သတင်း

ကျောင်းသားလက်ရုံးတပ်တော်၏ အပတ်စဉ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကျောင်းသားလက်ရုံးတပ်တော်၏ အပတ်စဉ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

RNA_ဩဂုတ်(၁၈)၊၂၀၂၄ ခုနှစ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲနေသော ကျောင်းသားလက်ရုံးတပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲအခမ်းအနားကို ဗဟို‌‌ဌာနချုပ် နယ်မြေ၌ သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် သင်တန်းဆင်းစစ်ကြောင်းမှ ချီတက်စစ်ရေးပြခြင်း၊ စစ်ဦးစီးချုပ်၊ ဗဟိုကော်မတီဝင်နှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ ထူးချွန်စစ်သည်များအား ဆု‌ချီးမြှင့်ခြင်းနှင့် ဧည့်ခံ‌ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ စစ်ကောင်စီအား လက်တွဲတိုက်ပွဲဝင်မည့် စစ်သည်များကို လက်ခံခေါ်ယူလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ရန်ကုန်မြို့မှာ စက်သုံးဆီ ရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရ

ရန်ကုန်မြို့မှာ စက်သုံးဆီ ရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရ

RNA_ဩဂုတ်(၁၇)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် စီးပွားရေးအဆမတန်ကျဆင်းကာ ရန်ကုန်မြို့တွင် စက်သုံးဆီရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရပြီး ညအိပ်တန်းစီနေရသည့်အနေအထားများနှင့်ပါ ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့ခံများထံမှ သိရသည်။ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဩဂုတ်လဆန်းပိုင်းမှစတင်ကာ စက်သုံးဆီပြတ်လပ်မှုများ ကြုံတွေ့နေရသည်မှာ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့အထိ ပြတ်လပ်နေကြောင်း၊ မြို့ပြင်စက်သုံးဆီ အရောင်းဆိုင်များတွင်လည်း အကန့်အသတ်နှင့် ရောင်းချပေးမှုများရှိနေသည်ဟု သိရသည်။ (more…)
Read More
စစ်ကောင်စီ၏ ရေနံမှော်ကင်းစခန်း (၂) ခုအား တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီ၏ ရေနံမှော်ကင်းစခန်း (၂) ခုအား တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်

RNA_ဩဂုတ်(၁၆)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်အတွင်းရှိ စစ်ကောင်စီ၏ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နှင့် ရေနံကျင်းကင်းစခန်းအား တော်လှန်ရေး အင်အားစုများက ဩဂုတ်လ (၁၅) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။   ရေနံမှော်ကင်းစခန်းများ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီီ၏ ကပစ-၂၃ မှ ဗိုလ်ကြီး သော်ဇင်အောင်နှင့် ဒု-ရဲအုပ် ကိုကိုအောင်အပါအဝင် (၁၂) ဦးသေဆုံးခဲ့ကြောင်း၊ ကပစ-၂၃ မှ ဒု-အရာဗိုလ် ဝင်းမြင့်ထွန်းအပါ (၁၂) ဦး ဖမ်းဆီးရမိခဲ့ပြီး၊ လက်နက်မျိုးစုံ (၃၀) လက်၊ ကျည်မျိုးစုံ (၂၆၀၀) ကျော်၊ မိုင်း (၇) လုံး၊ ဗုံးသီး (၆)…
Read More
သံချပ်ကာယာဉ်အသုံးပြု စစ်ကြောင်းထိုးနေသော်လည်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွား

သံချပ်ကာယာဉ်အသုံးပြု စစ်ကြောင်းထိုးနေသော်လည်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွား

RNA_ဩဂုတ်(၁၅)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း PDF စိုးမိုးနယ်မြေတချို့ကို စစ်ကောင်စီတပ်မှ သံချပ်ကာယာဉ်အသုံးပြု စစ်ကြောင်းထိုးမှုများရှိနေသော်လည်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောကြားထားသည်။ #RedNewsAgency
Read More
တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄) ဦးသေဆုံးပြီး (၂၀) ဦးအရှင်ဖမ်းခံရ

တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄) ဦးသေဆုံးပြီး (၂၀) ဦးအရှင်ဖမ်းခံရ

RNA_ဩဂုတ်(၁၄)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်မှ (၆၄)ဦးသေဆုံးကာ (၂၀) ဦးအရှင်ဖမ်းဆီးခံခဲ့ရသည်ဟု အမှတ် (၁) စစ်ဒေသ (စစ်ကိုင်း) ထံမှ သိရသည်။   တကောင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံများတပ်စွဲထားသော ထွေအုပ်ရုံး၊ ဆေးရုံ၊ ရဲစခန်းနှင့် လေးမျက်နှာဘုရားနေရာများကို ဩဂုတ်လ ၁၁ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၁၂ ရက်နေ့တွင်အပြီးသတ်သိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ (၆၄) ဦး သေဆုံးပြီး (၂၀) ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၈၃) လက်၊ ကျည်မျိုးစုံ (၁၄၀၀၀) ကျော်၊ ဗုံးသီးမျိုးစုံ (၁၃၀) ခန့် သိမ်းဆည်းရမိပြီးခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစုများဘက်မှ…
Read More
နာမည်ဆိုးဖြင့်ကျော်ကြားနေသော အင်းစိန်ထောင်ဝန်ထမ်း အသုဘ ယနေ့ ပြုလုပ်မည်

နာမည်ဆိုးဖြင့်ကျော်ကြားနေသော အင်းစိန်ထောင်ဝန်ထမ်း အသုဘ ယနေ့ ပြုလုပ်မည်

RNA_ဩဂုတ်(၁၃)၊၂၀၂၄ ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် ရိုက်နှက် တိုက်ပိတ်ဖိနှိပ်ရာများတွင် စိတ်အားတက်ကြွစွာပါဝင်ပြီး အကျဉ်းသားများအကြား နာမည်ဆိုးဖြင့်​ကျော်ကြားနေသော အင်းစိန်ထောင်ဝန်ထမ်း ထိန်လင်းဦး အသုဘ ယနေ့ နေ့လယ် ၁၂ နာရီတွင် ထိန်ပင်သုဿာန်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ နာမည်ဆိုးဖြင့်ကျော်ကြားနေသော အင်းစိန်ထောင်ဝန်ထမ်း ထိန်လင်းဦးသည် လေဖြတ်ပြီး သတိပြန်လည်မရရှိတော့သည့် အခြေအနေဖြင့် ဩဂုတ်လ ၁၁ ရက်နေ့က ဝိတိုရိယဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ (more…)
Read More
ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆) တပ်ရင်း တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ကျဆုံး

ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆) တပ်ရင်း တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ကျဆုံး

RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆)တပ်ရင်း (Myanmar Defense Force -Shwebo)မှ တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ဩဂုတ်လ (၉) ရက်နေ့က မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။ (more…)
Read More
မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးလမ်းပိုင်း တိုက်ပွဲဖြစ်ပွားနေ

မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးလမ်းပိုင်း တိုက်ပွဲဖြစ်ပွားနေ

RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး "မြင်းခြံရိုင်အထူးစစ်ဆင်ရေး" တိုက်ပွဲဖော်ဆောင်နေသည့်အတွက် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးလမ်းပိုင်းများတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မြင်းခြံ - နွားထိုးကြီးလမ်းပိုင်းနှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် PDF တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။   (more…)
Read More
သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း တပ်စခန်းကို မန္တလေး PDF အပြီးသတ် ထပ်မံသိမ်းပိုက်

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း တပ်စခန်းကို မန္တလေး PDF အပြီးသတ် ထပ်မံသိမ်းပိုက်

RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဇရပ်ကွင်း တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက ဩဂုတ်လ ၁၁ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း (၉) ခုအထိ သိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။   ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သပိတ်ကျင်းမြို့နယ်အတွင်း သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်းများမှာ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း၊ ဖက်ရှည်ရွာ တပ်စခန်းနှင့် ဇရပ်ကွင်းတပ်စခန်းတို့ကို ဖြစ်သည်။ (more…)
Read More
သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

RNA_ဩဂုတ်(၁၀)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲဘော်များက ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။   သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲဘော်များ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်းများမှာ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။   #RedNewsAgency
Read More