မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ 

RNA_ဇွန်(၇)၊၂၀၂၃ ခုနှစ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂) တိုးချဲ့ တည်ထောင်ခြင်း ( ၁) နှစ်ပြည့်အခမ်းအနား ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့သည် စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံသည့်တွန်းလှန်ခြင်း ၂ နှစ်ပြည့်နှင့် မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ရင်း ၂တိုးချဲ့တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကို အခြေအနေအရ အကျဥ်းချုပ်ပြုလုပ်ခဲ့ရကြောင်း၊ တပ်ရင်းအမှတ် ၁၀၀၁ ( ယမိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁) မှအဖြစ်မှ စစ်မြေပြင်တည်နေရာ အနေအထားအရ ခွဲထွက်ကာ တိုးချဲ့ဖွဲ့စည်းခဲ့ရခြင်း ဖြစ်သည်ဟု MOBYE PDF ၂ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

” တော်လှန်ရေး ကာလ ၂ နှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်ကိုတွန်းလှန်တိုက်ခိုက်ရင်း ကျနော်တို့တပ်ရင်းအမှတ် ၁၀၀၇(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂) မှ အာဇာနည်သူရဲကောင်း ၈ ဦးအသက်ပေးဆပ်ရသလို၊ ခြေထောက်ဆုံးရှူံး ရဲဘော် ၄ ဦးနှင့် ဒဏ်ရာရရဲဘော် ၁၇ ဦး အထိရှိလာပြီဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

တစ်နှစ်ပြည့်မြောက်ပြီဖြစ်သည့် မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ် တပ်ရင်းအမှတ် ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ်၂) တပ်ဖွဲ့သည် ပင်လောင်း၊ ဖယ်ခုံ အစပ်တွင် မဟာမိတ်တော်လှန်ရေးအင်အားစုနှင့်အတူ ၃ လ ကျော်လာသည်အထိ တတိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာသည်အထိ စစ်အာဏာ ရှင်ကို တွန်းလှန်တိုက်ခိုက်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor