တိုက်ပွဲအတွင်း ဖယ်ခုံ PDF တပ်ရင်း (၂) မှ စနိုက်ပါ ရဲဘော် နာတားလက်နှင့်ရဲဘော်ဂျော်နိုင်တို့ ကျဆုံးခဲ့ရ

RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအနီး ဇွန်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးဗြဲ PDF တပ်ရင်း (၂) မှ စနိုက်ပါ ရဲဘော်နာတားလက်နှင့် ရဲဘော်ဂျော်နိုင်တို့ လက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့ရသည့်အတွက် ဇွန်လ ၁၁ ရက်နေ့က ဈာပန အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျွန်တော်တို့ (MOBYE PDF 2) မှအားထားရသော စနိုက်ပါ ရဲဘော် နာတားလက် နှင့် ကျောင်းသားရဲဘော် မောင်ဂျော်နိုင်တို့သည် ရန်သူဘက်မှပစ်ခတ်သော လက်နက်ကြီးထိမှန်ကာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့ရပါသည်” ဟု 1007 Battalion – MOBYE People Defence Force MBPDF B- 02 ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်နာတားလက်နှင့်ရဲဘော်ကျော်နိုင်တို့အား အာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြုမှတ်တမ်းတင်ကြောင်း၊ မိသားစုနှင့် တပ်ထူ ဝမ်းနည်းကြေကွဲရကြောင်း မိုးဗြဲ PDF တပ်ရင်း (၂) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor