RNA_နိုဝင်ဘာ(၁၂)၊၂၀၂၆ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ စစ်ကိုင်းတိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် နယ်မြေခံ ပကဖ အဖွဲ့များက ဦးဆောင်ပြီး ဒေသခံပြည်သူများအတွက် ဗုံးခိုကျင်းများ တည်ဆောက်ပေးခဲ့ကြောင်း စစ်ကိုင်းခရိုင် ပကဖက ထုတ်ပြန်ထားသည်။
ဒေသခံများနှင့် စစ်ဘေးရှောင်များအတွက် ဗုံးခိုကျင်းများအား တည်ဆောက်ရာ၌ ခိုင်ခံ့စနစ်ကျပြီး ဘေးကင်းစေရန်အတွက် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်အုပ်စု၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးရန်ကို ကာကွယ်နိုင်ရန်အတွက် အညာဒေသ ပြည်သူများသည် မိမိတို့နေအိမ်များ၌ ဗုံးခိုကျင်းများကို ဆောက်လုပ်ထားကြသော်လည်း အများပြည်သူ အသုံးပြုနိုင်သည့် ဗုံးခိုကျင်းများကို တည်ဆောက်ကြရန်လည်း စစ်ကိုင်းခရိုင် ပကဖက တိုက်တွန်းနှိုးဆော်ထားသည်။
စာသင်ကျောင်း၊ ဆေးရုဆေးပေးခန်းနှင့် ဘာသာရေးအဆောက်အအုံများပါမကျန် အများပြည်သူများကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် ကလေးများအပါအဝင် ဒေသခံပြည်သူအများအပြား ထိခိုက်သေဆုံးမှုများ ရှိနေသည်။
စစ်အုပ်စုက လေကြောင်းရန်ကို ကာကွယ်နိုင်ရန်အတွက် NUG နှင့် ဒေသတာဝန်ရှိသူများက ကလေးသူငယ်များအတွက် စာသင်ကြားမှုနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသမှုများကိုလည်း ဗုံးခိုကျင်းများ ဆောက်လုပ်ကာ လုပ်ဆောင်နေရကြောင်း NUG က ထုတ်ပြန်မှုများ ရှိနေသည်။
#RedNewsAgency #RedNews #RNA