေးအစိုးရ

KGZ ကိစ္စမှာ ကရင်နီပြည်အကြောင်း ခရေစေ့တွင်း ကျသိတဲ့ ခွန်းဘီထူး စကားတစ်ခွန်းမှ မဟဘဲ နားကန်းတစ်လုံးမှ မသိတဲ့ အိသဉ္ဇာမောင်က ဝင်ယောင်တာဟာ အတော်ဆိုးပါတယ်။ ငါးပိသည်က အိပ်နေတုန်း ဆားသည်က ခွေးဝင်မောင်းသလို ဖြစ်နေပါတယ် ကရင်နီဂျန်နရေးရှင်းဇက်(KGZ)အဖွဲ့ရဲ့ စစ်ကြောင်းမှူးဖြစ်သူ ‌ကိုဇော်လင်းထွန်း ခေါ် ဗိုလ်ဆော်ရယ် ကျဆုံးသွားတဲ့သတင်း တက်လာတဲ့နေ့မှာ ဒုဝန်ကြီး အိသဉ္ဇာမောင်ကို အမေရိကန်ပြည်ထောင်စုက အမျိုးသမီးသတ္တိရှင်ဆုကို ချီးမြှင့်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဗိုလ်ဆော်ရယ်ဟာ အရင်က ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး စစ်အုပ်စုက အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေထဲမှာ ထဲထဲဝင်ဝင်ပါရင်းကနေ အခုလို ကရင်နီဂျန်နရေးရှင်းဇက်(KGZ)မှာ ပါဝင်တိုက်ခိုက်နေသူဖြစ်လာခဲ့ပါတယ်။ ဗိုလ်ဆော်ရယ်ခေါ် ကျောင်းဆရာကိုဇော်လင်းထွန်းဟာ ကျောင်းသားဘဝက လွိုင်ကော်မှာ ကျောင်းသားသမဂ္ဂထဲပါဝင်ဖြတ်သန်းဖူးခဲ့သူလို့ သူ့ရဲဘော်တွေက မီဒီယာတွေမှာ ဖြေထားပါတယ်။ ကျဆုံးသွားတဲ့…
Read More