Red News Agency

Independent Journalism for Justice and Human Rights.

Category: သတင်း

  • မှော်ဘီရဲတပ်ရင်း (၅) မှ ဒုတပ်ကြပ်ဟန်ဝေအောင်နှင့် တပ်သားအောင်သီဟတို့ ဖမ်းဆီးခံရ

    မှော်ဘီရဲတပ်ရင်း (၅) မှ ဒုတပ်ကြပ်ဟန်ဝေအောင်နှင့် တပ်သားအောင်သီဟတို့ ဖမ်းဆီးခံရ

    RNA_ဇူလိုင်(၄)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ တောင်သာမြို့နယ် စစ်ကောင်စီ၏ အမှတ် (၁) စွပ်ကျယ်စက်ရုံ၌ လုံခြုံရေးတာဝန်ယူနေကြရသော ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ရဲတပ်ရင်း (၅) မှ ဒုတပ်ကြပ် ဟန်ဝေအောင်နှင့် တပ်သား အောင်သီဟတို့ကို တောင်သာမြို့နယ် ပကဖ ရဲဘော်များက ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့က ပစ်ချ

    စစ်ကောင်စီတိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့က ပစ်ချ

    RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။

    ကရင်နီပြည်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်ရန်လာသော စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့သည်ဟု KNDF ကသတင်းထုတ်ပြန်လိုက်သည်။

    ဖားဆောင်းမြို့တိုက်ပွဲသို့ ဇူလိုင်လ (၂) ရက်နေ့ နံနက် (၁) နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ရန် လာသော စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် (၄) စင်းကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးအဖွဲ့များက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည့်အတွက် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားဆောင်းမြို့အနီးအနားတွင် ပစ်ချခံရသော လေယာဉ်ကိုယ်ထည် အပျက် အစီးများနှင့်အတူ လေယာဉ်မှူး (၂) ဦး၏ ရုပ်အလောင်း အပိုင်းအစများကိုပါ တွေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    (more…)

  • ပျောက်ဆုံးနေသော စစ်ကောင်စီလေယာဉ်မှာ ဖားဆောင်းမြို့နယ်မှာ ပျက်ကျ

    ပျောက်ဆုံးနေသော စစ်ကောင်စီလေယာဉ်မှာ ဖားဆောင်းမြို့နယ်မှာ ပျက်ကျ

    RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။
    စစ်ကောင်စီတပ်မှ ယမန်နေ့ညပိုင်းက ပျောက်ဆုံးသွားသော လေယာဉ်မှာ ကရင်နီပြည် ဖားဆောင်းမြို့နှင့် ကျောက်စုရွာကြား သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် ပျက်ကျခဲ့သည့်အတွက် ယနေ့ တော်လှန်ရေးအင်အားစုများက လေယာဉ်အပိုင်းအစများကို တွေ့ရှိထားပြီဖြစ်သည်။
    စစ်ကောင်စီလေတပ်၏ တိုက်လေယာဉ်သည် ဇူလိုင်လ ၁ ရက် ညပိုင်းက နေပြည်တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၌ ရေဒါမြင်ကွင်းမှ ပျောက်သွားပြီး အဆက်အသွယ်ပျက်တောက်သွားခဲ့ကြောင်း၊ အဆိုပါ လေယာဉ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ စက်ချို့ယွင်းခြင်း (သို့မဟုတ်) ရာသီဥတုဆိုးရွာမှုကြောင့် ဖြစ်နိုင်သည်ဟု စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် အသိပေးထားသည်။

    (more…)

  • သေဆုံးသူ လီလီနိုင်ကျော်နှင့် ပျူခေါင်းဆောင် သီတာယုမွန်အပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို မင်းအောင်လှိုင်က ဘွဲ့တံဆိပ်ချီးမြှင့်

    သေဆုံးသူ လီလီနိုင်ကျော်နှင့် ပျူခေါင်းဆောင် သီတာယုမွန်အပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို မင်းအောင်လှိုင်က ဘွဲ့တံဆိပ်ချီးမြှင့်

    RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။

    သေဆုံးသွားပြီဖြစ်သော စစ်ကောင်စီလက်အောက်ခံ သတင်းပေး အမျိုးသားရေးလှုပ်ရှားသူ လီလီနိုင်ကျော်နှင့် မြင်းခြံမြို့မှ နာမည်ကြီး ပျူခေါင်းဆောင် သီတာယုမွန်အပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို မင်းအောင်လှိုင်က ယနေ့ (ဇူလိုင် ၃ ရက်) ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရဲဗလတံဆိပ်ချီးမြှင့်ခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင် ကြေညာထားသည်။

    စစ်ကောင်စီတပ် သတင်းများပေး၊ အမျိုးသားရေးလှုပ်ရှားသူ လီလီနိုင်ကျော်အား ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်က ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်တွင် ပစ်သတ်ခံခဲ့ကြောင်း၊ ပျူခေါင်းဆောင် သီတာယုမွန်မှာ မြင်ခြံခရိုင်တွင် စစ်ကောင်စီတပ်ကိုယ်စား လက်နက်ကိုင်ဆောင်ပြီး ပြည်သူများကိုဖမ်းဆီးနှိပ်စက်ခြင်း၊ အဓမ္မငွေတောင်းခံခြင်း၊ စစ်ကောင်စီတပ်နှင့်အတူ ကင်းလှည့်ကာ ဒေသတွင်း တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ခြင်းစသည်တို့ လုပ်ဆောင်နေကြောင်း သိရသည်။

    (more…)

  • ကျောင်းသားလက်ရုံးတပ်တော်နှင့် MOD တပ်ရင်း တပ်ဖွဲ့များ စစ်ရေးအပြင် ဘဏ္ဍာရေးအရင်းအမြစ်များကို ပူးပေါင်းဆောင်ရွက်မည်

    ကျောင်းသားလက်ရုံးတပ်တော်နှင့် MOD တပ်ရင်း တပ်ဖွဲ့များ စစ်ရေးအပြင် ဘဏ္ဍာရေးအရင်းအမြစ်များကို ပူးပေါင်းဆောင်ရွက်မည်

    RNA_ဇူလိုင်(၂)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်းအတွင်း စစ်ရေးစီမံချက်များကို ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ တာဝန်ခွဲဝေကာ စစ်ဆင်ရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွကနိုင်ရေး သဘောတူထားပြီဖြစ်ကြောင်း သိရသည်။

    ကျောင်းသားလက်ရုံးတပ်တော် ရဲဘော်များ

    ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဦးဆောင်ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်တော်စုဝန်ကြီး ဦးရည်မွန်တို့ ဇွန်လ ၂၉ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ကျောင်းသားလက်ရုံးတပ်တော် အခြေစိုက် ဒေသများရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးဖလှယ်ခဲ့ကြပြီး သဘောတူညီမှုများရရှိခဲ့သည်ဟု ကျောင်းသာလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။

    (more…)

  • လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA (၄၉) ဦး သေဆုံးခဲ့သည်ဟု စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်

    လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA (၄၉) ဦး သေဆုံးခဲ့သည်ဟု စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်

    Red News / Fact Check

    ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အား ဇွန်လ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA မှ ကျောက်ပေါက်နှင့် ရွှေဒါးဦးဆောင်အဖွဲ့မှ (၁၅) ဦး၊ ကျော်ဦးအဖွဲ့မှ ၁၃ ဦး၊ ကိုအေးအဖွဲ့မှ ၂၁ ဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့သည်ကို TNLA ဘက်မှ တင်ပြီး ပြန်ဖျက်သွားသည်ဟုဆိုကာ စစ်ကောင်စီလော်ဘီများသည် ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။

    စစ်ကောင်စီလော်ဘီများဝါဒဖြန့်မှု
    ——————————
    စစ်ကောင်စီလော်ဘီ တယ်လီဂရန် ဗြုတ်စဗျင်းတောင်း သတင်းများ ဆိုသည့် ချန်နယ်မှစတင်ကာ ဇွန်လ ၂၉ ရက်နေ့က စတင်ဝါဒဖြန့်ခဲ့ရာ ကြည့်ရှုသူ တစ်ထောင်ကျော်သာရှိခဲ့သော်လည်း ထိုဝါဒဖြန့်အကြောင်းအရာအား အခြားသော ဖော်လိုဝါများသည့် လော်ဘီချန်နယ်များဖြစ်သည့် Kyaw Swar, Ko Thet, Snow Queen အပါအဝင် ချန်နယ် ၂၅ ခုက ကူးယူဝါဒဖြန့်ထားကြသဖြင့် ပျံ့နှံ့မှုအားကောင်းလျက်ရှိသည်။ Kyaw Swar ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုသူ ၃ သောင်း ၄ ထောင်ခန့်၊ Ko Thet ချန်နယ်တွင် ၂ သောင်း ၄ ထောင်ကျော်နှင့် Snow Queen ချန်နယ်တွင် ခုနစ်ထောင်နီးပါးရှိခဲ့သည်။

    (more…)

  • နှုတ်ထွက်စာတင်ခဲ့ပြီးနောက် တာဝန်ရှိသူများအား တောင်းပန်ကာ MOD တပ်ရင်းအဖြစ် ဆက်ရှိနေမည်

    နှုတ်ထွက်စာတင်ခဲ့ပြီးနောက် တာဝန်ရှိသူများအား တောင်းပန်ကာ MOD တပ်ရင်းအဖြစ် ဆက်ရှိနေမည်

    RNA_ဇူလိုင်(၂)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း (People Revolution Force Kyaukse) အနေဖြင့် NUG/MOD/PDF စစ်ရုံးချုပ်အောက်မှ နှုတ်ထွက်ကြောင်းတင်ပြခဲ့ပြီးနောက် တာဝန်ရှိသူများအား တောင်းပန်ကာ MOD တပ်ရင်းအဖြစ် ဆက်လက်တည်ရှိနေမည်ဟု ယနေ့ (ဇူလိုင် ၂ ရက်) အသိပေးထုတ်ပြန်ထားသည်။

    (more…)

  • ရဲလက်မှ မတရားဖမ်းဆီးခံထားရသူအား ကယ်ထုတ်သွားသောအဖွဲ့ ပြန်လည်ဖမ်းဆီးခံလိုက်ရ

    ရဲလက်မှ မတရားဖမ်းဆီးခံထားရသူအား ကယ်ထုတ်သွားသောအဖွဲ့ ပြန်လည်ဖမ်းဆီးခံလိုက်ရ

    RNA_ဇူလိုင်(၂)၊၂၀၂၅ခုနှစ်။
    ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးခံထားရသော မဇွန်ပွင့်လှိုင်ကို ယမန်နေ့ညပိုင်းက ရဲလက်မှကယ်ထုတ်သွားနိုင်ခဲ့သောအဖွဲ့ ယနေ့နံနက်ပိုင်းမှာ ပြန်လည်ဖမ်းဆီးခံလိုက်ရပြီဟု စစ်ကောင်စီလော်ဘီများက တယ်လီဂရန်ချန်နယ်များတွင် ဖြန့်ချိနေသည်ကို တွေ့ရှိရသည်။
    လှိုင်သာယာမြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့ည ၇ နာရီအကျော်တွင် အဓမ္မဖမ်းဆီးခံထားရသော မဇွန်ပွင့်လှိုင်သည် ကျန်းမာရေးကိစ္စဖြင့် ရဲစခန်းမှ လှိုင်သာယာဆေးရုံသို့ ဒုရဲအုပ် ၂ ဦးနှင့်အတူ သွားရောက်စဉ် စက်မှုဇုန် ၂၊ မင်းကြီးမဟာမင်းခေါင်လမ်းထိပ်အရောက်တွင် အမျိုးသား (၂) ဦးက လိုက်ပါလာသော ဒုရဲအုပ်အမျိုးသားနှင့်အမျိုးသမီးကို သေနတ်ဖြင့်ပစ်ကာ မဇွန်ပွင့်လှိုင်အား ကယ်ထုတ်သွားနိုင်ခဲ့သည်။

    (more…)

  • မုံရွာခရိုင် အမှတ် (၄) တပ်ရင်းအနေဖြင့် လမ်းပေါ်တက် အလှူခံခြင်း၊ အခွန်ကောက်ခြင်း စသော စီးပွားရေးများမလုပ်ဟု အသိပေး

    မုံရွာခရိုင် အမှတ် (၄) တပ်ရင်းအနေဖြင့် လမ်းပေါ်တက် အလှူခံခြင်း၊ အခွန်ကောက်ခြင်း စသော စီးပွားရေးများမလုပ်ဟု အသိပေး

    RNA_ဇူလိုင်(၁)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အမှတ် (၄) တပ်ရင်း (Chindwin Attack Force) အနေဖြင့် ရှေ့တန်းမှပြန်ရောက်သည့်အချိန်မှ ယနေ့အချိန်အထိ တပ်ရင်းလည်ပတ်နိုင်ရေးအတွက် လမ်းပေါ်တင် အလှူခံခြင်း၊ အခွန်ကောက်ခြင်း၊ စက်သုံးဆီသယ်ယူခြင်းစသည့် စီးပွားရေးလုပ်ငန်းများ လုံးဝ (လုံးဝ) မလုပ်ဟု တပ်ရင်းမှူး ဒေါနမောင်မောင်က အသိပေးထုတ်ပြန် ပြောကြားထားသည်။

    ဒေါနမောင်မောင်အမည်နှင့် မုံရွာခရိုင်အမှတ် (၄)တပ်ရင်းအမည် အလွဲသုံးစားပြုပြီး လုပ်ကိုင်ဆောင်ရွက်လာပါက အချိန်မရွေးအကြောင်းကြား တိုင်တန်းရန်နှင့် ရဲဘော်ဖြစ်ပါက စစ်ဘက်ဆိုင်ရာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ တော်လှန်ရေးပြီးနောက် မုံရွာခရိုင်အမှတ်(၄) တပ်ရင်း ရဲဘော်မှအစ တပ်ရင်းမှူးအဆုံး မူလထက် တစ်ပြားပိုချမ်းသာခဲ့ပါက တပ်ရင်းမှူးနှင့်တပ်ဖွဲ့အား သူခိုးဟုစွပ်စွဲပြီး ကြိုက်နှစ်သက်ရာ တရားရုံးတွင် ပြည်သူများအနေဖြင့် အရေးယူနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • အကျဉ်းဦးစီးဝန်ထမ်းနှင့် စစ်တပ်၊ ရဲတို့ ပူးပေါင်းပြီး အကျဉ်းသားအား လွှတ်ပေးမည်ဟုဆိုကာ ကျပ်သိန်း (၇၀၀) လိမ်လည်မှုဖြစ်ပွား

    အကျဉ်းဦးစီးဝန်ထမ်းနှင့် စစ်တပ်၊ ရဲတို့ ပူးပေါင်းပြီး အကျဉ်းသားအား လွှတ်ပေးမည်ဟုဆိုကာ ကျပ်သိန်း (၇၀၀) လိမ်လည်မှုဖြစ်ပွား

    RNA_ဇွန်(၃၀)၊၂၀၂၅ခုနှစ်။

    ရန်ကုန်မြို့၊ အင်းစိန်းမြို့နယ်ရှိ၊ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသားအား လွတ်အောင် လုပ်ပေးမည်ဟုဆိုကာ အကျဉ်းသားမိသာစုထံမှ အကျဉ်းဦးစီးဝန်ထမ်း (၃) ဦး၊ စစ်ကောင်စီတပ်သား (၁) ဦး၊ ရဲ (၁) တစ်ဦးတို့က ငွေကျပ်သိန်း (၇၀၀) တောင်းသည့် လိမ်လည်မှု ယခု တစ်ပတ်အတွင်း ဖြစ်ပွားနေကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။

    ” အကစကသုံးယောက် ရဲတစ်ယောက် စစ်တပ်ကတစ်ယောက်ပေါင်းပြီးတော့လုပ်တာပေါ့။ ငွေတော့ယူလိုက်တယ် အကျဉ်းသားကိုလွတ်အောင်လုပ်မပေးနိုင်တော့ အခုအတိုင်ခံထားရတယ်။ စစ်ကြောရေးမှာ စစ်နေတယ်လို့ကြားတယ်။ တောင်းတာက သိန်း ခုနှစ်ရာ ဘာမှလုပ်မပေးတော့ အကျဉ်းသားမိသားစုက တိုင်တာပေါ့” ဟု အင်းစိန်ထောင်နှင့်နီးစပ်သူတစ်ဦးက ပြောပြသည်။

    (more…)