29
Jul
" နိုင်ငံတကာဖိအားများ များပြားလာတဲ့အပြင် တပ်တွင်းအင်အားပြုန်းတီးမှု၊ အမိန့်မနာခံမှုတွေနဲ့ တပ်တွင်း ပုန်ကန်မှုတွေဆီ ဦးတည်လာပြီး အဖက်ဖက်ကချောင်ပိတ်လာတဲ့ စစ်ကောင်စီဟာ သူတို့ချောင်ထိုးဖို့ ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့စတင်ကြိုးစားလာ" နောင်ရိုး အခုလက်ရှိ နိုင်ငံရေးအကျပ်အတည်းနဲ့ ထွက်ပေါက်ပိတ်နေတဲ့ စစ်ခေါင်းဆောင်တွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ ကြိုးပမ်းလာပါတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ နေပြည်တော်အကျဉ်းထောင်မှာရှိနေတဲ့ လူထုခေါင်းဆောင်ကို စစ်ကောင်စီလက်အောက်ခံတွေက အစိုးရအဆောက်အဦတစ်ခုဆီကို ပြောင်းရွှေ့ထားလိုက်တယ်လို့ နေပြည်တော်အချုပ်ထောင် သတင်းရင်းမြစ်တွေကပြောကြားထားကြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့မှာ အာဏာစသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ သူတို့အာဏာစသိမ်းစဉ်ထဲက ဖမ်းဆီးထားခဲ့တဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရအမတ်တွေကို ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်အဖွဲ့အပြင် ၊ ဒေါ်အောင်ဆန်းစုကြည်ဖွင့်လှစ်ထားတဲ့…