လူထုသပိတ်တိုက်ပွဲ

စလင်း PDF နှင့်ပြည်သူများပူးပေါင်းပြီး ပန်းသပိတ်ပြုလုပ်

စလင်း PDF နှင့်ပြည်သူများပူးပေါင်းပြီး ပန်းသပိတ်ပြုလုပ်

RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက် တော်လှန်ရေးတွင်တာဝန်ကျေပွန်ခဲ့ကြသည့် အမျိုးသမီးများ၊ နွေဦးတော်လှန်ရေးတွင် အကျဥ်းကျခံနေရသည့်အမျိုးသမီးများ၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံဖြင့်ဆက်လက်တော်လှန်ပါဝင်နေကြသည့် အမျိုးသမီးများဂုဏ်ပြုသောအားဖြင့် June 19 လှုပ်ရှားမှူအနေဖြင့် မကွေးတိုင်း မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း (စလင်း)မှ ရဲဘော်များနှင့် ပြည်သူများ ပူးပေါင်းကာ "စလင်းမြို့နယ်ပြည်သူလူထုပန်းသပိတ်" ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။   Red News Agency
Read More
မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

RNA_မေ(၁၉)၊၂၀၂၃ ခုနှစ်။ စစ်အာဏာရှင်စနစ် ကျန့်ကျင်ရေး မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တရားရုံးက ယနေ့ ထောင်ဒဏ် အနှစ် (၂၀) ထပ်မံချမှတ်လိုက်သည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၅၂) နှစ်ထိ ချမှတ်ခံထားကြောင်း သိရသည်။ ကိုဝေမိုးနိုင်ကို ယနေ့ (မေလ ၁၉ ရက်)တွင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ကြောင်း၊ မတရားဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် ၅ မှုဖြင့် ထောင်ဒဏ် (၁၀) နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ ဖြင့် (၂) နှစ်၊ ပုဒ်မ ၃၉၅၊ ၃၉၇…
Read More