တပ်မဟာ (၃)

KNLA တပ်ရင်း (၃) ဌာနချုပ်ကို စစ်အုပ်စု သိမ်းယူခဲ့ဆိုသည်မှာ မဟုတ်မှန်ကြောင်း KNU ပြော

KNLA တပ်ရင်း (၃) ဌာနချုပ်ကို စစ်အုပ်စု သိမ်းယူခဲ့ဆိုသည်မှာ မဟုတ်မှန်ကြောင်း KNU ပြော

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၃) ဌာနချုပ်ကို စစ်အုပ်စုက သိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားမှုအပေါ် မဟုတ်မှန်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက အတည်ပြုပြောသည်။ KNU/KNLA တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုနှင့် သိမ်ဖြူဇရပ်မြို့နယ် ကော်ကတ်ရွာအနီးဝန်းကျင်ရှိ တပ်စခန်း (၂) ခုနှင့် ကော်ထီးထရွာအနီးရှိ KNLA တပ်မဟာ (၁)၊ တပ်ရင်း (၃) မှာ စခန်းတို့အပါအဝင် ယာယီအခြေပြု စခန်း (၄) ခုကို သိမ်းယူရရှိခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။ (more…)
Read More