News

ကရင်နီပြည်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

ကရင်နီပြည်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ ကရင်နီပြည်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်သည် စက်တင်ဘာ (၂၇) ရက် ညနေ (၆) နာရီ (၄၅) မိနစ်၌ ကွယ်လွန်သွားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်ထားသည်။ KNPP အမြဲတမ်းပါတီဗဟိုကော်မတီဝင်လည်းဖြစ်သည့် အသက် (၇၆) နှစ်အရွယ် ဗိုလ်မှူးကြီး ဘုန်းနိုင်သည် ကျန်းမာရေးချို့ယွင်းမှုကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၁) ရဲဘော် နနဲပလိုးက Red News Agency ကို ပြောသည်။ ဗိုလ်မှူးကြီးဘုန်းနိုင်၏ နာရေးအခမ်းအနားကို စက်တင်ဘာ (၃၀) ရက်တွင် ကရင်နီပြည်နယ်စပ်တစ်နေရာ၌ မြေမြှုပ်သင်္ဂြိုလ်မည်ဖြစ်ကြောင်းလည်း KNPP က အသိပေးထားသည်။ ပြီးခဲ့သည့် ဩဂုတ် (၃၀) ရက်ကလည်း…
Read More
အထူးတိုင်းစစ်ဌာနနယ်မြေ ဗုံးကြဲခံရမှုအပေါ် မစိုးရိမ်ကြရန် တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား ပြော

အထူးတိုင်းစစ်ဌာနနယ်မြေ ဗုံးကြဲခံရမှုအပေါ် မစိုးရိမ်ကြရန် တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား ပြော

RNA_စက်တင်ဘာ(၂၆)၊၂၀၂၆ခုနှစ် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အထူးတိုင်းစစ်ဌာနနယ်မြေကို စစ်အုပ်စုက ဗုံးကြဲတိုက်ခဲ့မှုအတွင်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့သော်လည်း ၎င်းတို့အပေါ် မစိုးရိမ်ကြရန် တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားက ပြောကြားခဲ့ကြောင်း သိရသည်။ စက်တင်ဘာ (၂၅) ရက်က ပြုလုပ်ခဲ့သည့် အထူးတိုင်းစစ်ဌာန၏ “ဝိုင်းချစ်မယ့် တိုင်းစစ်” ကမ်ပိန်း၌ ရဲဘော် အောင်စံရှား၏ စာဖြင့် ရေးသားပေးပို့မှုကို အထူးတိုင်းစစ်ဌာန စစ်ရေးအရာရှိ ရဲဘော်တိုးကြီးကတဆင့် ကမ်ပိန်း၌ ပြောကြာခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ကို မစိုးရိမ်ကြပါနဲ့။ အဓိကလိုအပ်နေတဲ့အရာတွေအတွက်ပဲ အင်အားဖြည့်ပေးကြပါ။ ကိုယ်တတ်နိုင်တဲ့ဘက်က၊ ကိုယ်ရောက်နေတဲ့နေရာကနေ တစ်ယောက်တစ်လှည့် ဝိုင်းဝန်းပေးကြရင်း အားတစ်ခုဖြစ်ပေးကြပါ။ တစ်ယောက်ထဲ သန်မာဖို့မဟုတ်ဘူး။ အားလုံးအတူတူ သန်မာကြမယ်။ အတူတူရှိမယ်။ အတူတူရပ်တည်မယ်။ အတူတူ သန်မာကြမယ်”ဟု…
Read More
စစ်အုပ်စုအလိုရှိနေသည့် မူးယစ်တရားခံကို ဗီယက်နမ်က လွှဲပြောင်းပေး

စစ်အုပ်စုအလိုရှိနေသည့် မူးယစ်တရားခံကို ဗီယက်နမ်က လွှဲပြောင်းပေး

RNA_စက်တင်ဘာ(၂၆)၊၂၀၂၆ခုနှစ်။ စစ်အုပ်စု အလိုရှိနေသည့် မူးယစ်ဆေးဝါးဖြန့်ချိရာ၌ အဓိကတရားခံတစ်ဦးဖြစ်သူကို ဗီယက်နမ်အစိုးရက ဖမ်းဆီးပြီးနောက် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC Myanmar) ထံ စက်တင်ဘာ (၂၄) ရက်က လွှဲပြောင်းပေးခဲ့ကြောင်း CCDAC ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက နေပြည်တော်နှင့် ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့သည့် ငွေကျပ် (၂၀) ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါး မက်သာဖက်တမင်း (၈၁၀) ကီလိုဂရမ် ဖြန့်ချိရောင်းချမှု၌ အဓိကတာဝန်ရှိသည့် မှော်ဘီမြို့နယ်နေ ဝေထွန်းဆိုသူကို စစ်အုပ်စုက ဖမ်းဆီးရန် လုပ်ဆောင်ရန် မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့သို့ အဆင့်ဆင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။ ယင်းသို့ထွက်ပြေးတိမ်းရှောင်ခဲ့မှုအပေါ် မြန်မာတာဝန်ရှိသူများက မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်အစိုးရ…
Read More
ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်း ဗုံးကြဲခံရမှုအတွင်း ခရီးသွားပြည်သူ (၅) ဦး သေဆုံး

ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်း ဗုံးကြဲခံရမှုအတွင်း ခရီးသွားပြည်သူ (၅) ဦး သေဆုံး

RNA_စက်တင်ဘာ(၂၅)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းတစ်နေရာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ခရီးသွားပြည်သူ (၅) ဦး သေဆုံးခဲ့ပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ (စက်တင်ဘာ ၂၅ ရက်) ထုတ်ပြန်ထားသည်။ စက်တင်ဘာ (၂၃) ရက် နံနက် (၁၁) နာရီဝန်းကျင်နှင့် ညနေ (၄) နာရီခွဲဝန်းကျင်တို့၌ အင်းတော်မြို့နယ် နောင်မိုးရွာနှင့် စက်တောကုန်းရွာကြား ကားလမ်းပိုင်းကို စစ်အုပ်စုက ဗုံးအလုံးရေ (၄၀) နီးပါး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာသည် စစ်ရေးနှင့်သက်ဆိုင်သည့်နေရာမဟုတ်ဘဲ အများပြည်သူ ကုန်ကူးသန်းသွားလာရာနေရာဖြစ်ပြီး မိုးရာသီကာလ လမ်းပိုင်းမြေကျွံမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်နေချိန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…
Read More
ကောလင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၂) ဦး သေဆုံး၊ (၈) ဦး ထိခိုက်ဒဏ်ရာရ

ကောလင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၂) ဦး သေဆုံး၊ (၈) ဦး ထိခိုက်ဒဏ်ရာရ

RNA_စက်တင်ဘာ(၂၅)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုကုန်းရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၂) ဦး သေဆုံးပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင် အမှတ် (၁) တပ်ရင်းက စက်တင်ဘာ (၂၄) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။ စက်တင်ဘာ (၂၄) ရက် ညနေ (၅) နာရီ (၁၅) မိနစ်ဝန်းကျင်က ကုက္ကိုကုန်းရွာရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ပြီး ဗုံး (၂) လုံးနှင့် ရော့ကတ် (၄) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကုက္ကိုကုန်းရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့်…
Read More
NUG အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲခံရ၊ (၆) ဦးခန့် ကျဆုံးပြီး ထိပ်ပိုင်းတာဝန်ရှိသူအချို့ ဒဏ်ရာရ

NUG အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲခံရ၊ (၆) ဦးခန့် ကျဆုံးပြီး ထိပ်ပိုင်းတာဝန်ရှိသူအချို့ ဒဏ်ရာရ

RNA_စက်တင်ဘာ(၂၄)၊၂၀၂၆ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နေရာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် (၆) ဦးဝန်းကျင် ကျဆုံးခဲ့ရပြီး ထိပ်ပိုင်းတာဝန်ရှိသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယနေ့ (စက်တင်ဘာ ၂၄ ရက်) နံနက် ၁၁ နာရီဝန်းကျင်က NUG အထူးတိုင်းစစ်ဌာနချုပ်ရှိရာနေရာကို အာဏာသိမ်း စစ်တပ်မှ ဗုံး (၆) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားနှင့် CDM ဗိုလ်မှူး တင်လင်းအောင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “အထူးတိုင်းစစ်ဌာနနေရာ ဗုံးကြဲခံရတယ်။ အောင်စံရှားတို့၊ တင်လင်းအောင်တို့ ထိတယ်၊ (၆) လောက်ကျတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက…
Read More
AGT ချန်ပီယံဖြစ်ခဲ့သည့် ထိုင်းဆယ်ကျော်သက် နေနေးကို ထိုင်းဝန်ကြီးချုပ်က ဂုဏ်ပြုကြောင်း ပြော

AGT ချန်ပီယံဖြစ်ခဲ့သည့် ထိုင်းဆယ်ကျော်သက် နေနေးကို ထိုင်းဝန်ကြီးချုပ်က ဂုဏ်ပြုကြောင်း ပြော

RNA_စက်တင်ဘာ(၂၄)၊၂၀၂၆ခုနှစ်။ အမေရိကန်နိုင်ငံတွင် ကျင်းပသည့် American Got Talent (AGT) 2026 ပြိုင်ပွဲ၌ ချန်ပီယံဆုရရှိခဲ့သည့် ထိုင်းဆယ်ကျော်သက်မိန်းကလေး နေနေးရွိုင်ရယ်ကို ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူက ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟု ထိုင်းသတင်းဌာန The Nation က ဖော်ပြထားသည်။ နယူးယောက်မြို့ကို အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ်က နေနေး၏ အောင်မြင်မှုသည် ထိုင်းနိုင်ငံသားအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ကြောင်းနှင့် ထိုင်းဆယ်ကျော်သက်တစ်ဦး နိုင်ငံတကာစင်မြင့်၌ ဆက်လက်လျှောက်လှမ်းနိုင်ရန် အစိုးရက ကူညီထောက်ပံ့ပေးသွားမည်ဟု အနုထင်က ပြောကြားခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Ploythalay Laksameesaengjan က ဆိုသည်။ AGT 2026 အစီအစဉ်၌ နေနေး၏ အရည်အချင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု၊ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုကြောင်း၊ သူမ၏ ယုံကြည်မှုနှင့်အတူ…
Read More
လူမှုကွန်ရက်၌ ဝေဖန်ရေးသားပြောဆိုမှုကြောင့် စစ်အုပ်စု ဖမ်းဆီးထားသူ (၂၀၀၀) ကျော်ရှိလာ

လူမှုကွန်ရက်၌ ဝေဖန်ရေးသားပြောဆိုမှုကြောင့် စစ်အုပ်စု ဖမ်းဆီးထားသူ (၂၀၀၀) ကျော်ရှိလာ

RNA_စက်တင်ဘာ(၂၄)၊၂၀၂၆ခုနှစ်။ စစ်တပ်အာဏာသိမ်း (၅) နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်၌ စစ်အုပ်စုအား ဝေဖန်ရေးသားမှုနှင့် တော်လှန်ရေးအဖွဲ့အစည်းများအား အားပေးထောက်ခံသည့် အရေးအသားများကြောင့် စစ်အုပ်စု၏ ဖမ်းဆီးမှုကို ခံထားရသူပေါင်း (၂၀၂၉) ဦးရှိလာသည်ဟု Data for Myanmar မှ စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ သိရသည်။ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း (၂၂၇) မြို့နယ်မှ အမျိုးသား (၁၃၁၅) ဦးနှင့် အမျိုးသမီး (၇၁၄) တို့ကို စစ်အုပ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းမှ (၅၀၄) ဦး၊ မန္တလေးတိုင်းမှ (၄၆၅) ဦးနှင့် ပဲခူးတိုင်းမှ (၂၇၁) ဦးတို့ဖြင့် အများဆုံးဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ လူမှုကွန်ရက်၌ စစ်အုပ်စုကို…
Read More
ဒေါ်အောင်ဆန်းစုကြည်ကို အလွန်သက်ညှာပေးထားဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

ဒေါ်အောင်ဆန်းစုကြည်ကို အလွန်သက်ညှာပေးထားဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်ချများ ချမှတ်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူမအပေါ် အလွန်သက်ညှာမှုများ ပေးထားကြောင်း TIME မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့သည်။ အာဏာရှင်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အင်တာဗျူးဆောင်းပါးကို အနောက်တိုင်းမီဒီယာကြီးတစ်ခုဖြစ်သည့် TIME မဂ္ဂဇင်းက ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် ဖော်ပြခဲ့ပြီး ယင်းအင်တာဗျူးဆောင်းပါး၌ အခြားပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ အမြင်နှင့် မြန်မာ့စစ်ရေးပဋိပက္ခ၊ စီးပွားရေးပြိုလဲနေမှုများအကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။ နေပြည်တော်၌ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ TIME မဂ္ဂဇင်းက မေးမြန်းချိန် “ကျွန်တော် အတော်လေး သက်ညှာပေးထားပါတယ်။ အခြေအနေတွေ ဒီအဆင့်ထိရောက်အောင် ကျွန်တော် တတ်နိုင်သမျှ ကြိုးစားခဲ့ပါတယ်” ဟု မင်းအောင်လှိုင်က…
Read More
ဒဏ်ရာရဆေးမကုနိုင်သည့်တပ်သားများကို စစ်မြေပြင်၌ ပစ်သတ်ခိုင်းမှုများရှိဟု AA ဖမ်းဆီးရမိသည့် စစ်အုပ်စု စစ်သုံ့ပန်း ပြော

ဒဏ်ရာရဆေးမကုနိုင်သည့်တပ်သားများကို စစ်မြေပြင်၌ ပစ်သတ်ခိုင်းမှုများရှိဟု AA ဖမ်းဆီးရမိသည့် စစ်အုပ်စု စစ်သုံ့ပန်း ပြော

RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျေးရွာ မင်းချောင်းတံတားအနီး၌ ကင်းစောင့်နေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်တစ်ဦးကို အာရက္ခတပ်တော် (AA) က စက်တင်ဘာ (၂၀) ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း AA သတင်းပြန်ကြားရေးဌာနက ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် ထုတ်ပြန်ထားသည်။ AA တပ်တော်မှ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင် ပြည်သူ့စစ် စစ်သုံ့ပန်းသည် ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁) လက်အောက်ခံ အမှတ် (၂၅၂) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်သား ရန်ငြိမ်းအောင်ဖြစ်ကြောင်း သိရသည်။ ၎င်း၏ ဝန်ခံထွက်ဆိုချက်အရ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသည့် တပ်ဖွဲ့ဝင်များကို ဆေးကုသ၍ မရနိုင်ပါက…
Read More